အချစ် နဲ့ ကွန်ပျူတာ

Aung Myat LinMay 5, 20131min04

အချစ်နဲ့ ကွန်ပျူတာ

 

ချစ်သူ မင်းလေး ဟာ User တစ်ယောက်ဆိုရင်

ကိုယ့်ရဲ့ System လေးက Power ကိုသာ တစ်ချက်နှိပ်လိုက်ပါ

ချက်ချင်း မင်းကိုချစ်တဲ့ နှလုံးသားက ထုတ်ပြမဲ့ BIOS Display လေး ပေါ်လာမှာပါ

မင်းမယုံရင် Delete နှိပ်ပြီး စစ်ကြည့်ပါကွာ ကိုယ်ဟာ အချိန်မှန်လုပ်ဆောင်ပေးနေမှာပါ

မင်းကိုချစ်တတ်တဲ့ Memory ကလဲ အပြည့်ပါပဲ

မင်းကိုစောင့်ရှောက်ပေးမဲ့ CPU လေးကလဲ Update လုပ်ထားတယ်လေ

မင်းရဲ့အချစ်တွေကို သိမ်းဆည်းပေးမယ့် Hard Disk ကလဲ အလုံအလောက် ရှိပါတယ်

ကိုယ့်ရဲ့အချစ်တွေကို ဖော်ပြပေးမယ့် Graphic Card လေးလဲ ရှိတယ်လေ။

မင်းဆီက အချစ်တွေရဖို့ Power Supply လေးက မျှော်နေတယ်။

Power ခလုပ်လေးကို တစ်ချက်ပဲ နှိပ်လိုက်ပါချစ်သူ။

ချစ်သူစေခိုင်းတာတွေ လုပ်ဖို့ ကိုယ်တာဝန်ကျေပါရစေ ခဏအတွင်းမှာပဲ

ကိုယ့်ရဲ့ အသဲနှလုံး Window လေးဟာ လှုပ်ရှားသွားခဲ့ပါပြီကွာ

ကိုယ်ရင်ခုန်စွာနဲ့ ဖြတ်ကျော်လာခဲ့မယ် Wait a minute

Desk Top ပေါ်ကို ကိုယ်ရောက်ပြီလေ အချစ်လေးစိတ်တိုင်းကျသာ အသုံးပြုပါတော့ချစ်သူ။

 

ကိုလင်း(စစ်ကိုင်း)

4 comments

  • တိမ်မည်း

    May 5, 2013 at 12:40 pm

    ချစ်သူရယ်….
    မင်းပေးလိုက်တဲ့ လက်ဆောင်ထဲမှာ Virus ပါလာလို ့ အခုဆို ကိုယ်ဖျားနေပီကွာ….

    မင်းကိုယ့်ကို ဂရုမစိုက်လို ့ ဖုန်တွေလည်း တက်နေပီ…..

    မင်းထောက်ပံ့တာ အသုံးမကျလို ့ မီးအားနည်းနည်းနဲ ့ ကိုယ့်ဘဝဟာ နွေလည်ခေါင်ပါကွာ……

    ချစ်သူရယ်….. Virus ဘယ်လောက်များများ…… ဖုန်ဘယ်လောက်တက်တက်….. ပါဝါ ဘယ်လောက်နဲနဲနဲ…. ကိုယ် မင်းအတွက် လုပ်ပေးပေးပေးပေးပေးပေေေေေ……….. ……. … .. ဂွီဂွီ…ဂွက်

    ချစ်သူ said:

    ေ-ာက်-န်း ကွန်ပျူတာ….. ဝယ်ထားတာမှ တနှစ်ပြည့်သေးဝူး… ဟန်းသွားပြန်ပီ… ဆိုင်ပို ့တာလည်း ဆယ့်ခြောက်ခေါင်ရှိပီ…. တော်ပီ မသုံးတော့ဖူးဟာ…. ဖုန်းဒိုင်း ဂလုံး ဂွမ်း……….

    Reply

  • ရွှေ ကြည်

    May 5, 2013 at 4:36 pm

    ဒါဆို ဒက်စတော့က အောင်သွယ်တော်လား :mrgreen:
    နောက်ဆုံးတော့ စစ်စတန်နဲ့ ဒက်စတော့ ပဲ ကော်နက် လိုက်ရတာနော် :harr:

    Reply

  • MaMa

    May 5, 2013 at 6:15 pm

    ခုလောလောဆယ်တော့ မကြာခဏ သူ့အလိုလို Shut Down ဖြစ်သွားတဲ့ ကွန်ပြူတာကို ပြင်ချင်နေတယ်။
    ဘယ်မှာ ပြင်ရလဲ။
    သိသူများ လမ်းညွှန်ပေးကြပါအုံး။ :harr:

    Reply

  • မောင် ပေ

    May 5, 2013 at 7:57 pm

    ကျုပ်ကတော့ အီးပီစီ က မီးလိုင်း ပဲ ဖြစ်ချင်တယ်
    လာချင်လာမယ်
    လာချင်မှ လာမယ်
    လာချင်တဲ့ချိန် လာမယ်
    အားပြည့်ရင် ပြည့်မယ်
    အားနဲရင် နဲမယ်

    Reply

Leave a Reply

Your email address will not be published.