ဖိုင်နယ်မှာ အပိုင်တွယ်မှာက

မောင် ပေMay 25, 20131min02

London က ပရိသတ် ၉သောင်း ကျော် ဝင်ဆံ့ တဲ့ Wembley Stadium ကြီးမှာ 2012-2013 ချန်ပီယံလိဂ်ဖိုင်နယ်ပွဲကြီး ကို ဒီကနေ ့ည သို ့မဟုတ် နက်ဖန် နံနက် မြန်မာစံတော်ချိန် ၁ နာရီ ၁၅ မိနစ် အချိန်မှာ ကန်ကြတော့မယ် ။

wembley-stadium

ဝင်ဘလေ ကွင်းပုံ ကို ဒီလိပ်စာကနေ ကူးလာခဲ့ပါတယ် ။

မြန်မာနိုင်ငံက အားကစားဂျာနယ်တွေလိုတော့ ၊ ခပ်တည်တည် သူရို ့ကိုယ်တိုင် သွားရိုက်ထားသလို နဲ ့ မတင်ဝံ့ကြောင်းပါ ။
ထား…..

credit to http://www.google.com.mm/imgres?imgurl=http://www.london-attractions.info/images/attractions/wembley-stadium.jpg&imgrefurl=http://www.london-attractions.info/wembley-stadium.htm&h=256&w=423&sz=31&tbnid=7cKNibfKNQnjiM:&tbnh=73&tbnw=120&prev=/search%3Fq%3DWembley%2BStadium%2B%2BLondon%26tbm%3Disch%26tbo%3Du&zoom=1&q=Wembley+Stadium++London&usg=__oWjEs6iyDHY0Ie5WVNAe9VsjPsk=&docid=mSohKdWgcgkeqM&sa=X&ei=jqugUeyvH8TliAePxoHgDQ&ved=0CEMQ9QEwAg&dur=422

ဒီည ချန်ပီယံလိဂ်ဖိုင်နယ် ကို ၂၀၁၂-၂၀၁၃ ဂျာမန်ဘွန်ဒက်လီဂါ အမှတ်ပေးချန်ပီယံ “ ဘိုင်ယန်မြူးနစ် ” အသင်း နဲ ့ အမှတ်ပေးဇယားမှာ ဒုတိယ ရတဲ့ “ ဒေါ့မွန် ” တို ့ ကန်ကြမှာဖြစ်ပါတယ် ။

282922hp2

ဒါလေးကိုတော့ ဒီကနေ ကူးယူပြီး တင်ပါတယ် ။

credit to http://u.goal.com/282900/282922hp2.jpg

ပထဦးစွာ ပြောချင်တာကတော့ သည်နှစ်သင်း တွေ ့ခဲ့တဲ့ မှတ်တမ်းတွေကိုပါ ။

4.5.2013 ဒေါ့မွန် ၁-၁ ဘိုင်ယန်မြူးနစ်
27.2.2013 ဘိုင်ယန်မြူးနစ် ၁-ဝ ဒေါ့မွန် (ပိုကယ်ဖလား)
1.12.2012 ဘိုင်ယန်မြူးနစ် ၁-၁ ဒေါ့မွန်
12.8.2012 ဘိုင်ယန်မြူးနစ် ၂-၁ ဒေါ့မွန် (ဂျာမန်စူပါဖလား)
12.5.2012 ဒေါ့မွန် ၅-၂ ဘိုင်ယန်မြူးနစ် (ပိုကယ်ဖလား)

