ဆရာမ ဂျူး ရဲ ့ နိုင်ငံရေးဆိုင်ရာ စာအုပ်သစ် ထွက်ရှိခြင်း

alinsettMay 16, 20131min019

ကဲ….ကဲ….

ရွာထဲက စာချစ်သူ စာဖတ်ပလိတ်သတ်ကြီင်္း အတွက်…

သတင်းတစ်ခု ပေးချင်လာလို ့…. ဒီ ပိုစ့်ကို ရေးလိုက်ပါတယ်ခင်ဗျ ။

ဘာသတင်းလဲ..ဆိုတော့…

စာချစ်သူတွေ အတွက်… စာအုပ်သစ် ထွက်ရှိ်ကြောင်း..သတင်းကောင်းလေး ပေါ့ဗျာ….။

=====================

ဘာစာအုပ်လဲ….. ??????????

နိုင်ငံရေး..အတွေးအခေါ် လေးတွေကို… ရသမြောက်မြောက် ဆက်တွေး နိုင်မယ့်.စာအုပ် ပါ ။

ဘယ်သူရေးတာလဲ…. ?????????

မူရင်းစာရေးဆရာကတော့.. စီးပွားရေး ပညာရှင်တစ်ယောက်ဖြစ်တဲ့…Paul Collier ( ပေါလ်ကိုလီယာ ) ပါပဲ ။

2007 တုန်းက သူရေးထားတဲ့ စာအုပ်ပါ ။

မူရင်းစာအုပ်နာမည်က … ဘာလဲ…..?????????????????

မူရင်းးး..စာအုပ် အမည်ကတော့.. The Bottom Billion ပါ ။

အခု… ဘယ်သူ က ပြန် ရေးတာလဲ…. ?????????????????????????

အခု ပြန်ပြီး.ခံစားရေးဖွဲ ့သူကတော့… အားလုံး သိကြတဲ့…

ရသရော. နိုင်ငံရေး အတွေးတွေ..ရေးတာပါ.. အရေးကောင်းသူ…

ဆရာမ ဂျူး ပါ ။

ဆရာမ ဂျူး က စာအုပ်အမည်ကို ဘယ်လိုပေးထားလဲ….?????????????????

ဆိုတော့….. အောက်ခြေသန်းတစ်ထောင် ပါပဲ ။

==========================================

အောက်ခြေသန်းတစ်ထောင်ထဲမှာ မြန်မာနို်င်ငံ ပါနေသလား..ဆိုတော့....
အောက်ခြေသန်းတစ်ထောင်ထဲမှာ မြန်မာနို်င်ငံ ပါနေသလား..ဆိုတော့….

ဆရာမ ဂျူးက.. အဲဒီ စာအုပ်ကို..အတိအကျ ဘာသာပြန်ဆိုတာမဟုတ်ပါဘူး ။

အဲဒီ စာအုပ်ကို ဖတ်အပြီးမှာ.. သူ ရလိုက်တဲ့ အတွေးတွေနဲ ့.. သူပြောချင်တာလေးတွေ…ကို..သူ ့စတိုင်နဲ့ သူ.ရေးပြထားတာပါ ။

ဒီတော့.. ထူးခြားသွားတာက.. အဲဒီ စာအုပ် ထဲမှာပါတဲ ့..

ဆင်းရဲ တဲ့ နိုင်ငံတွေ.. ဘာလို ့..ဆင်းရဲ နေတာလဲ …ဆိုတဲ ့.. အဖြေ…

ဆင်းရဲတဲ ့ နိုင်ငံ တွေ.. ကျနေတဲ ့ထောင်ချောက်လေးခု … အကြောင်းအချက်တွေ..နဲ ့…

ကျွန်တော်တို ့နိုင်ငံ ရဲ ့ အခြေအနေတွေကို..ချိန်ထိုး.သုံးသပ်ပြထားတာတွေ…ပါတာပေါ့ ။

ဒါက… တော်တော်… ဖတ်လို ့ ကောင်းမယ့် အနေအထားပါ ။

=============================================

စာအုပ်က ဘယ်လို အကြောင်းအရာလဲ..?????????????

