“အဖေမေးတော့ ဖြေခဲ့တယ်´´

ခင္ခMay 23, 20131min022

“အဖေမေးတော့ ဖြေခဲ့တယ်´´

 

ကလေးအရွယ် မပီကလာပြောတတ်စဉ်က

အဖေကမေးတယ်

သားကြီးလာရင်ဘာလုပ်မလဲ

မဆိုင်းမတွ ဖြေကာပေးတယ်

ဆရာဝန်ကြီး လုပ်မယ်တဲ့။

 

၂ တန်းအရွယ် ကျောင်းနေတော့ကွယ်

ကျောင်းဆောင်တိုးချဲ့ ဆောက်တာမြင်ပြီး

အဖေကမေးတယ်

သားကြီးလာရင်ဘာလုပ်မလဲ

စဉ်စားကာလေး အဖြေပေးတယ်

အင်ဂျင်နီယာကြီး လုပ်မယ်တဲ့။

 

ကျောင်းနေကာလ တစ်လျောက်လုံးက

စာလည်းတော်ခဲ့ တန်းဖော်ကိုလည်းပြန်ကာပြမြဲ

ကျောင်းစာပိုင်းမှာ စိတ်ဝင်စားရာ

အထက်တန်းရောက် ၁ဝ တန်းဖြေခါနီး

အဖေကမေးတယ်

သားကျောင်းကြီးပြီးရင်ဘာလုပ်မလဲ

ပြန်လည်ကာဖြေ ပြောခဲ့ပါလေ

ကျောင်းဆရာဘဲ လုပ်မယ်တဲ့။

 

ဆယ်တန်းအောင်တော့ ဂုဏ်ထူး ၄ ဘာသာ

ရခဲ့ပါလည်း ဆေးကျောင်းတက်ဖို့

အစိုးရဝန်ထမ်းအဖေမှာဖြင့် ထားရန်ခက်ခဲ

အခြေအနေထဲမှာ စစ်တ္ကသိုလ်မှလူခေါ်ကြတော့

ဒီအက်အေခေါ်တက်ခဲ့ပါသနော်

ထိုသင်တန်းဆင်း ခြေလျှင်စစ်တပ်ရောက်ခဲ့ရပြီး

စစ်ဗိုလ်ဘဝမှ ရာထူးများစွာဖြတ်ကျော်ကာနဲ့

ဗိုလ်မှုးကြီးဘဝ အသက်ရတော့

တပ်ကအနားယူ ရှိခဲ့ပါမူ

မိသားစုအရေး စားဝတ်ပေးဖို့

ပရိုဘောက်ခေါ် ကားလေးဖြင့်နော်

လမ်းတကာသွား တက်စီသမား

အဖေမေးသမျှ ဖြေခဲ့ရတာ

တစ်ခုမှမဟုတ် အခုမှဟုတ်သည်

ကျွန်တော် အဌားကားယာဉ်မောင်း ဆိုလေသည်။

 

“ဪ အဖေရယ် ဘဝဆိုတာအခြေအနေ အချိန်အခါတွေပေါ်မှာလိုက်ပြီး နေထိုင်ရေးအတွက် အဆင်ပြေစွာ လုပ်ရကိုင်ရ ရှာရဖွေရ သေကြရတာပါလားနော်…………….။´´

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

(ကိုယ်တိုင်အတွေး ကိုယ်ပိုင်ဟန် ကိုယ်တိုင်ရေးပါ။)

22 comments

  • weiwei

    May 23, 2013 at 10:09 am

    ဪ .. အဖေ အဖေ .. အဖေ့စကား နားမထောင်ခဲ့တဲ့ သမီးမိုက် … အင်ဂျင်နီယာကြီးလုပ်မယ်လို့ ကြွေးကြော်ခဲ့မိတာ .. အခု တကယ် ခလုတ်ထိမှ အမိတဆိုသလို … ဆင်းရဲတွင်းနက်တော့မှ အဖေ့စေတနာ နားလည်ရပါပေါ့လား … :byae:

