စည်းကမ်း ရှိဘို့လိုနေတယ်

same kyawJune 13, 20131min015

 ဆောင်းပါးရှင် တိမ်မည်း ရဲ့ မြန်မာလူမျိုး တွေ ဘာကြောင့်မချမ်းသာ ကြတာလဲ ဆို တာ ကို စာရေးသူက တရားသဘောနဲ့ ပြောပြသွားတယ်။

ကျမ ကသာမာန် လူသားအမြင်နဲ့ဘဲ ကြည့်ပြီး ပြောပါမယ်။

ဗုဒ္ဒဘာသာ အမြင်ဆို အရင်ဘဝ က ကုသိုလ်ကောင်းခဲ့ တော့ ခုဘဝမှာ ချမ်းသာပြီး ပြီးပြည့်စုံတဲ့ ဘဝကိုပိုင်ဆိုင်တယ် ဆို တာ ကျမဘဝနဲ့ ယဉ်ပြီး လက်ခံပါတယ်(အမြင်မတူ ကွဲပြားနိုင်ပါတယ်)

ကျမ မလေးရှားကို ရောက် တဲ့ နှစ်တွေ တုံး က အထိုက်အလျှောက်ဝင်ငွေ ကောင်းခဲ့ပါတယ်။ဝယ်မယ်ဆိုရင် တောင်ဒဂုံ မြောက်ဒဂုံတို့ မှာ ခြံတွေ အများကြီးဝယ်ထားနိုင်ပါတယ်။မကြာခဏ ဝယ်ဘို့လဲကြိုးစားခဲ့ပါတယ်။အကြောင်းအမျိုးမျိုးဖျက်လို့ပျက်သွားခဲ့ တာကြီးဘဲ။ ခုဆို မကပ်နို်င်တော့ပါဘူး။

ဒါပေမဲ့ ယနေမဝယ်နိုင်တော့ပါဘူး၊အဲ့ဒါကို ရှေးက ကံနည်းလို့ လို့ပြောမလား၊ကဲ ဒါတွေထားလိုက်ပါတော့ ခုတရုတ်တွေ ဘာကြောင့် ချမ်းသာတာလဲ—

နေရာအနှံ နိုင်ငံအနှံ့ ကြည့်ရင် စီးပွားရေးမှာ ထိ်ပ်ဆုံးရောက်နေတာ တရုတ်တွေ ဘဲ။မလေးမှာ လည်းစက်ရုံသူဌေးဆို ၉၈% က တရုတ်တွေပိုင်ပါတယ်။

ကျမသာမာန်လူအနေနဲ့ အမြင်ကိုပြောပါမယ်။တရုတ်တွေ ဟာ -၁-စည်းကမ်းအရမ်းရှိပါတယ်။(ကပ်စေးမနဲပါ။သူတို့အကျိုးရှိမယ်ထင်ပါက ပေးသင့်သူကိုရက်ရက်ရောရောပေးပါတယ်)

-၂-ဝီရိယအရမ်းရှိပါတယ်။(ကျမ တို့နေတဲ့မြို့မှာနေတဲ့ တရုတ်တွေ ဆို ည၁၂နာရီထိ ကို မအိပ်ဘဲလုပ်ပြီး မိုးမလင်းသေးဘူးသူတို့နို်ုးနေဘီး)

-၃-အသက်အရွယ်မရွေးဘူး အလုပ်အရမ်းလုပ်ပါတယ်။(ကလေးများက အစ သူ့အရွယ်အလိုက်နိုင်သလိုလုပ်ရပါတယ်)

-၄-ဥဏ် စီးပွါးရေးလုပ်တဲ့ အမြင်သိပ် ကျယ်ပါတယ်။ဘယ်နေရာမဆို စီးပါွးတွက် တွက်တတ်ပါတယ်။

ဘယ်နေရာမဆို အရမ်းကျိုးစားတယ်။ပညာရေးဘက်ကိုကြည့်အုံးမလား။ဖဲ မရိုက်ဘူး၊အရက်လောင်းကစားအပျော်အပါးကင်းတာများပါတယ်။(ရာနှုန်ုးနည်းနည်းဘဲ စုံးပြူပါတယ်)

