“လွှတ်တော့ လွတ်”

“လွှတ်တော့ လွတ်”

 

 

“   အမေ… ကြည့်လက်စ ကိုရီးယား ကားအဆက်မဝယ်သေးဘူးလား

ဇာတ်ရှိန်မြင့်နေပြီ”

“   ဝယ်မရသေးဘူး ဟဲ့ နှင့်ပထွေးတွေက ဖမ်းသွားတာ အရင်းပြုတ်လို့ တဲ့ ဈေးမထွက်နိုင်သေးဘူး”

“   အန်းမကြီး တို့တောင့်ကြည့်ပြီးနေပြီတဲ့”

“   ဟဲ့ ငါတို့က လမ်းဘေး ဗန်းနဲ့ရောင်းတဲ့ ဆိုင်က ဝယ်ရတာဟဲ့ ။

သူတို့က မြို့်လယ်ခေါင်မှာဖွင့်တဲ့ တိုက်ကြီးတွေကနေဝယ်တာ ”

“   ဟင် ဘာကွာလို့လဲ”

“  အ ချက်အေ  ခိုးကူးခွေဖမ်းရင် ဈေးထဲမှာဗန်းနဲ့ရောင်းတဲ့ဆို်င်တို့

ရပ်ကွက်ထဲ ရောင်းတဲ့ ပါချီပါချက်ဆိုတွေဘဲ အရင်မိတာအေ့”

“   ဒါဆို တိုက်ကြီးတွေနဲ့ဆိုင်းဘုတ်တပ်ဖွင့်နေတာတွေက တရားဝင်ဖွင့်ခွင့်ရထားတာပေါ့”

“   ဖမ်းမယ်ဆိုရင် အဲဒီတိုက်တွေက ဆိုင်ပိတ်ပြီးသားဘဲ

ဒီလိုပါဘဲအေ လွှတ်ထားတဲ့သူများကတော့ လွတ်တာပေါ့နော် “

 

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

17-7-2013

 

12 comments

  • Mr. MarGa

    July 18, 2013 at 1:12 pm

    လွှတ်ထားတာကိုး ဗျ
    လွတ်မှာပေါ့ 😆

    Reply

  • အလင်း ဆက်

    July 18, 2013 at 2:58 pm

    မူရင်း ခွေ ကျတော့လည်းးး ဈေးက မ တန် တဆ ကြီးနေတာ

    ဈေးသက်သက်သာသာနဲ ့ဝယ်ကြည့်လို ့ရတဲ့ လမ်းဘေးဆိုငင်လေးတွေကျတော့လည်း ဖမ်းးးး

    ကျွန်တော်တော့
    အရည်အသွေး ညံ့တာ နောက်ထားး
    အဲဒီ ခိုးကူး အ ခွေရောင်းသူတွေ ရှိမှ ဝယ်ကြည့်နိုင်လို ့

    . . . . . . .

    Reply

  • ခင် ခ

    July 18, 2013 at 3:14 pm

    တစ်ဝမ်းတစ်ခါး ရှာဖွေစားရတာလဲရှိသလို မှီခိုနေသူ ဝမ်းများစွာအတွက် ရှာဖွေစားသောက်နေကြရတဲ့ ဟိုဟာလေးရောင်းရင်ကိုက်မလား ဒီဟာလေးလုပ်စားရင် အဆင်ပြေကောင်းပါရဲ့ဆိုတဲ့ ပျံကျလက်လုပ်လက်စား ဈေးသည်တွေကို ခု ဖွင့်ဖွင့် ဖွင့် ခု မဖွင့်စေနဲ့ ဖမ်းဖမ်း ဖမ်း ဆိုပြီ လုပ်နေတာ ကျွန်တော်တစ်သက် မဆလ နဝတ လက်ရှိအစိုး စတဲ့ အစိုးရ (၃)လက်ပြောင်းနေသည့်တိုင် မပြောင်းမလဲ ရှိနေစဲ အမူအကျင့်လို့တောင် လက်ခံထားရမလိုပါဘဲ။ ဖမ်းချဟေ့ဆိုရင် ရဲဘဲဖြစ်ဖြစ် ဘာအဖွဲအစည်း ဘဲဖြစ်ဖြစ် အဲဒီလိုအောက်ခြေ ပါမွှားလေးတွေဘဲ ဖမ်းကြတာပါ၊ တကယ်လက်ဝါးကြီးအုပ်လုပ်နေတဲ့ သူကိုသိလည်း ဖမ်းခဲ့တာမျိုးမရှိတဲ့အပြင် အထင်ကရမြို့တွေမှာတောင် အိမ်ကြီးအိမ်ကောင်း အဆောင်အယောင်တွေ နဲ့နေခွင့်ရစေစဲပါဘဲဗျာ။ အဲဒါဘာကြောင့်လဲဆိုရင် ခရက်တစ်ဒူး ကိုဆာမိ လို့ပြောပြီး သူ့ပိုစ့်ထဲက စာသားကို ပြန်ကောက်ရမယ်ထင်တယ် “အချစ်ကပြောတယ် ဟုတ်ဂဲ့ ဝုတ်ဂဲ့´´။

    Reply

  • Ma Ei

    July 18, 2013 at 4:37 pm

    လွှတ်ထားတာတော့
    မဟုတ်တန်ရာပါဘူး…
    မဖမ်းရဲတာဖြစ်မှာပါ…
    😆

    Reply

  • ကျနော်စိတ်ထဲရှိတာနဲ့ တစ်ထပ်ထဲ ကျတဲ့ ကိုခ ကို အကြိုက်ဆုံးရွေးလိုက်တာ မလွန်ပါဘူးနော်

    Reply

  • naywoon ni

    July 18, 2013 at 6:27 pm

    အစစ်လုပ်တော့ (တစ်ကယ့်အမှန်အကန်လုပ်တော့ ) ဘယ်သူက ပိုက်ဆံတန်ရာတန်ကြေးပေးပြီးသုံးလို့လဲ ဒီတော့ တန်ရာတန်ရာပဲရမှာပေါ့

    Reply

  • မောင် ပေ

    July 19, 2013 at 6:53 pm

    သေးသေးလေးပဲလား
    ကြီးကြီးလား
    ဆိုတဲ့ ရပ်ပ်သီချင်းစာသားလေးကို သတိရမိသွားတယ်ဗျာ
    ဗိုက်ဆာလို ့ပါ

    Reply

  • uncle gyi

    July 19, 2013 at 11:29 pm

    ဟိတ် ကိုယ့်ဖာသာတိုက်ပေါ်ရောင်းတာဘာဖြစ်သလဲ
    တို့မီးရှို့မီးတော့လာမလုပ်နဲ့
    မပိုင်ရင်ခြင်တောင်မရိုက်ဖူးကွ

    Reply

  • ပိုင်သူက တိုက်တစ်လုံးပြီးတစ်လုံးဆောက်
    မပိုင်သူကတော့ အရင်းပြုတ်ပြီးရင်းပြုတ်
    ဟုတ်နေတာဘဲအေ့

    Reply

  • ကိုရင်စည်သူ

    July 21, 2013 at 1:13 pm

    သမိုင်းတလျှောက် ကျင့်သားရနေတဲ့ အကျင့်ဆိုးတွေ
    ဖျောက်ဖို့ခက်သည် ပျောက်အောင် ဝိုင်းမလုပ်ကျ.. 🙁

    Reply

Leave a Reply

Your email address will not be published.