    Reply

    • Foreign Resident

      May 23, 2013 at 12:59 pm

      ဟား ၊ ဟား ၊ ဟား ။ မ Wei Wei ၊ စိတ်ညစ်နေပြီလား ။
      တိုက်တိုက် ဆိုင်ဆိုင် ၊ ဒီနေ့ ၊ ကျနော့် သင်္ဘောပေါ်က Chief Engineer ကြီးလည်း ၊
      အလုပ်တွေ အရမ်းများလို့ ၊ အရမ်း ပင်ပန်းလို့ ညည်းနေသံ ကြားရတယ် ။
      အင်ဂျင်နီယာ အလုပ်က မလွယ်ဘူးဗျ ၊ ကိုယ်တိုင် လက်ပါရတယ် ၊ ပင်ပန်းတယ် ။
      Admin / Management Role ကတော့ Physically လူ နဲနဲ သက်သာတာပေါ့ဗျာ ။

      Reply

      • weiwei

        May 23, 2013 at 1:55 pm

        အမြင်မှန်ရသွားတဲ့သဘောပါ .. :kwi:
        ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးက အလုပ်ခေါ်တုန်းက အဖေက တားခဲ့ဖူးတာလေး သတိရလို့ ..

        Reply

  • ခင် ခ

    May 23, 2013 at 11:56 am

    ဦးစွာအားပေးတဲ့ မမဝေရေ ကျေးဇူးပါ။
    ကျွန်တော်ငယ်က သားကြီးရင်ဘာလုပ်မလဲ အဖေကမေးတော ခေါက်ဆွဲကျော်ရောင်းမယ်ဆိုလို့
    အဖေက သားရယ်ပညာတတ်ဖြစ်အောင်လုပ်ပါတဲ့။ အခုတစ်ခါတလေစိတ်ကူးပေါက်မိတယ် ခေါက်ဆွဲကျော် ထမင်းကျော် အဲလို စားသောက်ဆိုင်လေးတစ်ဆိုင် ဖွင့်နိုင်ရင် ကောင်းမှာဘဲလို့လေ။

    Reply

  • may july

    May 23, 2013 at 12:42 pm

    ငယ်ငယ်က ဖေဖေမေးတော့ ဖြေဘူးတယ် ..
    သမီးကြီးရင် ဘာလုပ်မှလဲတဲ့ … မုန့်ဟင်းငါးချက်စားမှာပေါ့လို့ဖြေလိုက်တယ် .. :kwi:
    မုန့်ဟင်းငါးကြိုက်တဲ့သူဆိုတော့ …
    ခုအချိန်များမုန့်ဟင်းငါးလေးချက်ပြီး ဖေဖေ့ကို ကျွေးချင်လိုက်ပါဘိ …

    Reply

    • ခင် ခ

      May 23, 2013 at 1:38 pm

      မေဇူလိုင် မုန့်ဟင်းခါးဆိုလို့ သတိရသွားပြီး ညနေလဘက်ရည်သောက်ထွက်ရင်း မုန့်ဟင်းခါးလေး ဝင်စားလိုက်အုံးမယ်။ လက်ရှိ သမ္မတကြီးကတော်ကလည်း သမ္မတကြီးအနားယူရင် မုန့်ဟင်းခါး ရောင်းမယ်ဆိုတဲ့စကား သတင်းဖြစ်ကာကျော်ကြားခဲ့သေးတယ်နော်။ မုန့်ဟင်းခါး ရဲ့ အရေးပါပုံလေးပေါ့။