 မြန်မာအများစု ကိုကြည့်ကြပါ။အရက် ဖဲ၊လောင်းကစား၊ကွမ်း၊ဆေးလိပ်၊မိန်းမ၊တခုခုနဲ့ လွတ်တဲ့ သူက ၁%တောင်ရှိကြရဲ့လား။အထူး သဖြင့် မလေးမှာ ပင်ပန်းတကြီး ရှာဖွေထားတဲ့ ငွေ တွေ ကို အရက် နဲ့ လဲပစ် လို်က်ကြပြီး မြန်မာပြည်ပြန်ရောက်ရင် အရက်သမားလုံးလုံးကြီးဖြစ်သွားကြရတယ်။(ကိုယ့်အမျိုးထဲက တော်တော်များများဖြစ်သွား ကြတာမြင်နေလို့)

မလေးရှား လာတဲ့ အဓိက ကိုခွဲခြားတတ်ဘို့လိုပါတယ်။

အဓိက ကတော့ မြန်မာတွေ စည်းကမ်းရှိဘို့လိုနေတယ်။

ကျမ အကြိုက်ဆုံး က သူတိုတရုတ်တွေ ဘာလုပ်လုပ် သေသေသပ်သပ်လုပ်တတ်တာဘဲ။

ကျမ မကြိုက်ဆုံးကတော့ တရုတ်တွေဟာ ပိုက်ဆံ ရမယ်ဆို  ဘာမဆို မလုပ်သင့်တာ တွေလုပ်တာဘဲ တဘက် လူအန္ဒရာယ်ရှိတာတွေ မစဉ်းစားဘဲ ယုတ်ယုတ်မာမာလုပ်တတ်တာ ဘဲ(တရုတ်အာလုံးကိုမဆိုလိုပါ)။ကိုယ်တွေ့ကြုံတာ နဲ့ရေးတာပါ။အမှားပါရင်ခွင့်လွှတ်ပါ။

15 comments

  • Mon Kit

    June 13, 2013 at 1:47 pm

    ပို့စ် ပိုင်ရှင်ရေ..
    အင်း … အချက် ငါးချက်လုံး ထောက်ခံချင်မိပါတယ်..
    ဘာကြောင့်လဲဆိုတော့ သဌေးကလဲ တရုတ်.. အမျိုးသား ကလဲ တရုတ် လူမျိုး (မြန်မာပြည်ပေါက်တွေ) ဖြစ်နေလို့ နည်းနည်း နီးစပ်တယ် ထင်လို့ပါ…
    :hee:

  • kyeemite

    June 13, 2013 at 2:17 pm

    ကွန်မန့်လေးတွေပေးရင်းနဲ့ သချာင်္တောင်တော်တော်ကျွမ်းလာပြီ
    ခုနေ သူငယ်တန်းပြန်ဖြေရင်..သချာင်္ဂုဏ်ထူး ကျိန်းသေပဲ.. 😆

  • မင်းမင်း

    June 13, 2013 at 2:37 pm

    ဤပို့စ်ကိုသဘောတူပါသည်။

    ကောင်းတာကိုယူပြီး

    မကောင်းတာကို ပါယ်၍

    ယူသင့်ပါသည်။

  • same kyaw

    June 13, 2013 at 3:19 pm

    ကိုယ့်အတွေ့အကြုံနဲ့
    အမြင်ကို ရေးတာပါ။သဘောထားကွဲလွဲနို်င်ပါတယ်။ဟုတ်ပါရဲ့ သူငယ်တန်းမှာ ဂုဏ်ထူးရနိုင်တယ်။

  • kai

    June 13, 2013 at 4:26 pm

    အတွေးအခေါ်တို့ရဲ့…အထွတ်အထိပ်ဟာ… ဘာသာရေးဖြစ်ပါတယ်..
    အဲဒီမှာ.. အဖြေရှာရလိမ့်မယ်…။

  • Foreign Resident

    June 13, 2013 at 4:50 pm

    ” ၂ – ဝီရိယ အရမ်း ရှိပါတယ် ။ ”
    ” ၃ – အသက်အရွယ် မရွေးဘူး အလုပ်အရမ်းလုပ်ပါတယ် ။ ”

    အင်းးး ၊ သူပြောမှဘဲ ၊ ကိုယ့်ဖာသာကိုယ် တရုတ်သွေးပါတာ ၊
    သေချာအောင် ပြန်စစ်ရမလို / အဘ အမေကို ပြန်မေးရမလို ဖြစ်နေပြီ ။

