အချစ်ရူးတစ်ယောက်ရဲ့ မာန

SawAungJune 22, 20131min08

ရူးသွပ်စွာ ငါတမ်းတ မိပါရဲ့

…… အမှောင်ထဲမှာ ကျရှုံးနေသူတစ်ယောက်မို့

မင်းငါ့အရှုံးကို ဘယ်တော့မှမြင်မှာမဟုတ်သလို

ငါကလည်း ထုတ်ပြဖို့ဝန်လေးသူတစ်ယောက်

………….

ဒီမှာ…

လွမ်းစရာကို နာစရာနဲ့မနှစ်သိမ့်တတ်ဘူး…

လွမ်းဖို့ကို ငါ့မာနက တားဆီးထားလို့…..။

 

တစ်ခါတစ်ခါ…. မဲ့ပြုံးတောင်ပြုံးမိတတ်နေပြီ

မင်းခြေထောက်အောက်ရောက်နေတဲ့

ငါ့မာနကို ဖွဟဲ့လို့ ဆွဲထူရင်း

ငါ့နှလုံးသားထဲ ပြန်သိမ်းထားလိုက်တော့မယ်

 

နိုင်ချင်ပေမယ့် ရှုံးနေတဲ့ဘဝတစ်ခုကို

မင်းလှောင်မရယ်နဲ့

ပဲ့တင့်သံဆိုတာ ကိုယ့်ဆီပြန်လာတတ်တာ သဘာဝတဲ့

 

တုံ့ပြန်မှုသဘောတရား မင်းမသိရင်

နယူတန်က မင်းကိုလှောင်ရယ်လိမ့်မယ်

တစ်ခါတစ်ရံတော့ အချစ်တွေဟာ အမုန်းကိုပြောင်းလဲသွားနိုင်သေးတာပဲ

 

ဒါပေမယ့် မင်းကိုငါမမုန်းသေးဘူး

နာကျင်တဲ့အချစ်တစ်စုံ ဆုပ်ကိုင်ထားတုန်းမှာ

မင်းဝမ်းပန်းတသာ လှောင်ရယ်လိုက်ပါ

အစကတည်းက ရှုံးပြီးသားမို့

………………………….

……………………………

ငါ့မာနလေး ငါပြန်ကောက်ယူရင်း

 

နောက်ဆုံးအချိန် စကားတစ်ခွန်းပြောချင်တယ်

………………….

“လူတစ်ယောက်ကို အရမ်းမချစ်မိစေနဲ့”

 

 

………………

 

အောင်မိုးသူ

8 comments

  • မင်းမင်း

    June 22, 2013 at 9:58 am

    အရမ်းတွေက
    အရမ်း မကောင်းဘူးကွဲ့။

    Reply

    • aung moethu

      June 22, 2013 at 10:01 am

      အလွန်အကျွံပေါ့ဗျာ

      Reply

  • အလင်း ဆက်

    June 22, 2013 at 10:12 am

    လူတစ်ယောက်ကို အရမ်း ချစ် မိ နေပြီလားးးးမသိ

    အင်းးး
    အချစ်ဆိုတာ ဘာ လဲ လို ့သိ ဖို ့အရင် ကြိုးစား ရဦးမယ်ဗျာာာ

    ကဗျာလေး ကို နှစ်သက် မိပါတယ် ။
    မပြော မဖြစ် ပြော ရဦးမယ်

    ကို အောင် မိုး သူ ဆီ က ချီးမြှင့် ပေးပို ့လာမယ့်
    ကဗျာ ကို
    ကဗျာပြခန်းက မျှော်လင့် နေပါတယ် လို ့
    🙂

    Reply

    • aung moethu

      June 22, 2013 at 10:57 am

      ဘယ်လိုပို့ပေးရမှာလဲဗျ။ ပေးရမှာပေါ့ (ချီးမြှင့်တယ်ဆိုတာမြင့်လွန်းပါတယ်)။

      Reply

      • အလင်း ဆက်

        June 22, 2013 at 5:42 pm

        ဟုတ် ကဲ့ ကို အောင် မိုး သူ ရေ

        ကဗျာပြခန်း အတွက် ကဗျာ များ ပေးပို ့ချင် ရင်
        alinsett.art@gmail.com
        ကို ပေး ပို ့နိုင် ပါ တယ် ခည

        Reply

  • ညလေး

    June 22, 2013 at 4:10 pm

    လူတစ်ယောက်ကို အရမ်း မချစ်မိစေနဲ့
    နင် ့ငါ့လို နာကျင် ခံစားရမှာ စိုးရိမ် လို့ပါ ့
    ဒီသ ဘောကိုပြော တာလားးးး
    ဖတ်ရှု ခံစားသွားပါဂျောင်းးးးး

    Reply

    • aung moethu

      June 22, 2013 at 4:32 pm

      အရမ်းချစ်မိရင်တော့ ပိုခံစားရတယ်လေ။

      Reply

  • ဟ .. ဟ .. ဠကြီး .. အ .. :mrgreen:
    ဖွဲ့လှချည်လားဗျ ….
    ဒီနေရာကိုတော့ ခိုက်တယ်ဗျာ …

    “…..
    မင်းခြေထောက်အောက်ရောက်နေတဲ့
    ငါ့မာနကို ဖွဟဲ့လို့ ဆွဲထူရင်း
    ငါ့နှလုံးသားထဲ ပြန်သိမ်းထားလိုက်တော့မယ်
    …..”

    Reply

Leave a Reply to အလင်း ဆက် Cancel Reply

Your email address will not be published.