      Reply

  • kyeemite

    May 23, 2013 at 2:08 pm

    “ဗိုလ်မှုးကြီးဘဝ အသက်ရတော့
    တပ်ကအနားယူ ရှိခဲ့ပါမူ
    မိသားစုအရေး စားဝတ်ပေးဖို့
    ပရိုဘောက်ခေါ် ကားလေးဖြင့်နော်
    လမ်းတကာသွား တက်စီသမား”
    သိပ်တော့အံ့ဩစရာမဟုတ်ပေဘူးပဲ ကိုခရဲ့
    ကြီးမိုက်ဆိုတဲ့ကောင်လည်း
    ၂၀၀၈လောက်က ဒီအလုပ်မရခင်ထိ
    တက်စီနဲ့ထမင်းရှာစားခဲ့ရသေး..
    ငယ်ငယ်ကတော့ တပ်ထဲကဆိုတော့
    ရည်ရွယ်ချက်ကဒီအက်စ်အေဗျ…
    ဆယ်တန်းသုံးနှစ်ဖြေမှအောင်တော့
    အသက်က လပိုင်းကျော်သွားလို့လွဲခဲ့ရ
    ဒီလိုနဲ့ ဘဝကိုဖြစ်သလိုဆက်လျှောက်လာခဲ့လိုက်တာ
    ဖြစ်ချင်ရာတွေဖြစ်လာတာပဲဗျို့… 😆

    Reply

    • ခင် ခ

      May 23, 2013 at 3:14 pm

      ဟုတ်ပါတယ် ကိုကြီးမိုက် ဗိုလ်မှုးကြီးတစ်ယောက်တက်စီကားမောင်းလို့ အံဩပြီးရေးတာမဟုတ်ပါဘူး
      သားကြီးလာရင်လုပ်မလဲ ငယ်ငယ်ကအမေးကို ကလေးဘဝ ဖြေခဲ့တာနဲ့
      တကယ့်လက်တွေ့ လူ့ဘဝဖြတ်သန်းတာ တစ်ခါတလေမတူနိုင်တာလေးကို
      ရေးဖွဲ့ချင်တာပါ။ ကွန်မန့်လေးအတွက်ကျေးဇူးပါ။

      Reply

  • မင်းမင်း

    May 23, 2013 at 2:10 pm

    တော်သေးရဲ့ဘာလုပ်မလဲပဲအဖေကမေးလို့။ဟီးးးးး

    Reply

  • အရီးခင်လတ်

    May 23, 2013 at 3:49 pm

    ငယ်တုန်းက ဗိသုကာအင်ဂျင်နီယာ ဖြစ်ချင်တာပေါ့။
    နောက်ကျောင်းတက်တော့ စီးပွါးရေး။
    အလုပ်လုပ်တော့ အိုင်တီ။
    ကြားမှာ မက်ဒေါ်နယ်လ်မှာတောင် လုပ်ခဲ့သေး။
    အခုတော့ ဘာထပ်ဖြစ်မယ် မသိ။ 😆

    Reply

    • ခင် ခ

      May 23, 2013 at 4:06 pm

      အရီးရေ ခင်ခ ငယ်ငယ်က ကြီးရင်ဘာလုပ်ချင်ဆို ခေါက်ဆွဲဆိုင်ဖွင့်ချင်ဖြေ။
      ကျောင်းတက်ပြန်တော့ သတ္တဗေဒ၊
      အခုလေ့လာလိုက်စားနေတာက တိုင်းရင်းဆေးသုတေသီ၊
      လုပ်နေတာက construction နဲ့ နှီးနွယ်အလုပ်၊
      အဲလိုကို ရှေ့နောက်ညီနေတာလေ။

      Reply

  • e tone

    May 23, 2013 at 4:46 pm

    အန်ကယ်ရေ…သမီးတော့ ငယ်ငယ်က .. ဘာလုပ်ချင်လဲ မေးတိုင်း ..ခဲတံနဲ့ စာရွက်တောင်းခဲ့တာချည်းပဲ … ။
    လူကြီးတွေကတော့ .. အော… စာသင်ချင်တာလား .. ဆရာမဖြစ်ချင်တာလားပေါ့ .. အဟီး ..သူ့တို့အတွေးနဲ့ သူတို့ … ၊ ဂယ်တော့ .. အိုက်ကတည်းက …. ခဲတံနဲ့ စာရွက်တောင်းတာ ပုံဆွဲမလို့ပါ … ။ ဟိုခြစ်ဒီခြစ်ပေါ့လေ … ငယ်ငယ်ကတည်းက .. ။

