နာဆာမှပေါင် ၆၅ သန်းအကုန်အကျခံ၍ ဥက္ကာခဲတစ်ခုအားဖမ်းဆီးတော့မည်

Mr WorldWideMay 2, 20131min09

အမေရိကန်အာကာသဆိုင်ရာ သုတေသနအဖွဲ့နာဆာသည် ဥက္ကာခဲတစ်ခုအား ဖမ်းယူပြီး လ၏ ပတ်လမ်းကြောင်းထဲသို့ပို့ရန် ပေါင် ၆၅ သန်း အကုန်အကျခံ သုတေသနရည်ရွယ်ချက်အား ခွင့်ပြုမိန့်ရရှိခဲ့ပါသည်။
သမ္မတ Barack Obama ၏ ၂၀၁၄ ခုနှစ်ဘတ်ဂျက်တောင်းခံမှုတွင် ဤစီမံကိန်းအတွက် ကုန်ကျစရိတ်များကို ထည့်သွင်းတောင်းခံသွားမည် ဖြစ်ပေသည်။ သို့သော် ငွေကြေးအကျပ်အတည်းများ သိသာ ထင်ရှားစွာ ဖြစ်ပေါ်နေသောကြောင့် အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်ရန် နှောင့်နှေးမှုများ ရှိနိုင်ကြောင်း လွှတ်တော်အမတ် Bill Nelson ကပြောကြားခဲ့ပါသည်။
နာဆာ၏ သုတေသနအစီအစဉ်မှာ မောင်းသူမဲ့အာကာသယာဉ်ဖြင့် ကမ္ဘာနှင့် နီးကပ်စွာရှိသော ဥက္ကာခဲ တစ်ခုအား ဖမ်းယူသယ်ဆောင်ပြီး လ၏ ပတ်လမ်းကြောင်းထဲသို့ ပို့ဆောင်ရန်ပင် ဖြစ်သည်။ ၎င်းအစီအစဉ်အား ၂၀၂၁ ခုနှစ်တွင် စတင်လုပ်ဆောင်မည် ဖြစ်ပါသည်။ လွှတ်တော်အမတ်တစ်ဦးက ယခုဆောင်ရွက်မည့် စီမံကိန်းသည် ကြီးမားသောစီမံကိန်းကြီးတစ်ခုလုံး၏ အစိတ်အပိုင်းပင် ဖြစ်ကြောင်းနှင့် ၎င်းစီမံကိန်းတွင် ဥက္ကာခဲပေါ်၌ သတ္တုတူးဖော်ခြင်း၊ ကမ္ဘာအားဝင်တိုက်တော့မည့် ဥက္ကာခဲအား လမ်းကြောင်းလွှဲခြင်းနှင့် အင်္ဂါဂြိုဟ်သို့ သွားသော စီမံကိန်းများတွင် တစ်ထောက်နားရပ်အဖြစ်အသုံးပြုခြင်း စသော စီမံကိန်းများ ပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါစီမံကိန်းအစကို ပေါင် ၆၅ သန်း သုံးစွဲပြီး စီမံကိန်းကြီးတစ်ခုလုံးအတွက် ပေါင် ၁.ရ ဘီလီယံသုံးစွဲ သွားမည်ဖြစ်ပါသည်။ ထိုစီမံကိန်းတွင် သတ္တုတူးဖော်ခြင်းသည်လည်း နိုင်ငံဘဏ္ဍာအတွက် အထောက်အပံ့တစ်ခု ဖြစ်စေပြီး အနာဂတ်ကာလတွင် သိပ္ပံပညာ၏ ကြီးမားသောရည်မှန်းချက်အောင်မြင်မှု ဖြစ်လာလိမ့်မည် ဖြစ်ပေသည်။

Source:http://www.wired.co.uk/news/archive/2013-04/6/nasa-asteroid-capture

9 comments

  • kai

    May 2, 2013 at 3:32 pm

    ဒီမှာလည်းစာမပါလာပါဘူး..
    ကြည့်ရတာ.. အင်တာနက် ကျနေတယ်ထင်တယ်..

    ဆိုတော့… ရာထူးတက်ပေးလိုက်ပါတယ်..
    ကိုယ့်ပို့စ်ကို အက်ဒစ်လုပ်ရင်း… ပြန်တင်စေလိုပါကြောင်း..။

    Reply

  • surmi

    May 2, 2013 at 3:43 pm

    နောက်ဆုံးပေါ်ရာထူးတက်နည်း 🙂
    ဒီတသ်ခါစာမပါဘဲတင်ဦးမှ
    :harr:

    Reply

    • ဦး ကျောက်ခဲ

      May 2, 2013 at 3:55 pm

      ကိုရင်ဆာ…
      နောက်ဆုံးပေါ်ရာထူးတက်နည်းကို ရွာသူ/ရွာသားများသိအောင်…
      မီးမောင်းထိုးပြတယ်… လူဇိုး
      :harr:
      ကိုရင် မောင်ခိုင်မာ (စမ်းချောင်း) ရေ စိတ်မဆိုးနဲ့နော် စ တာခင်ဗျ…
      မမန့်ဖြစ်ပေမယ့် အမြဲဖတ်ဖြစ်ပါတယ်…

      Reply

  • မောင်ခိုင်မာ (စမ်းချောင်း)

    May 2, 2013 at 3:45 pm

    တိန်

    Reply

    • MaMa

      May 2, 2013 at 4:45 pm

      သိပ္ပံပညာရပ်ဆိုင်ရာ သတင်းတွေကို သိရလို့ ဆရာ့စာကို အမြဲလိုလို မမန့်ဖြစ်တောင် ဖတ်ဖြစ်ပါတယ်။
      ဒီလိုအကျိုးရှိတဲ့စာတွေ တင်ပေးနေလို့ ကျေးဇူးလည်း တင်ပါတယ်။
      အပေါ်က ဆြာမိ နဲ့ အုန်းစတူး တို့ စနောက်နေတာကိုလည်း နားလည်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ :hee:

      Reply

  • Good™

    May 2, 2013 at 5:26 pm

    သိပ္ပံပညာရပ်ဆိုင်ရာ သတင်းတွေကို သိရလို့ မမန့်ဖြစ်ပေမယ့် အမြဲဖတ်ဖြစ်ပါတယ်…

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 2, 2013 at 5:50 pm

    အဲ့သည် စီမံကိန်းကြီးကို ဘုရားသဂျားမလို့ အဆတစ်ထောင်လောက် နေ့ခြင်းညခြင်း
    အောင်မြင်ဂျဘါဇေဗျာ
    အထူးသဖြင့် သတ္တုလုပ်ငန်းတွေ ကြီးကြီးကျယ်ကျယ်အောင်မြင်ပါစေ
    ဒါမှ ကျုပ်တို့နိုင်ငံမှာ လယ်မြေတွေအသိမ်းခံရသက်သာမှာ
    ဖြစ်နိုင်ရင် ကလားတွေအတွက် ကမ္ဘာအသစ်တစ်လုံးလောက်လည်း ရှာပေးလိုက်ဂျဇေဂျင်ဘါဒယ်

    Reply

  • မောင်ခိုင်မာ (စမ်းချောင်း)

    May 3, 2013 at 7:53 am

    thx guys…i really like your comments

    Reply

  • cobra

    May 3, 2013 at 3:57 pm

    ရွာထဲမှာ ဒီလိုလူစုံတာ အရမ်းကောင်းတာပဲ
    လေးစားပါတယ် နောက်လည်းဒီလိုလေးတွေတင်ပေးပါဦး

    Reply

Leave a Reply

Your email address will not be published.