ကျေက်ဆည်မြို့မှ တန်ခိုးကြီး ဓာက်တော်လှိုဏ်ဂူတော်

thihayarzarJuly 27, 20101min04

ဓာက်တော်တောင်ဘုရားသည် ကျောက်ဆည်မြို့နယ်တွင်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ တန်ခိုးကြီး ထင်ရှားကျော်ကြားသော ဘုရားများတွင် အပါအဝင်ဖြစ်သည်။ ဓာက်တော်ဘုရားသည် ဂေါတမမြတ်စွာဘုရား အပါအဝင် ဘုရားလေးဆူတို့၏ ဓာက်တော်များ ကိန်းဝပ်ရာ ဘုရားလေးဆူနှင့်တကွ ရဟန္တာအရှင်မြတ်များ သီတင်းသုံးတော်မူခဲ့သော လှိုဏ်ဂူတော်ဖြစ်သဖြင့် တန်ခိုးကြီးပါသည်။ ဓာက်တော်ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း (၈) ရက်နေ့မှစပြီး တပေါင်းလပြည့်နေအထိ စည်းကားသိုက်မြိုက်စွာ ကျင်းပသည်။ ဓာက်တော်လှို်ဏ်ဂူတော်အထက် တောင်ပေါ်တွင် နတ်ရေကန်ရှိပါသည်။ ထိုနတ်ရေကန်သည် သိကြားမင်းက ထိုလှိုဏ်ဂူတော်သို့ဘုရားရှင် ကြွရောက်လာသည်ကို သိသဖြင့် ဘုရားရှင်၏ မျက်နှာသစ်တော်ရေ၊ သောက်တော်ရေ၊ လက်ဆေးတော်ရေ၊ သုံးဆောင်တော်ရေ၊ ခြေဆေးတော်ရေ၊ သန့်စင်တော်ရေတို့နှင့်တကွ ကိုယ်တော်သုံး သပ္ပာယ်ရန် နတ်ရေကြည်တို့ကို လူတို့လည်းမြင်စေရန် တောင်တော်အထက် လှိုဏ်ဂူဝ၏ အလယ်တွင် အလွန်သန့်စင်ကြည်လင်သောရတနာတို့နှင့် ကာရံလျက် နတ်ရေကန်ကို နတ်တို့၏ တန်ခိုးတော်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်ဟု ဓာက်တော်တောင်သမိုင်းစာအုပ်တွင် တွေ့ရသည်။
လှု်ိဏ်ဂူတော်အတွင်းရှိ လျှောင်းတော်မူရုပ်ပွားတော်ကြီးသည် အရှင်မဟာကသာပ ၏ပုံစံကို နောင်လာနောင်သားများ ဖူးမြော်နိုင်ရန်အတွက် ရဟန္တာမထေရ်မြတ်တို့က ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ လှိုဏ်ဂူတော် အလယ်တည့်တည့်တွင် သက္ကအမည်ရှိ သိကြားမင်းနတ်ပြည်မှယူဆောင်လာသော မဥူသကနတ်ပန်းပင်လည်း ရှိသေးသည်။ ၁၃၃ဝ ခုနှစ် ပတ်ဝန်းကျင်မှသာ ထိုအပင်သည် ခြောက်သွေ့ပြီးပြိုလဲသွားခဲ့သည်။ ဓာက်တော်လှိုဏ်ဂူတော် အတွင်းတွင်ရဟန္တာထွက်ပေါက်ဂူ သေးသေးလေးတစ်ခုရှိသည်။ ထိုဂူအဝင်ဝသည် သေးသော်ငြားလည်း မည်သူမဆိုဝင်နိုင်သည်ဟုဆိုသည်။ ဝင်ပေါက်သည် အောက်သို့ ဂလိုင်ပေါက်ပုံစံဖြစ်သည်။ ဂူပေါက်အောက်ဆုံးတွင် စေတီတစ်ဆူလည်း ရှိသည်။ လှိုဏ်ဂူတော် အတွင်းတွင် ကျောက်ရေစက်ခွက်များ၊ ကျောက်တင်များ၊ မောင်းတော်ကြီး၊ စေတီငယ်များလည်း အများအပြားတွေ့ရသည်။
ဓာက်တော်လှိုဏ်ဂူတော်သည် အံဖွယ်ကိုးပါးနှင့်ပြည်စုံသော တန်ခိုးကြီးသည့် လှိုဏ်ဂူတော် ဖြစ်သည်။ ထိုကျောက်လှိုဏ်ဂူတော်သည် အလိုအလျောက်ပေါ်သည့် လှိုဏ်ဂူဖြစ်သည်။ လှိုဏ်ဂူတော်အတွင်းရှိကျေက်ခက်၊ ကျောက်တက်၊ ကျောက်ပန်း၊ ကျောက်စည်၊ကျောက်မောင်းများလည်း ရှိသည်။ လှိုဏ်ဂူတော်အတွင်းသို့သစ်ပင်များမှ အမှိုက်သရိုက်များ မိုးရေများလည်း မဝင်ပါဘူးတဲ့။ အညစ်အကြေးများလည်းကင်းစင်ပါတယ်။ လှိုဏ်ဂူတော်အတွင်းသို့ ဘုရားဖူးဧည့်သည်များဘယ်လောက်များများ ခြေရာတွေစေ့ပေမယ့် နေစရာမရှိဘူးလို့ ပြောသံမကြားရပါဘူး။ လှိုဏ်ဂူတော်သို့ နေ့ချင်းပြန်ရောက်နိုင်သောကြောင့် မြန်မာပြည်အနှံဘုရားဖူးများလည်း လာနိုင်ပါသည်။ တရားအားထုက်လိုသူများလည်း အေးအေးချမ်းချမ်း တရားမှတ်နိုင်သောနေရာဖြစ်သည်။