ဘယ်လို အကြောင်း အရာလဲ..ဆိုတော့…

ဆင်းရဲတဲ့နိုင်ငံတွေ..ဟာ ဆင်ရဲခြင်း ထောင်ခြောက် လေးခု ထဲ..ကျနေလို ့ပါ..ဆိုပြီးးးး

အဲဒီ ထောင်ချောက်လေးခုကို တစ်ချက်ချင်း.. ထောက်ပြ ရှင်းလင်းထားတဲ ့ စာအုပ်ပါ ။

ဆရာမဂျူး..က အဲဒီ အချက်လေးချက်ကို အကျစ်လျစ်ဆုံး ဖြစ်အောင်.. သူ ့အရေးနဲ့….ပြန်ရှင်းပေးထားပါတယ် ။

စာအုပ်မှာက.. ဆင်းရဲခြင်းထောင်ခြောက်လေးခု ထဲကျနေတဲ့နိုင်ငံတွေ အတွက်..ဗျူဟာတွေလည်း.. ပါပါတယ် ။

ရုန်းထွက်ကြည့်ရမယ့်…နည်းလမ်းတွေ.ပေါ့ ။

==============================================

ဆင်းရဲခြင်း ထဲ..ရောက်စေတဲ့ ထောင်ခြောက်လေးခုဆိုတာ…ဘာတွေလဲ….???????????????

(ကျွန်တော်တောင်.. ဟိုတစ်လောက.. ရေးဖူးပါတယ် ။ အက္ခရာများနဲ့ ခရီးသွားခြင်းထဲမှာ.ဆောင်းပါးတစ်ပုဒ်အဖြစ် ထည့်ရေးခဲ့ဖူးပါတယ် ။ )

( ၁ ) ပြည်တွင်းစစ် ပဋိပက္ခ ထောင်ချောက် ( conflict trap )

( ၂ ) သဘာဝ သယံဇာတ ထောင်ချောက် ( Natural resource trap )

( ၃ ) ဆိုးဝါးသော..အိမ်နီးချင်းနိုင်ငံများကြားတွင် ပိတ်မိနေသည့် ထောင်ချောက် ( Land locked with bad neighbors )

( ၄ ) နိုင်ငံငယ်ကလေးတွင်..စီမံအုပ်ချုပ်မှု ညံ့ဖျင်းနေခြင်း ဟုူသောထောင်ချောက် ( Bad Governace in small country )

==================================================

ဂျူး ရေးလိုက်တဲ့ အောက်ခြေ သန်းတစ်ထောင်ရဲ ့ နောက်ထပ် ထူးခြားချက်က ဘာလဲ..???????????????

နောက်ထပ် ထူးခြားချက်ကလေးကတော့… မြန်မာနိုင်ငံကို..Paul Collier လာခဲ့တုန်းက ပြောခဲ့တဲ ့ မိန် ့ခွန်းကို ဆရာမ ဂျုူးကိုယ်တိုင် သွားရောက်နာေးထာင်ခဲ့ပြီး…

ဆရာမဂျူး.. ကောက်နှုတ်ထားတဲ ့ အတွေးဆောင်းပါး..လေးပါ.. ပါဝင်နေတာပါ ။

===================================================

ဆရာမဂျူး.. ရေးသား ထုတ်ဝေလိုက်တဲ ့ စာအုပ်

အောက်ခြေသန်းတစ်ထောင်ကို….

မတ်လ / ၂၀၁၃ မှာ ပထမဆုံးအကြိမ် ပုံနှပ် ထုတ်ဝေလိုက်ပါတယ် ။

တန်ဖိုးကတော့.. ဈေးနှုန်း အသင့်အတင် ့ဖြစ်သော.. 800 ကျပ် နဲ ့.. ဝယ်ယူနိုင်ပါကြောင်းးးးး ။

( တခြားဆိုင်တွေမှာ ဝယ်ရ ခက်နေနိုင်ပါတယ် ။ လှည်းတန်း (ရန်ကုန်မြို ့ ) က အင်းဝ စာအုပ်တိုက် မှာ..ဝယ်ယူရင်.. အလွယ်တကူ ရနိုင်ပါကြောင်းးးး )

===================================================

ဖတ်ပြီး သူတွေ ပြန် သတိရ စေချင်လို ့ရယ်…..

