တရုတ်နိုင်ငံက ကာဗွန်ထုတ်လွှတ်မှုများသော စီးပွားရေးလုပ်ငန်းများအား ထိန်းချုပ်လာနိုင်ခြင်း

Mr WorldWideJune 26, 20131min03

ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှုအများဆုံးဖြစ်သော တရုတ်နိုင်ငံသည် ကာဗွန်ထုတ်လွှတ်မှုဆိုင်ရာလုပ်ငန်းများကို ထိန်းချုပ်ရမည့် လုပ်ငန်းများအဖြစ် သတ်မှတ်သည့်စီမံချက်ကို Shenzhen တွင် ပထမဆုံးအနေဖြင့် ရေးဆွဲခဲ့ပါသည်။ ၂၀၁၄ ခုနှစ်အထိ ပြည်နယ် ရ ခုတွင် စမ်းသပ်လုပ်ကိုင်မည့် ၎င်းစီမံချက်ကို ၂၀၁၅ ခုနှစ်အကုန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ပေကျင်းအစိုုးရအနေဖြင့် ၂၀၀၅ ခုနှစ်မှ ၂၀၂ဝ ခုနှစ်အတွင်း ပြည်တွင်းရှိ စက်မှုလုပ်ငန်းများမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၄ဝ မှ ၄၅ ရာခိုင်နှုန်းအထိ လျော့ချနိုင်ရေး မျော်မှန်းထားပေသည်။

 

carb

ယခုအခါ အစိုးရအနေဖြင့်လည်း မြို့တော်အတွင်း လေထုညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ ဖိအားများနှင့် ရင်ဆိုင်နေရလျက်ရှိပြီး ကာဗွန်ထုတ်လွှတ်မှု လျော့ချရေးစီမံချက်သည် ကုမ္ပဏီများကို ၎င်းတို့၏လုပ်ငန်းများမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုပမာဏအား အဆင့်လိုက်လျော့ချသွားစေရန် တွန်းအားပေးထားခြင်းဖြစ်သည်။ ကုမ္ပဏီများအား ကာဗွန်ထုတ်လွှတ်မှုပမာဏ ၁ နှစ်လျင် ၁ တန်အထိခွင့်ပြုထားပြီး တစ်ဦးချင်းလိုအပ်ချက်အရ ၎င်းတို့အချင်းချင်း ရောင်းဝယ်မှုကိုလည်း ခွင့်ပြုပေးထားသည်။   လက်ရှိအချိန်၌ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ထိန်းချုပ်ရေးဆိုင်ရာရုံးအား  Shenzhen တွင် ဖွင့်လှစ်ထားကာ စက်ရုံပေါင်း ၆၃၅ ရုံနှင့် ဆောက်လုပ်ရေးကုမ္ပဏီများပါဝင်လျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိန်းချုပ်ရေးရုံးအနေဖြင့် ပို့ဆောင်ရေးကုမ္ပဏီများအပြင် ဆီ၊ ဓာတ်ငွေ့၊ ကျောက်မီးသွေး နှင့် လျပ်စစ်စွမ်းအင်ကုမ္ပဏီများ ပါဝင်လာရန် မျော်လင့်ထားကြောင်း သိရှိရပေသည်။                 တရုတ်နိုင်ငံအနေဖြင့် ယခုစမ်းသပ်ထိန်းချုပ်မှုအား  Shenzhen အပြင် မြို့ကြီးများဖြစ်ကြသည့် ဘေဂျင်း၊ ရှန်ဟိုင်း၊ တန်ကျင်း၊ ချွန်ကွင်းနှင့် လက်အောက်ခံပြည်နယ်များဖြစ်ကြသည့် ဟူဘိုင်ပြည်နယ်နှင့် ဂန်ဒေါင်း ပြည်နယ်တို့တွင်ပါ စမ်းသပ်ဆောင်ရွက်လျက်ရှိသည်။ Shenzhen  ပြည်နယ်အစိုးရကလည်း ပတ်ဝန်းကျင် ဆိုင်ရာပြဿနာများအတွက် တိုင်းတာချက် ၁ဝ ခုပါ စာတမ်းအားမှီငြမ်း၍ ကာဗွန်ထုတ်လွှတ်မှု ထိန်းချုပ်ရေးဆိုင်ရာ ရည်မှန်းချက်များကို ကြေငြာခဲ့ပေသည်။

၎င်းတို့မှာ –
•    သံမဏိ၊ ဘိလပ်မြေ၊ အလူမီနီယံနှင့် မှန်များထုတ်လုပ်သောလုပ်ငန်းများကဲ့သို့ စွမ်းအင်သုံးစွဲမှုများပြားသောစက်ရုံများ များပြားလာမှုကို ထိန်းချုပ်ရန်၊
•    အဆင့်အတန်းမမီသော စက်ရုံအသစ်များတည်ဆောက်ခွင့် တောင်းဆိုမှုကို ငြင်းပယ်ရန်နှင့်
•    ယခုလက်ရှိ အသုံးပြုလျက်ရှိသော ဒဏ်ငွေတပ်ခြင်းပြစ်ဒဏ်များကို တိုးမြှင့်ဆောင်ရွက်သွားရန်
တို့ ဖြစ်ကြပါသည်။

Source:http://www.bbc.co.uk/

 

3 comments

  • မင်းမင်း

    June 26, 2013 at 9:36 am

    ဖတ်သွားပါတယ် ဗျာ။

    Reply

  • uncle gyi

    June 26, 2013 at 11:18 pm

    မြန်မာမှာလည်းတိုးလာမယ့်စက်ရုံတွေကို
    အဆင့်မမှီရင်လုံးဝမလုပ်တာကောင်းပါတယ်ဗျာ

    Reply

Leave a Reply to uncle gyi Cancel Reply

Your email address will not be published.