မိုးကိုမျှော်သူ

ရုံး အနောက်တွင်

ပင်ရွှေပိတောက်

ပွင့်ပုံမပေါက်၍

မေးကြည့်လေရာ

မိုးမလာသဖြင့်

ပွင့်ချင်ပါလည်း

အခွင့်မသာ

ဖြစ်ပါရကြောင်း

ပြန်ပြောင်းဖြေကြား

မိုး မသနား၍

ပိတောက်သစ္စာ

ပျက်ရရှာဟု

ကြွေလုငုံဖူး

ရူးမတတ်ဖြစ်ရှာ

မျှော်သူမှာ ။

 

photo1309_001

13 comments

  • ခင်ခ

    May 2, 2013 at 1:36 pm

    အခါလွန်မိုး
    ရွာသွန်းစေချင်
    ပူလွန်းပါပေ
    အညာမြေ။

    Reply

  • kyeemite

    May 2, 2013 at 1:47 pm

    ပန်းပိတောက်တွေ
    လျှမ်းတောက်“နေ”မှာ
    ခမ်းချောက်ရေမပါ
    နွမ်းခြောက်ကြွေမှာ
    စိုးမိပါတယ်။ :byae:

    Reply

  • Myo Thant

    May 2, 2013 at 1:50 pm

    ရန်ကုန်က ပိုပူနေသလိုပ ဲကိုခရေ
    ပူလွန်းလို့ သတိပေးချက်တောင် ထုတ်နေပြီ

    ( သတိပေးကြေငြာချက်

    ရန်ကုန်မြို့တော်၏ အပူချိန်မှာ အန္တရာယ်ရှိသော အဆင့်သို့ရောက်ရှိနေကြောင်း …… အပူချိန်မှာ.. ၄၅ ဒီဂရီ စင်တီဂရိတ်အထက်နှင့် ရှိသောကြောင့် WHO အဖွဲ.မှ သတ်မှတ်ထားသော (Extreme Danger) အန္တရာယ် ရှိမူ လွန်ကဲသည့် အဆင့်ထက် ကျော်လွန်သွား ကြောင်းသိရှိရသည်။
    ထို့ကြောင့် ကျောင်းသူ ကျောင်းသားများ အနေနှင့် နေပူဒဏ် ကိုတတ်နိူင်သမျှရှောင်ကြရန်နှင့်… အကာအကွယ်မဲ့ သွားလာခြင်း….. နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ခြင်း မျိုးကို လုံးဝ လုံးဝ ရှောင်ကြဉ်ကြရန်…. သတိပေးနိူးဆော်အပ်ပါသည်။

    အပူချိန်ကြောင့် ဖြစ်ပေါ်နိူင်သော သက်ရောက်မူများမှာ ဦးနှောက်သွေးကြောပြတ်ခြင်း… အားအင်ကုန်ခန်းခြင်း….. မူးဝေခြင်း… ဝမ်းလျှော ဝမ်းပျက်ခြင်း ဖြစ်ပေါ်စေနိူင်ပါသည်။။

    Ref : Gusto Higher Education Institute )

    Reply

  • surmi

    May 2, 2013 at 1:53 pm

    အင်း ပန်းပိတောက်ဘဝလိုပဲ
    ကျုပ်တို ့လည်း ပူလို ့သေတော ့မယ်
    တစ်ခါလောက်တော ့ရွာစေချင်ပါတယ် ….
    မိုး မိုး ဘယ်လိုလည်းမိုးးးးးးးးး

    Reply

  • ဗုံ ဗုံ

    May 2, 2013 at 3:39 pm

    လွန်ဆွဲ မယ်လေ ယောက်ခမဂျီး မိဗုံနိုင်ရင် ကောင်းကောင်းကို ပေးရမယ် ယောက်ခမဂျီးက နိုင်ရင် မိဗုံကို မုန့်ဝယ်ကျွေးရမယ် … :harr:

    Reply

    • Myo Thant

      May 2, 2013 at 3:48 pm

      နစ်နာနေပါဦးမယ်ကွယ် ၊
      ဒီလိုလုပ်
      ဗုံကလေးနိူင်ရင် ကောင်းကောင်းကိုပေးမယ်
      ငါနိူင်ရင် နတ်သမီးလေး ရှာပေး
      ဟီး ဟီး 😛

