နားစွန် နားဖျား ရပ်ကွက်…။ (နိဒါဏ်း)

black chawMay 21, 20131min017

မိတ်ဆွေတို့ မှတ်မိဦးမလား မဆိုနိုင်ပါဘူး…။
IRON CROSS ရဲ့ ဖခင်ကြီး (အဲဒီလောက်ဆိုရင်ကို တန်းသိနေကြပါပြီ)
ချစ်စမ်းမောင် ရဲ့ ဆရာ၊
ကဗျာဘွဲ့မှူး၊ မီးမီးခဲ တို့ရဲ့ အဖေ…၊
ထူးအယ်လင်းရဲ့ ယောက္ခထီး…၊
ကိုင်ဇာ၊ လွှမ်းမိုးတို့ရဲ့ သူငယ်ချင်း…(အရင်းခေါက်ခေါက်ကြီးတွေတဲ့နော် … ဘာမှတ်နေလဲ…)
စောဘွဲ့မှူး ဆိုတဲ့ ပုဂ္ဂိုလ် အကျော်အမော်ကြီး က
(ဗိုလ်ချုပ်မှူးကြီးနဲ့လည်း မှားနေကြဦးမယ် ဟေးဟေး…)၊
L.P.J ရဲ့ အရှင်သခင် အန်ကယ်ကြီး မြန်မာပြည်သိန်းတန်
(တွံတေးသိန်းတန် မဟုတ်ဘူးနော် ကျောင်းဒကာ…အကုန်လျှောက်လွဲကုန်လိမ့်မယ်…ဘာမှတ်နေလဲ)
ဇာခြည်လင်း တို့ရဲ့ ချစ်လှစွာသော သမီးလေးပိုးဒါလီသိန်းတန် အတွက်
ချစ်စရာသီချင်းလေးတစ်ပုဒ်ကို…ရေးသားစီရင်ပေးခဲ့ဘူးပါတယ် မိတ်ဆွေ…။
(အော် ဘလက်ကြီးလွမ်းတဲ့အထဲမှာ အဲဒီ ပိုးဒါလီလေးရဲ့ နှုတ်ခမ်းထော်ထော်လေးလည်းပါတယ်ခင်ဗျ…အာဟီး)
နည်းနည်းလေး မန်မိုရီ ပြန်ခေါ်ကြည့်ပါဗျာ…။
သီချင်းလေးနာမည် က အလွမ်းဧည့်သည်တဲ့…။
နောက်ပိုင်း ကဗျာဘွဲ့မှူးလည်း ပြန်ဆိုခဲ့ဘူးပါတယ်…။
အဲဒီသီချင်းထဲက စာသားလေး တစ်ခုကို ဘလက်ကြီး က ပိုးစိုးပက်စက် အကြိုက်တွေ့နေတော်မူပါသတဲ့ဗျာ…။

အတိအကျလည်း မသိတသိနဲ့…
အဓိကလည်း မကျတကျ နဲ့
ခဏခဏ မင်းကို အောက်မေ့တာ သတိရတာ…
မင်းဝေဒနာ ပေးသွားပြီ…

တဲ့…။
အဲဒီမှာ စတွေ့တာပါပဲ ကျောင်းဒကာကြီးတို့ရေ…။
ရေးလည်းရေးတတ် တွေးလည်းတွေးတတ်ပါတယ် ဗျာ…။
အတိအကျလည်း မသိတသိ တဲ့…။
အဓိကလည်း မကျတကျ တဲ့…။
မသိတာလည်း မဟုတ်၊ သိတာလည်း မဟုတ်၊ မသိတသိ တဲ့။
မကျတာလည်း မဟုတ်၊ ကျတာလည်း မဟုတ်၊ မကျတကျ တဲ့။
လွှတ်မိုက်နေတော့တာပါပဲ…။
လိုရင်းပြောတော့မယ်ဗျာ…။
ဘလက်ကြီးပို့စ်တစ်ပုဒ်ရေးနေတယ်…။
အတိအကျလည်း မသိတသိ အကြောင်းတွေတဲ့…။
အဓိကလည်း မကျတကျ အကြောင်းတွေတဲ့…။
ခေါင်းစဉ်ပေးထားတာကိုက နားစွန်နားဖျားရပ်ကွက် ပါဆိုနေမှ…။
ဟေးဟေး…။
(မှတ်ချက်။ ။ နားစွန်နားဖျားရပ်ကွက် ၏ ပိုင်ရှင် အစစ်မှာ ကိုကြွက်နီ ခေါ် သိမ်းတင်သား ဖြစ်ပါသည်…။)