မဖတ်ရသေးသူတွေ…ဖတ်သင့်တဲ့ စာအုပ်ကလေးတစ်အုပ် ဖြစ်ကြောင်း…သတင်းပေးချင်လို ့ရယ်…နဲ ့…

ဒီ စာအုပ်သတင်းပေး.ပိုစ့်ကို ရေးသားလိုက်ရပါကြောင်းးးးး

လေးစားစွာဖြင့်

အလင်းဆက်

19 comments

  • ကထူးဆန်း

    May 16, 2013 at 9:29 pm

    ဆလမ်မာလေးကွန်း
    ရှဲ ရှဲ ..
    ဝ တို့ တိုင်းပြည်က လေးခုလုံးထဲ ကျနေတော့မထွက်နိုင်တော့ဘူး ထင်ပ။

    Reply

  • အလင်း ဆက်

    May 16, 2013 at 9:37 pm

    လေးလေးကထူးဆန်းရေ….
    အမှန်…ပါပဲ… အမှန်ပါပဲ. .။
    လေးချက်လုံးနဲ ့.. ထိနေတာမှ… ထိထိ ထိထိ နဲ့ကို မြည်နေတော့ကာ…….
    ထောင်ချောက် တွင်း..ဆုံးနေပြီ..ထင်ပါ့ ။

    မျှော်လင့်ချက်ကလေး.ရေးရေးးးနဲ ့
    ရှေ ့ဆက်ကြပါစို ့….လို ့..

    Reply

  • padonmar

    May 16, 2013 at 9:50 pm

    ဆက်ဆက်ရေ
    ဝယ်ဖတ်ပါ့မယ်။ကျေးကျေး

    Reply

    • MaMa

      May 17, 2013 at 6:48 am

      ဆက်ဆက်ရေ-
      စာအုပ်ကို မဖတ်ရသေးတော့ ကောင်းမကောင်းတော့ မသိသေးဘူး။
      စာအုပ်မိတ်ဆက်ကတော့ အင်မတန်ကောင်းတာမို့……
      ငှားဖတ်လိုက်ပါ့မယ်။ :harr:

      Reply

  • kai

    May 17, 2013 at 12:00 am

    အမှတ်မမှားရင်.. Paul Collierက.. ထောင်ချောက်Trap ဆိုတာထက်.. ကျိန်စာCurse ဆိုတဲ့စာလုံးကိုသုံးတယ်..။
    ကျ၊ုပ်ကတော့.. တကြောင်းထဲပဲ..။

    .. နှစ်၁၀၀ဝ ကျိန်စာ.. :kwi:

    ပြင်လိုက်.. ထောင်ချောက်အားလုံးလွတ်တယ်..

    Reply

  • lele kyi

    May 17, 2013 at 5:37 am

    အလင်းဆက်ကိုုကျေးဇူးအထူးတင်ပါတယ်။ စာမဖတ်တာအချိန်အတိုုင်းအတာတစ်ခုုအထိကြာနေတဲ့ကျမ အတွက် ပထမဆုုံး စိတ်ဝင်စားရတဲ့ စာအုုပ်တစ်အုုပ်ဖြစ်သွားပြီ။သေသေချာချာကိုုဝယ်လိုုက်မယ်။ 🙂

    Reply

  • တား ဂဒေါ့ ဖတ်ပီးတွားဘီ …
    ဟိုပို့စ်လေးထဲမှာတောင် ထဲ့ရေးထားဒေးဒယ် ..
    သူဂ ခုမှ တစ်ရေးနိုး လာပြ .. အဲလေ .. လာပေါ နေဒယ် …
    ထပ်ဖတ်လိုက်ဘာအုံးမယ် ….
    ချဲချဲဘာဘဲရို့ …

    Reply

  • N@ng Ghi Ghi Joe Z

    May 17, 2013 at 6:46 am

    မပလီနဲ့ သဂျီး
    အိုက်ဒါတွေကို ခြုံပြီး
    Development traps လို့ သုံးထားတာပဲ တေ့တယ်…အိုက်ဒါကို Curse အဖြစ်
    တင်စားဟောပြောရင်တော့မသိဘု ..ရေးတဲ့ထဲတော့ Trap ပဲ..