    အလယ်တန်းအထိ … ပြိုင်ပွဲတွေ ဝင်ပြိုင် ၊ ပန်းချီတွေ ဆွဲ ၊ ပန်းချီကားတွေ စုတာမျိုးထိ .. လုပ်ခဲ့ဖူးလို့ ကြီးလာလျှင် ပန်းချီ ဆရာများ ဖြစ်မလားလို့ ကောက်ချက်ချပြန်တယ် … ။ ခိခိခိ…
    အိုက်နောက်ပိုင်း အပျင်းထူပြီး ပန်းချီလည်း မဆွဲတော့သလို … ဆွဲချင်စိတ်လည်းမရှိ .. ဟုတ်တိပတ်တိလည်း ဘာမှ မဖြစ်ချင် …။
    ခုအရွယ်မှာတော့ … အိမ်မှာ ကပ်စားတဲ့ … ငပျင်းကြီးပဲ ဖြစ်ချင်တော့တယ် … ။ :kwi:

    Reply

    • KZ

      May 23, 2013 at 4:53 pm

      အဲလာဆို မန်ဘာ ဝင်မလားဟင်။
      မမက စတုပစ် အန် လေးဇီးကလပ်ရဲ့ ရာသက်ပန် ပလက်တီနန် မန်ဘာပါကွယ်။
      အဟွတ်။
      ဖျင်းရ ပျင်းရတာများ နာမည်သာဆိုးတာ သိပ်သက်သာသကိုး။
      :kwi:

      Reply

  • စနေ

    May 23, 2013 at 5:41 pm

    ငယ်ငယ်က ကျောင်းဆရာမ၊ nurse တို့
    လုပ်ချင်ခဲ့တာ……
    ခုတော့ သင့်တော်မဲ့ အလုပ်မှာ ဝင်လုပ်ခဲ့တာ
    ၁၁ နှစ်တောင် ရှိတော့မှာပါလား……….

    Reply

  • မောင် ပေ

    May 23, 2013 at 7:46 pm

    ကျုပ် သာ ဒီအက်စ်အေ ထဲ ရောက်ခဲ့ရင်
    အစ်စရေး ခေတ် မို ့
    အခုချိန် ဆို ပြုတ်နေလောက်ပြီ ထင်ပါရဲ ့

    Reply

  • ko pauk mandalay

    May 23, 2013 at 10:52 pm

    ငယ်ငယ်တုံးကတော့ ကျောင်းဆရာအသိုင်းအဝိုင်းမှာဆိုတော့
    တက္ကသိုလ်မှာဆရာလုပ် စာဖတ် စာလေးပေလေးရေးမယ် လို့ဖြေခဲ့တာ။
    လက်တွေ့ဘဝမှာတော့ ဈေးသည်ကြိးဆန်နီပါဗျာ.။
    ဒါပေမယ့် ကိုယ်လက်ရှိဘဝကို ပကတိအတိုင်းလက်ခံထားတော့
    စိတ်ချမ်းသာပါ၏
    သေချာသွားတာတစ်ခုကတော့ ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့ မနက်ဖြန်အတွက်
    သိပ်ပြီး အုံးမစားတတ်အောင်လေ့ကျင့်နေပါတယ်။

    Reply

  • uncle gyi

    May 23, 2013 at 11:33 pm

    ကိုခရဲ့ဗိုလ်မှူးကဟိုးတချိန်ကဗိုလ်မှူးထင်ပါရဲ့
    အခုခေတ်ကဗိုလ်မှူးတွေကရယ်နေအုန်းမယ်နော်