17 comments

  • အွန် .. အမ် … အင် … :mrgreen:
    နားစွန်နားဖျား ရပ်ကွက် ဆိုဒေါ့လည်း
    ဟိုလိုလို ဒီလိုလိုဂျီး နေမှာပေါ့နော် ဘဘဘလက်ဂျီး …
    ဒါကျိပီး ဟိုစကားတောင် သတိရမိသွားသေးတယ် …
    ဘာတဲ့ …
    ဟိုမရောက် ဒီမရောက် မြင့်မိုရ်တောင် … တဲ့ …။

    Reply

  • ဆုမြတ်မိုး

    May 21, 2013 at 1:43 pm

    မီးမီးခဲ ပြန်ဆိုတဲ့အချိန်မှာတော့ သီချင်းနာမည်က ချစ်ဧည့်သည်ဖြစ်သွားပြီဗျ ။ ဘယ်လိုကနေဘယ်လိုဖြစ်သွားလဲမသိဘူး ။
    ချစ်စမ်းမောင် သမီးလေး စောဘွဲ့မှုးအမှတ်တရ ရှိုးမှာဆိုတော့လဲ သီချင်းနာမည်က ချစ်ဧည့်သည်ပါပဲ ။ စကားမစပ် အဲသီချင်းသိပ်ကြိုက်ပါတယ် ။ ကိုးတန်းတုန်းက စနားထောင်ဖူးတာ… နားကျပ်ကတ်ဆတ်သေးသေးလေးနဲ့ တစ်ညလုံးနားထောင်တယ်..။ခံစားချက်တွေတိုက်ဆိုင်တာများပြောပါတယ်.. း)

    Reply

  • Khaing Zar Win

    May 21, 2013 at 2:06 pm

    အလွမ်းတောင်တန်းတစ်ဖက်က..
    ချစ်စွာသော ဧည့်သည်…
    မင်းအလည် လာ ရောက်ခဲ့တယ်။.

    အလာ ခရီးမှာ
    သူ့ အပြုံးတွေကလွဲလို့ …
    ဘာမှမယူခဲ့ပဲနဲ့….

    ကိုဘလက် တည့်တည့်ပစ်တာ ၂ ခါရှိ ၂ ခိရှာပြီ။
    ခွိခွိခွိ။
    :mrgreen:

    Reply

    • ဒီလူဂျီးး ညက်စိ မှုန်နေဘီလား …
      Submit Long Comment
      ဆိုဒါ မြင်ဖူးလား ….
      ((အိုက်ဒါ သဂျီးက ပေါဒါ၊ တား မီဟုတ်ဝူးနော်)) :mrgreen:

      Reply

      • kyeemite

        May 22, 2013 at 10:51 am

        အံစာက တော်တော်အရှည်ကြိုက်သကိုး… :harr:
        အတိအကျလည်း မသိတသိနဲ့…
        အဓိကလည်း မကျတကျ နဲ့…တဲ့လား
        ရဲဘော်ဘလက်ရေးနေတဲ့“နားစွန်နားဖျားရပ်ကွက်” တင်လာမှပဲ
        ပေါင်းပြီးမန့်တော့မယ်ဗျာ…မြန်မြန်လုပ် :hee:

        Reply

  • Mobile13

    May 21, 2013 at 4:56 pm

    ဘာများပါလိမ့်လို့ဂျာ ပီးဒေါ့မှ စေားဘွဲ့မှူးအမျိုးတွေ စပ်ပြပီး သူကြိုက်တဲ့ သီချင်းအကြောင်းပြောသွားတာပဲ။
    ကျုပ်ကတော့ စေားဘွဲ့မှူးရေးတယ်ထင်တာပဲ ဟိုတချင်း ရောဂါ ဆိုတဲ့တချင်းကိုခိုက်တယ်

    Reply

  • အလင်း ဆက်

    May 21, 2013 at 9:15 pm

    လေသံကြားတာနဲ့..ဖမ်း တရားနာ သွားပါဂျောင်းးးး
    🙂

    Reply

  • သာမီးလည်း မျက်စိစွန်မျက်စိဖျား… ဒီပို့စ်ကို လာဖတ်သွားပါတယ် အူးလေ…

    Reply

  • kyeemite

    May 22, 2013 at 10:33 am

    အတိအကျလည်း မသိတသိနဲ့…
    အဓိကလည်း မကျတကျ နဲ့…တဲ့လား
    ရဲဘော်ဘလက်ရေးနေတဲ့“နားစွန်နားဖျားရပ်ကွက်” တင်လာမှပဲ
    ပေါင်းပြီးမန့်တော့မယ်ဗျာ…မြန်မြန်လုပ် :hee:

    Reply

  • kai

    May 22, 2013 at 11:46 am

    တယ်ဟုတ်ပါလား…
    နားစွန်နားဖျားက.. မကြားတကြားအသံတို့ရဲ့.. မထင်တထင်ရှိပုံရတဲ့… မရှိတရှိသတင်းများ..
    အတင်းများ…
    သတင်းစကား… :kwi:

    Reply

  • Ei Kyipyar

    May 22, 2013 at 2:14 pm

    တချိန်ကဆို……… ရွှေကျီးတွေ သာတို်င်းလဲ
    ဧည့်ကောင်းတွေ.. လာတတ်တယ်… အစွဲတွေနဲ့

    ဧည့်သည်တော့ ဧည့်သည်ဘဲ…….ဒဂယ်လို့ ကိုယ့်ကို ဒွတ်ခပေးမဲ့ ဧည့်ဆိုးတေ
    ဖြစ်နေရင်ရော ဘဒူ့ကို သွားအပြစ်တင်မတုန်း အူးဇင်းဘလက်ရဲ့… :kwi:

    Reply

  • အရီးခင်လတ်

    May 22, 2013 at 2:46 pm

    အဲဂလိုမျိုး နားစွန်နားဖျားရပ်ကွက်က အတိအကျလည်း မသိတသိ ၊အဓိကလည်း မကျတကျ အကြောင်း တွေ တကယ်ဘဲ များလာချိန်
    တနည်း အရင်လို ပါးစပ်ပိတ်မနေရတော့ဘဲ ပြောချင် ရာ ပြောလာနိုင်တဲ့ အချိန်
    ဘယ်ဟာကအမှား ဘယ်ဟာအမှန် ကို ကျုပ်တို့လူတွေ ချင့်ချိန်လာနိုင် ကောင်းပါရဲ့ ကဘချောရေ။
    စဉ်းစား ဆင်ခြင်ဖို့ အလေ့အကျင့်ပေါ့။
    ဒီတော့ နားစွန်နားဖျားရပ်ကွက် တွေ များများ လိုလာပါ့။
    ဖတ်ဖို့ မျှော်နေပြီ။

    Reply

  • Mr. MarGa

    May 22, 2013 at 6:26 pm

    နားစွန်နားဖျား ရပ်ကွက်
    နားစွန်နားဖျား ရပ်ကွက်
    နားစွန်နားဖျား ရပ်ကွက်
    အဲ့ ရပ်ကွက်က သတင်းတွေဟာ
    ယုံရတာလဲရှိ မယုံရတာလဲ ရှိသဗျနော့