ဘိုင်ယန်မြူးနစ် ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ

ဂိုး Neuer

နောက် Lahm • Buyten • Dante • Alaba

လယ် Martínez • Schweinsteiger

လယ် Robben • Müller • Ribéry

ရှေ ့ Mandžukić

ဒေါ့မွန် ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ

ဂိုး Weidenfeller

နောက် Piszczek • Subotić • Hummels • Schmelzer

လယ် Gündogan • Bender

လယ် Błaszczykowski • Reus • Großkreutz

ရှေ ့ Lewandowski

ဒေါ့မွန် အသင်းအတွက် ဆိုးဝါးတဲ့ နစ်နာချက်ကတော့ ၊ အားထားရတဲ့ ကွင်းလယ်လူ Mario Gotze ပေါင် ဒဏ်ရာ ကြောင့် မပါဝင်နိုင်မှာပါပဲ ။
သူ ့နေရာမှာ အသက်၂ဝအရွယ် ရှိ Kevin Grosskreutz ပါဝင် ကစားမှာ ဖြစ်ပါတယ် ။
ဒေါ့မွန် အသင်း ဟာ ချန်ပီယံလိဂ်ဖလားကို ၁၉၉ရ တုန်းက ရခဲ့ဖူးပြီး ၊ ဖိုင်နယ်ပွဲမှာ ဂျူဗင်အသင်း ကို ၃-၁ နဲ ့နိုင်ပြီး ရခဲ့တာပါ ။
မနှစ်ရာသီတုန်းက ဂျာမန်ပိုကယ်ဖလား ဖိုင်နယ်ပွဲမှာ နည်းပြ Jurgen Klopp’s ရဲ ့ဒေါ့မွန် ဟာ ဘိုင်ယန်မြူးနစ် ကို ၅-၂ နဲ ့ နိုင်ပြီး ဖလားသိမ်းခဲ့ပါတယ် ။
အဲဒီပွဲမှာ ဒေါ့မွန် တိုက်စစ်မှူး လီဝန်ဒေါစကီး ဟာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ် ။
ဒေါ့မွန် နောက်ခံကစားသမား Mats Hummels ဟာ ၂၀၀၉ ခုနှစ်တုန်းက ဘိုင်ယန်မြူးနစ် ကနေ ဝယ်ယူထားတဲ့ တစ်ယောက် ဖြစ်ပါတယ် ။
ဒေါ့မွန် ရဲ ့စူပါစတား “ မာရီယို ဂေါ့ဇီ ” ဟာ လာမယ့်နှစ်မှာ ဘိုင်ယန်မြူးနစ် ကစားသမား ဖြစ်တော့မှာပါ ။
ဘိုင်ယန်မြူးနစ် အသင်းအနေနဲ ့ ၊ သည်ညပွဲမှာသာ ချန်ပီယံလိဂ်ဖလား ကို ရယူနိုင်ခဲ့မယ် ဆိုရင် ၊ သူတို ့အသင်း သမိုင်းတစ်လျှောက် ၅ကြိမ်မြောက် ရယူနိုင်မှာ ဖြစ်ပြီး ၊ လီဗာပူး အသင်းလိုမျိုး ၊ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် တတိယ အအောင်မြင်ဆုံး အသင်း ဖြစ်လာပါလိမ့်မယ် ။
လက်ရှိအအောင်မြင်ဆုံး အသင်းတွေကတော့ အေစီမီလန် နဲ ့ ရီးရဲမက်ဒရစ် တို ့ဖြစ်ပါတယ် ။

ဘိုင်ယန်မြူးနစ် အသင်း နဲ ့ဒေါ့မွန် အသင်းတို ့ဟာ ၂၀၁၂-၂၀၁၃ ရာသီအတွင်း ၄ကြိမ် တွေ ့ဆုံခဲ့ပြီး ၊ ၂ ကြိမ်သရေ နဲ ့ ၊ ဘိုင်ယန်မြူးနစ် က ၂ ကြိမ် နိုင်ထားပါတယ် ။

အခုလို ဥရောပ ဖိုင်နယ်ပွဲတွေမှာ ဂျာမန်ကလပ်ချင်း ထိပ်တိုက်ဆုံတာ ၁၉၈ဝ ခုနှစ် ယူရိုပါလိဂ် ဖိုင်နယ် မှာ ဖြစ်ပြီး ၊ ဖရန် ့ဖတ် အသင်း နဲ ့မိုချင်ဂလာဘတ် အသင်းတို ့တွေ ့ခဲ့ကြတာ ဖြစ်ပါတယ် ။

ဒီနေ ့ည ပွဲမှာ ဈေးအနေအထားအရ ဘိုင်ယန်မြူးနစ် တစ်ဂိုးသွင်းရင် ၅ဝ အနိုင် ကို ဘိုင်ယန်မြူးနစ် တစ်ဂိုးသွင်းရင် ၅ဝ အနိုင် ဖွင့်လာပါတယ် ။
ဂိုးဈေးကတော့ သုံးဂိုးသွင်းရင် ၅ဝ အနိုင် ကို သုံးဂိုးသွင်းရင် ၆ဝ ပတ်ချာလည် အနိုင် ဖွင့်လာပါတယ် ။