    :harr:

    ကဆက်ဆက် ရေ …
    စာအုပ်သတင်းအတွက် ကျေးကျေးပါဗျို့ ..
    မူရင်းကို ကြားဖူး နားဝ မြင်ဖူးမျက်စိဝနဲ့ ..မရှာဖြစ်ခဲ့ရင်း ခုလို အသေအချာသိရလို့
    ဘာသာပြန်နဲ့ပါ တွဲဖတ်ချင်သွားဘီဗျို့ …

    စကားမစပ်
    ( ၄ ) နိုင်ငံငယ်ကလေးတွင်..စီမံအုပ်ချုပ်မှု ညံ့ဖျင်းနေခြင်း ဟုူသောထောင်ချောက် ( Bad Governace in small country )
    ကို ကျော်တို့ တိုင်းပြညနဲ့ ကိုက်တယ် လို့ မယူဆဘု လို့ ကြိုတင်ခံငြင်းလိုပါဂျောင်းဗျာ…
    Size အရ အရှေ့တောင် အာရှမှာအထွားဆုံး စာရင်းပေါက်ပီး ကိုယ့်ကို ကျွန်လာလုပ်သွားတဲ့ အင်ဂလိကန်နဲ့ ဂျာပန် တို့ထက် ၂ဆလောက်ကြီးသေးမဟုတ်လား..။ အဲ Demography, Geography အရ တိုင်းရင်းသားတွေ ကွဲပြားပုံတွေကလည်း
    ဩချယူရလောက်အောင်ကိုးဗျ..။ စီမံအုပ်ချုပ်မှု ညံ့ဖျင်းနေခြင်း ဆိုတဲ့အချက်ကိုတော့ ..ဟုတ်ကဲ့ ..စာတွေ ကျောင်းပြန်သွားလို့
    နောက်များမှပဲခီညာ..

    :byae:

    အာဟိ..
    ဒက်ဂလောက်

    Reply

  • အလင်း ဆက်

    May 17, 2013 at 7:43 am

    ချစ်သောအံ
    တိဘူးလေ
    နာက ဘတုမှ ဒီစာအုပ် အ ကြောင်းးး
    ရွာာထဲမှာ မ ပြော တေးဘူး ထင် တာဂိုးးးး
    ဟို ပပိုစ့်ကို နာ မဖတ်ဖြစ်တေး လို့ပါအေ့

    ဘာ ပဲ ဖြစ် ဖြစ် နာက သတင်း ပေးး ရကျိုး နပ်ချင် တာ
    ဒီတော့ ထပ်ဖတ်အေ

    :kwi:

    Reply

  • အလင်း ဆက်

    May 17, 2013 at 7:49 am

    ကျွန်တော် ပေးမိဒဲ့ စာအုပ် သတင်းပေးချက် က လေးကို
    ဖတ်ချု ပြီး သဂါလ
    အနှီ စာအုပ်ကို ဖတ်ချင် သွားသော မဖတ် ရ သေးသူများးးးးးး
    ပြန် လည် သတိတရ ဖြစ်သွား သော ဖတ်ပြီးသူ များးးးး

    ကျွန်တော် အလက်ဆင်းက ကျေး ဇူး တင် ဘာဒယ် လို ့

    🙂

    Reply

  • မင်းမင်း

    May 17, 2013 at 9:31 am

    ဟုတ်ကဲ့ပါ။ဖတ်ပြီးရင်ဘာဖြစ်နိုင်လဲတိဘူးးနော်။
    ဖတ်ပြီးပိတိဖြစ်နိုင်မလားးးး?????ညွန်းပုံအရတော့ဒေါသထွက်
    နိုင်တယ်ထင်တယ်။ဖတ်ဖြစ်အောင်ဖတ်ပါမ
    ်လေးးးးးးးဒေါသထွက်ကြည့်တာပေါ့
    ဟီးးးးး

    Reply

  • ဦးကြောင်ကြီး

    May 17, 2013 at 10:29 am

    အောက်ခြေသန်းတထောင်
    ပျောက်စေမန်းတဘောင်
    လျောက်ဖြေရမ်းကြောင်
    မောက်ရွှေနန်းဆောင်
    ဟောက်လေစွမ်းအောင်
    သောက်ငွေတန်းပြောင်
    ဂေါက်နေလွမ်းငေါင်
    အောက်ပြည်ကမ်းသောင်..