4 comments

  • etone

    July 27, 2010 at 7:33 am

    တစ်ခါမှတော့မရောက်ဖူးဘူး ။

    Reply

  • Yin Nyine Nway

    July 27, 2010 at 8:04 am

    ကြားတော့ကြားဖူးတယ်
    မရောက်ဖူးဘူး

    Reply

  • ghost

    July 27, 2010 at 10:56 am

    ဘုရား က တကယ်ဘဲ ကျောက်ဆည် ကိုကြွဖူး လို့လား ဘယ်စာထဲများပါ သလဲ မသိလို့မေးတာနော်
    စိတ်မဆိုးကျေး………

    Reply

  • komyo574

    August 2, 2010 at 3:22 pm

    အကိုရေးထားတာတွေကကျနော်ကြားခဲ့ဘူးတာတွေနဲ ့အတူတူပဲ
    ကျနော်ကျောက်ဆည်မှာအလုပ်သွားလုပ်တုံးကသူငယ်ချင်းတွေနဲ ့ရောက်ဘူးတယ်အဒီဘုရားပေါ်ကိုတောင်မှပဲသဲအိတ်တွေထမ်းပြီးတင်ပေးကြသေးတယ်
    ဘုန်းကြီးကျောင်းမှာတောင်ထမင်းစားခဲ့ကြသေးတယ်
    အဒီတုံးကအရမ်းပျော်ခဲ့ရတယ်ဗျ
    ပြီးတော့ကျောက်ဆည်ဆင်မင်းဘိလပ်မြေစက်ရုံ(၂)နားလေးကတောင်ပေါ်ဘုရားလေးပေါ်လဲတက်ဘူးတယ်လမ်းမရှိဘူးကျောက်တောင်ပေါ်ကိုတွယ်ပြီးတက်ရတာပေါ့

    Reply

Leave a Reply to ghost Cancel Reply

Your email address will not be published.