“မေလအတွက် မန်းဂေဇက်က မော်လူးအလှူ”

“မေလအတွက် မန်းဂေဇက်က မော်လူးအလှူ”

IMG_1884 [640x480]

ကိုထွန်းဝင်းလတ် ဦးဆောင်ခဲ့တဲ့မော်လူးအလှူအတွက် ပစ္စည်းများဝယ်ပြီးပါပြီ။

 

အစက လေးကြောင်းမျဉ်းစာအုပ်ကို တစ်ဒါဇင် 1150ကျပ်တန်ဝယ်ပေမယ့်

အသေအချာကြည့်တော့ ဈေးသက်သာတယ်ဆိုတဲ့စာအုပ်က

စာရွက်သားကြမ်းကြမ်း စာမျက်နှာနည်းနည်းဆိုတော့ 1500ကျပ်တန်ကို

1450နဲ့ဆစ်ပြီးဝယ်လိုက်ပါတယ်.။

ပထမသွားကြည့်ခဲ့တဲ့ဆိုင်က စကားပြောရတာအဆင်မပြေ အလုပ်ကို အလှပ်နဲ့

တူအောင်မလုပ်ဘူးလို့ စိတ်ထဲမှာခံစားရတာနဲ့ မနေ့က ဆိုင်တွေသွားစုံစမ်းပါတယ်။.

နောက်ဆုံးတော့ မန်းမြန်မာပလာဇာအောက်ထပ်မှာရှိတဲ့

SOSO စာရေးကိရိယာဆိုင်ကဘဲ ဝယ်လိုက်ပါတယ်။

ကောက်ခံရငွေ ရန်ကုန်က 729000ကျပ် မန်းလေးက 271000ကျပ်စုစုပေါင်းဆယ်သိန်းတိတိရပါတယ်။

ကလေးတစ်ယောက်စာအုပ်တစ်ဒါဇင် ခဲတံတစ်ဒါဇင်ပေတံတစ်ချောင်းနှုန်းနဲ့သတ်

မှတ်လိုက်တဲ့အခါ ပထမဆုံး ကလေးအယောက်500စာဝယ်လိုက်ပါတယ်။

လေးကြောင်းမျဉ်းစာအုပ်က ဒါဇင်ငါးရာ

ခြောက်လက်မ ပေတံက တစ်ဒါဇင်ကို 400ကျပ်နူန်းနဲ့45ဒါဇင်နဲ့

တစ်ဒါဇင်ကို 8ဒါဇင်ပါတစ်ဘူးကို 2300ကျပ်နူန်းနဲ့ ခဲတံက 8ဒါဇင်ပါ65ဘူးပထမဝယ်လိုက်ပါတယ်။

အဲဒီကမှ ပိုနေသေးတဲ့ငွေကို

လေးကျောင်းမျဉ်းစာအုပ် 70ဒါဇင်၊8ဒါဇင်ပါ ခဲတံ နှစ်ဘူးနဲ့ ပေတံ 4ဒါဇင်ထပ်ဝယ်လိုက်တဲ့အခါ

ကောက်ခံရငွေ ဆယ်သိန်း ဘိုးကွက်တိဖြစ်သွားပါတယ်။

ဘောက်ချာမူရင်းလေးပါတင်ပေးလိုက်ပါတယ်။

နောက်လဲ အမြဲလှူနိုင်ကြပါစေ။

 

ကိုပေါက်(မန္တလေး)

13 comments

  • Myo Thant

    May 28, 2013 at 3:16 pm

    ကလေးတွေ ပျော်ရွှင်ကြမယ့်ပုံကို မြင်ယောင်နေမိပါတယ် ကိုပေါက်ရေ

    Reply

  • အရီးခင်လတ်

    May 28, 2013 at 3:28 pm

    ကပေါက်ကြီး ရေ ကြည်နူးဖွယ် အလှူလေး ကို တင်ပေးလို့ ကျေးဇူးပါ။
    ကိုယ်မပါနိုင်ခဲ့ပေမဲ့ သာဓု ခေါ်ပါတယ်။
    အလှူဖြစ်ဖို့ ဦးစီးသူ၊ ပံ့ပိုးသူ များနဲ့ အတူ ဝမ်းသာပီတိ ဖြစ်ရပါတယ်။
    သာဓု၊ သာဓု၊ သာဓု ပါ။
    ဒီစာရေးကိရိယာ တွေသုံးပြီး ကလေးလေးတွေလဲ ပညာတတ်ကြီးတွေ ဖြစ်ပါစေ။
    စေတနာ ရှေ့ထား သင်ပေးတဲ့ ဆရာ/မ တွေ လဲ သူတို့ဘဝတွေ အောင်မြင်တိုးတက် ပြီး လိုရာဆန္ဒပြည့်ကြပါစေ။