ကျုပ် မောင်ပေရဲ ့စိတ်ကြိုက် ရွေးခြယ်မှု ကတော့
နံပါတ် ၁ = “““““ ဂိုးအနဲ ”””””
နံပါတ် ၂ = ““““ ဘိုင်ယန် ””””
တို ့ဖြစ်ပါတယ် ။

******* အားလုံးပဲ အောင်မြင် ရွှင်လန်း နိုင်ပါစေ *******

*********************

2 comments

  • သခင် mobile

    May 25, 2013 at 8:16 pm

    လာပြန်ပြီတစ်ပွဲဗျို့………….
    ကပေရဲ့ တွက်ချက်မှု ဒီပွဲမှာလည်း ကျနော်နဲ့ ဂလန့်ဖြစ်ပြန်ပီ။
    ဘရာစီယာ ဒေါ့မွန် အသင်းဟာ မာလာဂါ အသင်းနှင့် ဒုတိယအကျော့
    ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်မှာ နောက်ဆုံးမိနစ် နောက်ဆုံးသွင်းဂိုးကြောင့်သာ ယခုအချိန်ထိ
    ချိန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ခွင့်ရလာတာပါ……………….
    ဒါကိုဘယ်လိုခေါ်လဲဆိုရင် “သေရွာပြန်” လို့ခေါ်တယ်…………..
    ဘာကြောင့်သေရွာပြန်ခဲ့သလဲလို့ ဆိုရင်
    “ဖလား” ရချင်လို့သေရွာပြန်တယ်လို့ မှတ်ရမယ်……………….
    ဘိုင်ယံ ဘယ်လောက်ပဲကောင်းပါတယ် အတွေ့အကြုံ အစဉ်အလာကောင်းတယ်ပဲထားးးးးးးးးးး
    အမြဲးတမ်းထိတွေ့ ယှဉ်ပြိုင်နေတဲ့ရတဲ့ အသင်းတစ်သင်းဖြစ်တဲ့ ဒေါ့မွန်ဟာ
    ဘိုင်ယံကို ရှိန်နေမှာမဟုက်ပါဘူး နောက်ကောက်ချခဲ့ဖို့ ကြိုးစားလာမှာပါ…………
    ဈေးအနေအထားအရ ၁+၅ဝ ဆိုတာကတော့ ဘိုင်ယံနိုင်မယ့်သဘောပါ………….
    ဂိုးပေါင်း ၃+၅၀.၆၀.၇ဝ ဆိုတာကလဲ ဂိုးပေါင်းနဲးမယ့် အနေအထားပါ………….
    ဒီလိုဗိုလ်လုပွဲမှာ နိုင်ငံမတူတဲ့ အသင်းနှစ်သင်း ဆုံတွေ့ခဲ့တယ်ဆိုလျှင်
    ကျွန်ုပ်အနေဖြင့် ဂိုးပေါင်းအနဲးကို နှစ်သက်မိမှာပါ……………………
    xxxxxxxxxxxxxxxxxxxxxxxxxxxxx
    ယခုပွဲစဉ်မှာတော့
    ဒေါ့မွန်ဘော်ဒီ+ဂိုးအများးးးးးးးးးးး
    ကိုဆတူ တွဲဖက်ကစားမည်ဆိုလျှင်………….
    ဒေါ့မွန်အသင်း တစ်ဂိုးသွင်းနိုင်တာနှင့်ပင်
    ဦးဇဝန(ရွေပြည်သာ) ဟောတဲ့တရားလို အရှုံးမရှိတဲ့ဒဿန ဖြစ်သွားပါပြီ………….

    Reply

  • Myo Thant

    May 25, 2013 at 10:21 pm

    ကိုပေရေ
    ဂျာမန်ပွဲတွေမှာ ဂိုးအနည်းဆိုတာ ရှားပါတယ် ၊
    ဘာစီလိုနာကို အိမ် အဝေး မရှောင် ကြိတ်လာလို့ ဘိုင်ယန်ဟာ အထင်ကြီးစရာပါ ၊
    မနှစ်က အိမ်ကွင်းဖိုင်နယ်မှာ ချယ်လ်ဆီးကို ရှုံးခဲ့ရတဲ့ နာကျည်းချက်လည်း ရှိပါတယ် ၊
    သို့သော်

    Reply

Leave a Reply

Your email address will not be published.