    ( အဘ က ငယ်ငယ် ကတည်းက ၊ ဝီရိယ အားနည်းတယ်ကွယ့် ၊ ဟီ ဟိ )
    ( အဲ ၊ ကိုယ် စိတ်ပါတာလေးဆိုရင်တော့ မပြီးမချင်း သေသေသပ်သပ် လုပ်ပါတယ် )
    ( ဟီ ဟိ ၊ ဘာ စိတ်ပါ သလဲဆိုတာကတော့ ၊ သတ်ချင်သတ်ပလိုက် ၊ မပြောဘူး )

    ” အရက်လောင်းကစားအပျော်အပါးကင်းတာများပါတယ်။( ရာနှုန်ုးနည်းနည်းဘဲ စုံးပြူပါတယ် ) ”

    အောက်ကို ဆက်ဖတ်လာမှပဲ ကိုယ့်ဘာသာကိုယ် ရိပ်မိပါတော့တယ် ။
    အဘ က တရုတ် ထဲမှာ စုန်းပြူး ဖြစ်နေတာကိုး ။

    ဟဲ ဟဲ ၊ နောက်တာပါကွယ် ။
    အကြမ်းဖျင်း ၊ တရုတ် က မြန်မာ ထက် သာတယ်လို့ ၊ ယူဆလို့ ရပါတယ်ကွယ် ။
    သာလို့ပဲ ၊ မြန်မာ ပြည်မှာ တရုတ်တွေ ပညာတတ်တွေ သူဋ္ဌေးတွေ ဖြစ်နေတာပေါ့ ။

    အဓိက အရေးကြီးတာလေးတွေ ထောက်ပြမယ်နော် ။

    ၁ ။ တရုတ် ရဲ့ အားနည်းချက် က လောင်းကစား ။
    ၂ ။ မြန်မာ ရဲ့ အားနည်းချက် က မနာလို ဝန်တိုစိတ် ။

    ၃ ။ တရုတ်ရဲ့ အားသာချက် က ငွေ တစ်ခုထဲနောက် စူးစူးစိုက်စိုက် လိုက်တတ်တာ ။
    ၄ ။ မြန်မာ ရဲ့ အားသာချက် က လောကဒါဏ် ကို သင့်တင့်အောင် နှလုံးသွင်းတတ်တာ ။

    တကယ့် တကယ်ကတော့ ၊ ဒီ ကိစ္စက Genes ဗီဇ / သွေး ဆိုတာထက် ၊
    ပါတ်ဝန်းကျင် Family / Community Training က ပိုအရေးပါတယ် ထင်ပါတယ်ကွယ် ။

    ငယ်စဉ် ကလေးဘဝ ကတည်းက တောက်လျောက် ၊
    နေ့တဓူဝ မိသားစု အသိုင်းအဝိုင်းမှာ မြင်နေ ကြားနေရတော့လည်း ၊
    အယူအဆ လုပ်ပုံ ကိုင်ပုံတွေက တစ်သက်လုံး စွဲသွားတာကိုး ။

  • same kyaw

    June 13, 2013 at 5:02 pm

    တရုတ်တွေရဲ့အားသာချက် ကအသက်အရွယ် မရွေး အလုပ် ကို သပ်သပ်ရပ်ရပ် နဲ့ကြိုးစားလုပ်တတ်တယ်။စည်းကမ်းရှိတယ်။တရုတ်တိုင်းအဲ့လိုဘဲ ။သူကြီးပြောသလိုပေါ့ ဘုရားဟော အတိုင်း လောကဒဏ် ကို သီးခံပြီးနေတတ်တယ်လေ။

  • Foreign Resident

    June 13, 2013 at 5:37 pm

    မ same kyaw ရေ ။
    လက်ရှိရော မလေးရှားမှာပဲ ထင်တယ် ။
    မလေးရှား တကယ့် အခြေအနေလေး နဲနဲ ရေး / ပြောပေးပါလား ဗျ ။

  • same kyaw

    June 13, 2013 at 6:24 pm

    ဗမာစကား ရှိတယ်။စကားနောက်တရားပါဆိုတာပေါ့။တကယ်ဖြစ်တယ်ဆိုပေမဲ့ လူမှု့ကွန်ယက် စာမျက်နှာတွေ ကလည်းတခါတလေကြောက်ဖို့ကောင်းပါတယ်။
    ကျမတို့တော့ နေ့တိုင်း puchong,pJ , KLတို့ ဘက်အမြဲရောက်တယ်။တယောက်ထဲသွားတာဘဲ။ဘာမှတော့မဖြစ်ပါဘူး။အေးအေးဆေးဆေးပါ
    ။အောပရာစီဝင်တာတပိုင်းပေါ့။