    Reply

  • အလင်း ဆက်

    May 17, 2013 at 12:10 pm

    ကမင်းမင်း ရေ

    ဒေါသ လည်း ထွက်ချင် စရာ
    စိတ်လည်း ပျက် ချင် စရာ

    ဖတ်တော့ လည်း ဖတ် ချင် စရ ာ
    :kwi:

    Reply

  • အလင်း ဆက်

    May 17, 2013 at 12:14 pm

    အောက်ပြည် ကမ်း သောင်
    ပျောက်ပြီ ယမ်းယောင်
    ကောက်သည် လမ်းနောင်
    လျှောက် ဒီ စမ်း တောင်
    ဖောက် သည် လျှမ်း ရှောင်

    အဟီးးးး
    အုကြောင် ကို အားကျလို ့

    Reply

  • kyeemite

    May 17, 2013 at 4:25 pm

    ကျေးဇူးပါ အလက်ဆင်းရေ..
    အလက်ဆင်းက စာညွှန်းတော်တော်ကောင်းတာပဲ..တကယ်ပါ..
    ဆရာမဂျူးသာဖတ်မိရင် အလက်ဆင်းကို ဖက်တောင်နမ်းမလားမသိ(မောင်လေးတစ်ယောက်လိုပါနော)
    😆

    Reply

  • အလင်း ဆက်

    May 17, 2013 at 5:21 pm

    အမငီးးးးးးးး
    အူးကြီး မိုက် ရယ်

    ဘွားဒေါ်ဂျီး ဂျူးးးး နဲ့ ကျွန်တော် နဲ့ ဖက်နမ်းနေ တဲ့ပုံ မြင် ယောင်
    ကြည့် လိုက်တော့ . . .
    အားပါးပါးးးးးး

    :kwi:

    ကျွန်တော် စာအုပ်တွေ ကြော်ငြာတဲ့ အလုပ်
    လုပ် ရင် အောင်မြင် မယ် ပေါ့နော်

    ဟိဟိ

    လောလောဆယ် တော့
    ဖတ်စေချင် လို ့ သ တင်း ပေး တဲ့ အ နေ အထား ပါပဲ လို့
    🙂

    Reply

  • kotun winlatt

    May 17, 2013 at 9:56 pm

    စာပေဟောပြောပွဲမှာ ထည့်ပြောတာတော့ ကြားဘူးးတယ်…
    ဝယ်ဖတ်ရဦးးးမယ်ဗျို့..စာအုပ်မိတ်ဆက်လေးးရေးးးပေးးးတာ ကျေးးဇူးးးးပါ ခင်ဗျ….။

    Reply

  • အရှင် သခင် ဆရာ ကိုယ်တော် mobile

    May 18, 2013 at 12:49 am

    စပြီးရင် ဆုံးအောင်လုပ်ရတယ် ဆိုသည့် စကာပုံအရ
    ဒီစာအုပ်အကြောင်းစပြောတဲ့ ကိုအလင်းဆက်ကပဲ ဆုံးအောင်လုပ်ပေးပါဦး
    ကျုပ်လည်းဖတ်ချင်စိတ်ဖြစ်မိတယ် မြဝတီမှာက ဝယ်လို့မလွယ်နိုင်(မရနိုင်ဖို့များသည်)
    စာအုပ်ဈေးနှုန်းကလည်း ၈၀ဝ ဆိုတော့ ဝယ်ပျော်တဲ့ဈေးနှုန်းပါပဲ…….
    တစ်အုပ်လောက် ဝယ်ပြီးတော့ဗျာ Scan ဖတ်ပြီး ကျုပ်ဆီကို အီးမေးလ်ဖြင့်
    ပို့ပေးမည်ဆိုလျှင်တော့ ကျုပ်ကလည်း ကိုအလင်းဆက် အားထုတ်ရတဲ့ အားထုတ်မှုမျိုးနဲ့
    ညီမျှလောက်တဲ့ အရာတစ်ခု အီးမေးလ် ကနေပဲ ပြန်ပို့ပေးပါ့မယ်……………..

    Reply

Leave a Reply to kyeemite Cancel Reply

Your email address will not be published.