    ဒါဟာ ဟိုဘက် မှာ အစ်မဒုံ ညွန်းခဲ့ တဲ့ ကဘုန်းကျော် ရဲ့ စကား ငါးမျှားတတ်ဖို့ နည်းလမ်းတွေ သင်ပေးနေတာလို့ တွေးမိပါတယ်။
    အဲ့ ဒီ ကဘုန်းကျော် ကလဲ ရွာကို ထားသွားရက်တယ်။

    Reply

  • may july

    May 28, 2013 at 3:38 pm

    ဒီအလှူလေးဖြစ်မြောက်အောင် ဦးဆောင်သူများကိုလည်းကျေးဇူးတင်ပါတယ် …
    တကယ်လိုအပ်တဲ့နေရာမှာ လှူရတယ်ဆိုတော့ ဝမ်းသာပီတိဖြစ်ရပါတယ် …

    Reply

  • Ma Ma

    May 28, 2013 at 3:44 pm

    ညီညာပေါင်းစု ကောင်းမှုအလှူ
    တူညီစိတ်ထား ပွားများသဒ္ဒါ
    ိကုသိုလ်အမျှ ယူကြသူငါ
    နောင်အရေး မျှော်တွေးကောင်းစေရာ……… :hee:

    Reply

    • Ma Ma

      May 28, 2013 at 8:42 pm

      ကဗျာပြခန်းကို အားကျပြီး ရေးချင်ဇောနဲ့ ရေးလိုက်တာ ကာရံမညီပဲ ထောင့်နေတယ်။
      ကဗျာဆရာတွေ ဖတ်ပြီးရင်……
      ( ကောင်းလွန်းတယ် စိတ်ဓာတ်ကျဖို့) လို့ ပြောမှာကို မြင်ယောင်နေမိတယ်။
      ဒါ့ကြောင့် ကွန်မန့်ရေးသူနေရာမှာ နာမည်မပေါ်ရင်ကောင်းမယ်။ :harr: :harr: :harr:

      Reply

      • padonmar

        May 28, 2013 at 8:52 pm

        အမွှာညီအမမို့ အားဖြည့်မယ်နော်။

        ညီညာပေါင်းစု ကောင်းမှုအလှူ
        တူညီစိတ်ထား ပွားများကြည်ဖြူ
        ကုသိုလ်အမျှှ ရကြညီတူ
        နောင်အရေး မျှော်တွေးတောင်းဆုယူ။

        ဆိုလိုချင်တာ ရောက်ရဲ့လားမသိ။

        Reply

        • Ma Ma

          May 28, 2013 at 9:23 pm

          တော်လိုက်လေ…. :hee:

  • kyeemite

    May 28, 2013 at 3:57 pm

    လှူတန်းပွဲကိစ္စ အဝဝအတွက် ကိုပေါက် အားကျိုးမန်တက်
    ဆောင်ရွက်ပေးနေတာ..ရွာ့အလှူပွဲတိုင်းမှာပါ..ကျေးဇူးပါကိုပေါက်ရေ..
    ရွာသားတွေစုပေါင်းအလှူအတွက်လည်းဂုဏ်ယူပါတယ်ဗျို့..

    Reply

  • KZ

    May 28, 2013 at 6:08 pm

    လေးပေါက်ရေ
    ကြည်နူးမိပါတယ်ဗျို့။
    ကျေးဇူးပါ။

    :hee:

    Reply

  • ko pauk mandalay

    May 29, 2013 at 9:37 am

    အများနဲ့ထပ်တူ ကြည်နူးပါ၏။

    Reply

  • ကထူးဆန်း

    May 29, 2013 at 9:50 am

    ကျေးဇူးပါ လေးပေါက် ။ ကိုထွန်းဝင်းလတ်တို့ရဲ့ မိုးထဲရေထဲ ဗွက်ထဲ အားထုတ်ကြိုးစား သွားလှုတာလေးတွေ တွေ့ ရဦးမှာပေါ့ နော် ..

    Reply

  • Ma Ei

    May 29, 2013 at 10:29 am

    :hee:
    တစ်ကယ်လှူနေတဲ့ ပုံတွေ့ရရင်
    ဝမ်းသာဘို့ ချန်ထားဦးမှပါပဲ…

    Reply

Leave a Reply

Your email address will not be published.