    Reply

  • Foreign Resident

    May 24, 2013 at 9:00 am

    အဘဖေါ ရဲ့ ပြောရန် ခက်တဲ့ လောကဓံ ။

    ငယ်ငယ်က ဖြစ်ချင်တာက စစ်သား ။
    အခုတကယ် ဖြစ်နေတာက သင်္ဘောသား ။
    နောင်ဖြစ်ဖို့များတာက မိန်းမ ထမိန်နား ခိုစား ။

    ဟဲ ဟဲ ဟဲ ၊ ငါ့ ကဗျာလေး တယ်လှပါလား ။
    အလင်းစက်တို့ ၊ မာဃတို့ ၊ ကဗျာ ပြခန်းမှာ မရွေးရင်တော့ ၊
    ငါနှင့် အတွေ့ပဲ ။ ဟီ ဟိ ။

    နောက်ဆုံး စာကြောင်းကို ကာရန် ပိုလှသွားအောင် ၊
    ” ဘုရားသား ” ( ရဟန်းတော် ) ဆိုပြီး ထည့်အုံးမလို့ပဲ ၊
    ဖြစ်နိုင်ချေ နည်းပြီး ၊ ယုတ္တိ မတန်ဘူးလို့ ယူဆတာနှင့် ၊
    ဖြစ်နိုင်ချေ များတဲ့ ” မိန်းမ ထမိန်နား ခိုစား ” ပဲ ထည့်လိုက်ရတယ် ။
    ဟီ ဟိ ။ ငါ ဟဲ့ ၊ ကဗျာ ဆရာ ။

    Reply

  • ရာမည

    May 24, 2013 at 10:19 am

    လူလေးကြီးရင်ဘာလုပ်မယ်
    မေမေမေးရင်ကွယ်
    စာမတတ်တဲ့ ညီ ညမငယ်
    က ကြီး ခခွေး သင်ပေးမယ်

    ငယ်ငယ်က ဖတ်ဖူးတဲ့ကဗျာလေးပါ ။
    ယခုအချ်န်မှာတော ့???????

    Reply

  • BMTM Mdy

    May 24, 2013 at 5:49 pm

    မေမေက ပညာတက်အောင်သင်လို့ ပဲပြောတယ်…ဘာလုပ်မလဲမမေးဘူး..ကျောင်းထားပေးတယ်.. ဆယ်တန်း မှာဆရာကအားလုံးကိုမေးတယ်..ရည်မှန်းချက်ကဘာလဲ..ဘာလုပ်ချင်လဲတဲ့.. ပြန်ဖြေ လိုက်တာက သိဘူးဆရာ ဘာလုပ်မလဲဆိုတော့ ဆယ်တန်း အမှတ်စာရင်းထွက်ရင် သိမယ် အဲဒီ အမှတ်ပေါ် မူတည်ပြီးလုပ်မယ်လို့…ခုလည်းအဲဒီ အမှတ်ကဆုံးဖြတ်ပေးတဲ့ အတို်င်းပါပဲ..

    Reply

  • padonmar

    May 24, 2013 at 7:48 pm

    ငယ်ငယ်က ဖြစ်ချင်တာ စာရေးဆရာမ
    ကျောင်းတက်မိတော့ ဆရာဝန်
    ခုဖြစ်နေတာ ကုန်လိုက်သယ်လိုက် ကုန်သည် တောက်တိုမယ်ရ။
    နောင်ဖြစ်ဖို့များတာကတော့ သောမနဿသဟဂုတ်၊ကြက်သွန်ကြော်ကတစ်လုပ်တစ်ဆုပ် ဆိုတဲ့ အဘိဓမ္မာသင်တန်းသူ

    Reply

Leave a Reply to ko pauk mandalay Cancel Reply

Your email address will not be published.