    Reply

  • mee lay

    May 22, 2013 at 7:02 pm

    လေးဘလက်ရဲ့
    နားစွန်နားဖျား ရပ်ကွက် ဆိုတဲ့
    အခေါ်အဝေါ်လေးကို သဘောကျသွားပါကြောင်း …

    Reply

  • Munetez

    May 23, 2013 at 7:03 am

    ဒီပိုစ့်လည်း ကောမန့်ဝင်ရေးတာ နောက်ကျသပေါ့ဗျာ..
    လက်တလောတော့ အဲ့သည့်ဘဘယီးရေးတဲ့ သီချင်းတွေကို
    နားထောင်ဖူးသလောက် အားလုံး နှစ်သက်မိပါကြောင်း
    (တပုဒ်နဲ့တပုဒ်တော့ နှစ်သက်မှု အနည်းအများတော့ ကွာမယ်ပေါ့ဗျာ)

    ဂီတအကြောင်းတော့ တော်သေးဘီခည…

    ဘာမှမဟုတ်ပါဘု
    ရဲဘက်ကဝင်း ဂလေး မင်ဂါဆောင်သွားလို့ စိတ်နာနာနဲ့ သီချင်းတွေနဲ့ ပြတ်နေလို့ပါ
    အာဟိ

    :harr:

    Reply

    • Munetez

      May 23, 2013 at 7:33 am

      ဆက်ဆွဲလိုက်ပါဦးမလေ.. ရောက်လာပြီးမှတော့

      သည်လိုဗျာ ..အနှီဘဘကြီးက ရေးဟန် တမျိုးပိုင်သဗျ…
      ဆိုပါတော့ .. ဘယ်သူဟေ့ ဆိုရင် အလွမ်း ကောင်းတယ်
      ဘယ်သူဟေ့ ဆိုရင်တော့ အဆွေး
      ဘယ်သူကွ ဆိုရင်တော့ ဒဿန
      ဘယ်သူဟ ဆိုရင်တော့ လင်္ကာလေးတွေ နဘေလေးတွေလှတယ်….
      သည် ဘဘယီး ကတော့ သူ့သီချင်းတွေ(နားထောင်မိသလောက်ပေါ့လေ)
      နားထောင်သူက မချင့်မရဲလေး …ဖြစ်စေတဲ့ ရသ ပေးသဗျ…
      သီချင်းကိုလိုက်လို့တော့ ..လွမ်းတာ၊ ဆွေးတာ၊ မျှော်တာ၊ ပျော်တာ ကွာပေမင့် ပေါ့ဗျာ..
      သို့သော် အိုက်ဒိ မချင့်မရဲလေးခံစားရတာကိုက ထူးခြားမှု ဗျို့ ..
      နောက်ပြီး သံစဉ် ဂီတ သက်သက်သာမဟုတ်ဘဲ စကားလုံး ဝေါဟာရ ကြွယ်ဝမှု ပါ များလွန်းတဲ့ ဆြာကြီးပါဗျာ..။
      တကယ်တော့ မတူတဲ့အတွေးနဲ့ ပြောရရင် အဲ့သည့်ဘဘရဲ့ ဂီတနဲ့ ဆိုင်တဲ့ အကြောင်းတွေ ..လက်စွမ်းပြတာတွေထက်
      စကားလုံးတွေနဲ့ ပါတ်သတ်လို့ သူ ဘာတွေ ဖတ်တယ် ဘယ်လိုတွေ တွေးတယ် ဘယ်လိုတွေ လေ့လာခဲ့တယ် ဆိုတာကို
      စိတ်တော့ အဝင်စားမိသားဗျ… သူ့အကြောင်း ဘိုင်အိုဂရပ်ဖီ ရေးပလားဟင်င်င်င်င်

      :harr:

      တော်သေးဘီ
      ခင်တဲ့
      ဂီ

      Reply

Leave a Reply to kai Cancel Reply

Your email address will not be published.