Obake ဟုခေါ်သော ရှုံတွနိုင်သည့် Screen

Mr WorldWideMay 3, 20131min04

ကျနော်က စာတွေကို ပုံလေးတွေနဲ့တကွတင်ပြချင်တာပါ။ ကံမကောင်းချင်တော့ နက်က ကျကျနေတက်ပါတယ်။ စိတ်မရှိကြပါနဲ့။  ရုံးမှာမနက်ပိုင်းဆို နက်ကောင်းတက်တော့ မနက်စောစောတင်ဖြစ်အောင်ကြိုးစားနေပါတယ်။

ယနေ့ခေတ် မိုဘိုင်းဖုန်းကိရိယာများအားလုံးနီးပါး၏ မျက်နှာပြင်များသည် Touch Screen အမျိုးအစားများ ပင်ဖြစ်ပါသည်။ သို့ရာတွင်ပထမဆုံးအနေဖြင့် မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်ရှိ သုတေသနဌာနက ကျုံ့ချဲ့ ဆွဲဆန့်နိုင်သော ဖန်သားမျက်နှာပြင်နည်းပညာကို ပြသခဲ့သည်။ မိုဘိုင်းဖုန်းမျက်နှာပြင်များပေါ်တွင် တမူကွဲပြားသော အာရုံခံစားမှုများ ဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ပါသည်။

  

Obake ဟုခေါ်သော စီမံကိန်းအား ယင်းတက္ကသိုလ်မှ သုတေသနပညာရှင်နှစ်ဦးဖြစ်ကြသည့် Dhairya Dand နှင့် Rob Hemsley တို့က ဖန်တီးခဲ့ပါသည်။ သူတို့ဖန်တီးထားသော ဆွဲယူကျုံ့ချဲ့နိုင်စွမ်းရှိ မျက်နှာပြင်အား ဆွဲယူလိုက်သည့်အခါ ကင်မရာမှအရွေ့ပေါ်မူတည်၍ အတိုင်းအတာကို တိုင်းတာမည်ဖြစ်သည်။ ထိတွေ့မှုတိုင်းကိုလည်း ဆက်တိုက်အာရုံခံစားနိုင်မည် ဖြစ်ပါသည်။ Obake ၏မျက်နှာပြင်အား 2.5D နည်းပညာသုံးထားပြီး 3D ပုံသဏ္ဌာန်သို့ ပြောင်းလဲဆွဲယူနိုင်သော်လည်း ၎င်း၏ဝန်ဆောင်မှုမှာ 2D နည်းပညာကဲ့သို့သာ အသုံးပြုနေရဆဲဖြစ်ပါသည်။

    သူတို့ ဖန်တီးထားသောနည်းပညာသည် အခြားသောနည်းပညာပစ္စည်းများတွင်လည်း အသုံးချနိုင်မည်ဟု ယုံကြည်ကြောင်း Dand ကပြောကြားခဲ့ပါသည်။ ယခုအခါ Obake သည် မျက်နှာပြင်ပေါ်၌ လက်လှုပ်ရှားမှု အနည်းအကျဉ်းလေးများကိုပင် အာရုံခံစားသိရှိနိုင်ပြီဖြစ်သော်လည်း ဆက်လက်သုတေသနပြုလုပ်ရဦးမည်ဖြစ်သောကြောင့် စမတ်ဖုန်းများတွင် တပ်ဆင်အသုံးပြုနိုင်ဦးမည် မဟုတ်သေးပေ။ အနာဂါတ်တွင်မူ Obake ကို မြေပုံဆွဲသော ကိရိယာများနှင့် အထူးပြုလုပ်ထားသောဂိမ်းများတွင် အသုံးချလာနိုင်မည်ဖြစ်ပါသည်။

Source:http://realitypod.com/2013/04/elastic-touch-screens-a-reality-now/

4 comments

  • MaMa

    May 3, 2013 at 8:44 am

    အံ့ချီးဘနန်းပါတကားးးးးးးးးး

    Reply

  • kai

    May 3, 2013 at 3:55 pm

    သူတို့တွေကတော့.. အသားကုန်ထွင်.. အသားကုန်အလုပ်လုပ်..
    ငတို့ဗမာများမတော့…
    အနိစ္စ.. ဒုက္ခ..အနတ္တ.. ၃လုံးနဲ့တင်.. အလုပ်မလုပ်နိုင်ပဲ.. ကပ်ရှုပ်နေကြတာ…

    အင်း..
    ထိုင်နေဦးမှပါပဲ..
    တရား.. တရား… :kwi:

    ပေါက်တော့မှ… ဖုဏ်း.. ဒိုဏ်းဆို.. နတ်ပြည်ကြီးဖန်ဆင်းပြီး.. တန်ခိုးနဲ့.. တွရှုံ ့နိုင်တဲ့.. နတ်သမီးတွေကိုယ်ထင်ပြခိုင်းပြီး.. နာရီစားနဲ့ရောင်းစားပစ်မယ်.. :kwi:

    Reply

    • မောင် ပေ

      May 3, 2013 at 7:49 pm

      မြန်မာနိုင်ငံသာ မြန်မြန်လေး ပြန်ခဲ့ပါဗျာ

      Reply

Leave a Reply to kyeemite Cancel Reply

Your email address will not be published.