    • Foreign Resident

      June 13, 2013 at 6:38 pm

      ကျနော်လည်း နောက်ပိုင်း သတိထားမိလာတယ် ။
      အခြေအနေတွေ က ထင်သလောက် မဆိုးပါဘူးလို့ ။
      Face Book က ဖွတဲ့သူတွေက အတုတွေနှင့် စွတ်ဖွနေတာ ။
      တကယ် သေတာက ၄ ယောက်ပဲ ထင်တယ် ။

      ( ဒါ့ကြောင့်လည်း အမေစု ဝင်မပြောတာ ဖြစ်မယ် )

  • same kyaw

    June 13, 2013 at 6:43 pm

    ဒါပေမဲ့ မြန်မာတွေချည်း စွက်ဖမ်းနေတာ တော့ မလေးရှားက မြန်မာတွေ အပေါ်နိုင်လွန်းတယ်လို့ထင်တယ်။ အမိမဲ့ သားရေနည်း ငါးဖြစ်နေရတယ်။တရာခံဘင်္ဂလီတွေ ကလွတ်နေတယ်။

    • Foreign Resident

      June 13, 2013 at 7:01 pm

      အင်းးး ၊ ဘာသာတူချင်းဆိုတော့ နဲနဲတော့ ပင်းမှာပေါ့လေ ။
      ပက်ပက်စက်စက် တရားလက်လွတ် မပင်းရင် တော်ပါပြီ ။

      ကျန်တာက ပြောမနေပါနှင့်ဗျာ ၊ ယိုးဒယား နှင့် မလေးရှား မှာ ၊
      မြန်မာတွေ အရမ်း မျက်နှာငယ်ရတာပဲဗျာ ။

  • မောင် ပေ

    June 13, 2013 at 8:20 pm

    မလေးရှားကိစ္စကိုတော့ မပြောတတ်တော့ပြီ
    အလှူရှင်တွေ ပေါ်လာတဲ့အတွက် ဝမ်းသာစွာ သာဓုခေါ်မိသည်
    မြန်မာတွေ ညံ့ပါတယ်
    ညံ့ကို ညံ့လွန်းတယ်
    ကျုပ် က အညံ့ဆုံး
    ကျုပ် အသားကိုလာမထိရင် ဘာမှ လုပ်မှာ မဟုတ်ဘူး
    ဒါပဲဗျာ

  • uncle gyi

    June 13, 2013 at 10:49 pm

    ကျုပ် အသားကိုလာမထိရင် ဘာမှ လုပ်မှာ မဟုတ်ဘူး
    ကိုပေရေ
    မှန်သောစကားဆိုတယ်ပေါ့
    ကျုပ်တို့ဆီမှာအခက်ဆုံးထဲတခုပေါ့ဗျာ
    ကျုပ်တို့ကအတော့အမျိုးဆိုသိပ်ချစ်

  • Ma Ma

    June 14, 2013 at 2:46 pm

    မြန်မာတွေ မကြီးပွားတာကို သဂျီးက ဘာသာရေးမှိုင်းလို့ ဆိုချင်ပေမယ့်….
    ကိုယ့်အမြင်အရတော့ ကြီးပွားချမ်းသာဖို့အတွက် ကံ ဉာဏ် ဝီရိယ ၃မျိုး စလုံး လိုအပ်တယ်။

    ကိုယ်တိုင်လည်း ဘဝမှာ အတက်ရော အဆင်းရော ကြုံခဲ့ဖူးသူမို့….
    ကံမရှိ ဉာဏ်ရှိတိုင်း မွဲ ဆိုတဲ့ စကားပုံဟာ ရှေးလူကြီးသူမတွေရဲ့ ဘဝပေးအသိကနေ ထွက်ပေါ်လာတာလို့ ထင်မိတယ်။

    အခြေခံအားဖြင့်တော့ ကြီးပွားတိုးတက်ချင်စိတ်ရှိသူသာ ကြီးပွားတိုးတက်တယ်လို့ ပြောချင်ပါတယ်။ :hee:

Leave a Reply