ဘဝဆိုတာ ၄ / ၂၀၀၈

အာဂJune 20, 20131min03

သစ်ပင်တစ်ပင်အတွက်
အသီးမသီးတာ ဘဝ ဆိုးခဲ့ပါသလား…။

ပန်းတစ်ပွင့် မှာ ရနံ့မရှိရင် သိမ်ငယ် နေခဲ့မလား။
ကြယ်မရှိတဲ့ ညဟာ သာယာပါ့မလား။
ချစ်သူမရှိတဲ့လူဟာ ဆိုပြေပါ့မလား။
လွတ်လပ်မှု မရှိတဲ့ တိုင်းပြည်ဖွံ့ဖြိုးပါ့မလား။
အမေမရှိတဲ့ ခလေး နို့ဝပါ့မလား။

မိတ်ဆွေ
ငွေ မရှိတဲ့ ဘဝဆိုတာ
လူသားတစ်ယောက်အတွက်
အကြိမ်ကြိမ် သေဆုံးပြီးသားသစ်ပင်လို
အကြိမ်ကြိမ် သီးပွင့်ဖို့ မဖြစ်နိုင်ဘူး။
ကျွန်တော်လည်း ငွေကြေး ကိစ္စအတွက်နဲ့
ဘဝ မှာ အကြိမ်ကြိမ် သေဆုံးဖို့အသင့်ပါပဲ…။

3 comments

  • အရီးခင်လတ်

    June 20, 2013 at 7:19 pm

    ဂဂ ရေ
    ဘဝ စီးရီး တွေ ကိုအားပေးနေပါတယ်။

    အသီးမသီး ပေမဲ့ အရိပ်မိုး ပေးနိုင်တဲ့ သစ်ပင်
    ရနံ့မရှိပေမဲ့ အလှပေးနိုင်တဲ့ ပန်း
    ကြယ်မရှိပေမဲ့ မီးရောင်တွေ နဲ့ည
    ချစ်သူမရှိပေမဲ့ မုန်းသူမရှိတဲ့လူ
    အမေမရှိပေမဲ့ နို့ဗူးစို့နေနိုင် တဲ့ ကလေး။

    ဆင်ခြေတွေ ပေးနိုင်ပါရဲ့။

    ဒါပေမဲ့
    မင်းပြောတဲ့
    လွတ်လပ်မှု မရှိတဲ့ တိုင်းပြည်ဖွံ့ဖြိုးပါ့မလား။
    ဆိုတာ အတွက် ဆင်ခြေမရှိ။
    😥

    Reply

  • TNA

    June 20, 2013 at 7:50 pm

    ၄/၂၀၀၈ ဆိုဒါဘာလဲဟင်။

    ကျွန်တော်လည်း ငွေကြေး ကိစ္စအတွက်နဲ့
    ဘဝ မှာ အကြိမ်ကြိမ် သေဆုံးဖို့အသင့်ပါပဲ…။

    အင်း ဂဂရေ ညီးတယောက်ထဲမဟုတ်ဘူးဆိုတာလေးရယ် အဖေါ်ရှိပါဒယ်ဆိုတာလေးရယ် အားမငယ်ပါနဲ့ဆို တာလေးရယ်။

    Reply

  • အလင်း ဆက်

    June 20, 2013 at 9:16 pm

    ကြယ် မရှိတဲ ့ ညတွေ…
    ကိုယ် ့ ဘဝမှာ..
    အများကြီး..ရှိတယ်ကွယ်…။

    အမှောာင်လမ်းထဲမှာ….
    စမ်းတဝါးဝါးးးးး
    မျက်လုံးကို ဘယ်သူမှ မမြင်နိုင်တဲ့ အတွက်တော့…
    တမျိုးကောင်းပါတယ်လေ….

    Reply

Leave a Reply to အလင်း ဆက် Cancel Reply

Your email address will not be published.