အာဇာနည်

htet wayJuly 15, 20131min03

အာဇာနည်

မှန်ကန်မူ သစ္စာတရားနဲ့

ကိုယ်ကျိုး စွန့် အနစ်နာခံသူတွေ

မြို့တစ်မြို့လုံး ဖုံးလွှမ်းသွားအောင် ဥဩသံတွေ မည်ဟီးလိုက်စမ်းပါ

ဟိုမှာ တိုင်တစ်ဝက်လွှင့်တင်ထားတဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံတော်

ငါတို့ရဲ့ အမြတ်တနိုး သော့ခတ်ထားတဲ့ နေ့ရက် ဇူလှိုင် ၁၉

ငါတို့ရဲ့ ကယ်တင်ခြင်း တေးသွားရဲ့ချိုမြိန်မူ ဇူလှိုင် ၁၉

ငါတို့ရဲ့ ရနံ့အမွှေးဆုံး ပန်းတွေ ကြွေတဲ့ ဇူလှိုင် ၁၉

ဟော့ဒီမှာ ငါတို့ရဲ့ မွတ်သိပ်တဲ့ အလွမ်းတွေ

ဟော့ဒီမှာ ငါတို့ရဲ့ ဝမ်းနည်းခြင်း မျက်ရည်တွေ

ဟော့ဒီမှာ ငါတို့ရဲ့ သံပြိုင်သီဆိုလိုက်တဲ့ ကွဲကြေနေတဲ့ အသံ

ဇူလှိုင် ၁၉

အနစ်နာခံခြင်းရဲ့ အခြား အမည်…..အာဇာနည်တဲ့

အရိုင်းအစိုင်းတွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ကျေးဇူးရှင်တွေ

ကျွနပ်တို့ ရှိုက်သံဂီတ မှာနိုးထပါလော့

အို..၈၈မှာကျဆုံးခဲ့ရတဲ့ ငါ့ညီမလေး

ငါတို့ရဲ့ အောက်မေ့ဖွယ်နေ့မှာ မင်းဝိဉာည်နဲ့ အလံတစ်ဝက်လွှင့်ထူပေးပါ

အို ..ယုံကြည်ချက်အတွက် ကောင်းကင် မမြင်ရတဲ့ ညီလေးရေ

မင်း လိပ်ပြာနဲ့ လာပြီး ဥဩဆွဲပေးပါ

ဒါဟာ…လွမ်းဆွတ်မူ အတွက်နေ့ရက် ဖြစ်တယ်

ဒါဟာ..ကျေးဇူးတရားအတွက် တုန့်ပြန်မူ ဖြစ်တယ်

အို.. အမိမြန်မာပြည်

သင့်နှလုံး အိမ်မှာ ငါတို့ရဲ့ အလွမ်းတွေနဲ့ မျက်ရည်တွေသာ

တသွင်သွင် စီးစေလော့……….။

3 comments

  • အလင်း ဆက်

    July 15, 2013 at 9:26 pm

    အာဇာနည်နေ ့ကို…
    ခမ်းခမ်းနားနား..အသိအမှတ်ကြိုဆိုဖို ့…
    ကဗျာ အားအင်တွေနဲ ့…
    ဖန်တီး ပြသ ကြစို ့…ပေါ့နော်…

    Reply

  • kyeemite

    July 16, 2013 at 10:48 am

    အာဇာနည်နေ ့ကို…ရောက်ရင်
    အာဇာနည်ကုန်းသွားအလေးပြုရုံလောက်နဲ့
    ကျုပ်တို့နေနေမယ်..ဗိုလ်ချုပ်မိန့်မှာခဲ့ဖူးတဲ့
    စကားတွေတော့အလေးထားမလိုက်နာကြဘူးဆိုရင်လည်း အလကားပါပဲ..
    ဗိုလ်ချုပ်တို့မရှိတဲ့နောက် တိုင်းရင်းသားတွေကြားမှာ ကွဲလိုက်ကြတဲ့အကွဲ
    ပြဲလိုက်ကြတဲ့အပြဲ…ယနေ့ထိစေ့မရသေး..
    အစိုးရအဆက်ဆက်ကလည်း တိုင်းရင်းသားတွေ ယုံကြည်အောင်လုပ်မပြနိုင်..
    အို..ဘယ့် အမိမြေ

    Reply

  • ဦးကြောင်ကြီး

    July 17, 2013 at 8:58 am

    အာဇာနည်
    ချာပါတီ
    ဆာလာပီ
    ရွာသာဆီ
    ပျာယာချီ
    အာသာဂွီ
    ဒါဘာညီ
    ဝါတာနီ..

    Reply

Leave a Reply to အလင်း ဆက် Cancel Reply

Your email address will not be published.