ဇာတ်ကြာချိန်

naywoon niJune 7, 20131min06

ရုပ်ရှင်တွေမှ ာ
ပြဇာတ်ကရာမှာ
ဇာတ်ပေါင်းခန်းပြီးရင်
ပြီးပါပြီ စာတမ်းထိုး
ကန့်လန့်ကာ ချလိုက်ပြီး
ပရိဿတ်ကို ပြန်ခိုင်းလိုက်တော့တာ……..။
ဟော့ဒိလောကကြီးရဲ့
လူ့ဇာတ်ခုံကြီးပေါ်မှာတော့
ဇာတ်သိမ်းတယ်ဆိုတာမရှိ
ပြီးပါပြီလို့ စာတမ်းလည်းမထိုး
ပရိဿတ်ဆိုတာလည်း သီးခြားမရှိ
ကန့်လန့်ကာချဖို့ဝေးစွ
ပရိဿတ်ကိုမြူဆွယ်ပြီး
ဇာတ်ကောင်အဖြစ်ပြန် ဖန်တီး
ဇာတ်ကောင်တွေကိုလည်း ပရိဿတ် အဖြစ်ထားလိုထားနဲ့
မရှုပ်သေးတာ ရှုပ်ပြလိုက်
မရှင်းသေးတာ ရှင်းအောင်လင်းလိုက်နဲ့
အမှောင်တစ်ဝက်အလင်းတစ်ခြမ်း
နောက်ခံကားချပ်တွေ အမျိုးမျိုးပြောင်းလဲရင်းနဲ့ပဲ
ညတာကို ဆွဲဆန့်ခဲ့တာက
ကမ္ဘာ ….. ကမ္ဘာ ကြာခဲ့ပါပြီကော……..။

နေဝန်းနီ
6-6-2013(23း 45)

6 comments

  • marblecommet

    June 7, 2013 at 10:22 pm

    လူ့လောက ဇာတ်ခုံမှာ
    ကိုယ်တိုင်ကရတာ
    ဘယ်လောက်ကြာကြာ
    အရသာ ပိုမရှိဘူးလား
    ဗိုနေကြီး
    ချို၊ ချဉ်၊ ငံ၊ စပ်
    ရသစုံဇာတ်ပေါ့ခင်ဗျ….

    Reply

  • KZ

    June 8, 2013 at 11:27 am

    ဂလို ဇာတ်မျောမှ ကြာနေမှ
    အချိန်ဆွဲပြီး လုပ်ချင်တာလုပ်လို့ ရမှာကိုး။
    ဒါရိုက်တာတွေ က။ :mrgreen:

    Reply

  • Mr. MarGa

    June 8, 2013 at 11:40 am

    ကမာ္ဘ ကမ္ဘာအဝေး………………. :mrgreen:
    အဲဒါကို ဇာတ်ဆွဲတယ်လို့ပဲ ခေါ်ရမလားမသိဘူးနော်

    Reply

  • မောင် ပေ

    June 8, 2013 at 12:49 pm

    ဇာတ်ကြာချိန်
    ဖက်ခါလိမ်
    ရှက်မှာဇိမ် (ရှက်=ရှက်ကီ)
    ငတ်နာပိန်

    Reply

  • ဦးကြောင်ကြီး

    June 9, 2013 at 9:19 pm

    ဇာတ်ကြာချိန်
    နတ်ဝါထိန်
    သက်လျာစိန်
    ဓာတ်ပြာအိမ်
    မျက်နှာရှိန်
    တက်စာဒိန်
    ငတ်လာပိန်
    ယှက်ဖြာတိမ်..

    Reply

Leave a Reply

Your email address will not be published.