      Reply

  • TNA

    May 2, 2013 at 5:32 pm

    မိုးကိုကတော့ ပိတောက်လဲမျှော် လူလဲမျှော်အိပါပဲ ကိုမျိုးသန့်ရေ။ အပြင်ထွက်တိုင်းမိုးကိုတမ်းတာမိပါတယ်။ ပူလိုက်တာလှိမ့်နေတာပဲ။

    Reply

  • မောင် ပေ

    May 2, 2013 at 7:42 pm

    မိုးကိုမျှော်သူ
    တိုးလိုပျော်ယူ
    ပိုးဆိုဂေါ်ကြူ
    ဆိုးအိုမော်ပူ
    ဇိုးကိုကျော်လှူ

    Reply

  • နေဝန်းနီ

    May 2, 2013 at 9:25 pm

    ပိတောက်ပွင့်ချင်ရင် မိုးကိုမမျှော်ပါနဲ့လား ……။ ညနေခင်း နေရောင်ပျောက်သွားတဲ့အချိန်မှာ ရေပိုက်နဲ့ ရေလောင်းပေးလိုက် နောက်တစ်နေ့ပွင့်လိမ့်မယ်….။ အဲဒိပိတောက်တွေက မြန်မာပိတောက်ဟုတ်ဖူးတဲ့ ……။ မြန်မာပိတောက်က တောထဲမှာပဲရှိတော့တယ်တဲ့….။ မြို့ပေါ်မှာ စိုက်တဲ့ပိတောက်တွေက အိန္ဒိယ ကလာတဲ့ မိုးပိတောက်လို့ခေါ်သတဲ့….။ ရေဖျန်းပေးတာနဲ့ အပွင့်ပွင့်တယ်လို့ပြောတာပဲ….။ စမ်းကြည့်ပါလား

    Reply

  • kyeemite

    May 3, 2013 at 9:28 am

    ရွာစေချင်ရင်မရွာနိုင်ဘူး ♪ ♫ ♬ ♭ ♮ ♯
    မရွာစေချင်ရင်သွန်းဖြိုးမစဲတော့တယ်…
    မိုး…ဘယ်လိုလဲမိုး…
    အသိရခက်လွန်းတဲ့မိုးမင်းရယ်…
    ခန့်မှန်းရခက်တဲ့မိုးမင်းရယ်…မိုး..♪ ♬ ♭ ♮ ♯ ♪ ♫ ♮ ♯ ♪ ♬ ♭ ♮ ♯

    ဘာရယ်မဟုတ်…ဒီနေ့မနက်သစ်ထူးလွင်မှာ သတင်းထူးတစ်ခုဖတ်လိုက်ရလို့ပါ…
    “ကလောမြို ့နယ်မှာ မိုးပြင်းထန်စွာ ရွာချသောကြောင့် လူ (၅၀)ဦးခန် ့သေဆုံးပြီး လူ (၇၀)ကျော် ဒဏ်ရာရ”
    ဆိုပဲဗျ..လူတော်တော်သေတယ်..စိတ်မကောင်းစရာ… :byae:

    Reply

  • ဒီနေရာဂျီး နေ့စဉ်နီးပါး မျင်ဖူးဘာဒယ် အောက်မေ့နေဒါ …
    အော် .. အော် …
    ကျုပ်ဒို့ ရုံးနောက်က ((မှန်းတုပ်)) အပင်ဒွေဘဲ …
    ခညား .. ကျုပ်နဲ့ ဂလောက်နီးဒါ …
    တစ်ခါတစ်လေ ကန်တင်းလေး ဘာလေးမှာ …
    လက်ဖက်ရည်လေး ဘာလေးများ မတိုက်ချင်ဘူးလား .. လို့ .. လို့ … :mrgreen:

    Reply

    • Myo Thant

      May 4, 2013 at 9:07 am

      ကိုမိုက် နဲ့ ကိုဘလက်ကပြောပြီးပြီ ၊ ကိုအံစာနဲ့နီးနီးလေးတဲ့ ၊

      သို့ပေမယ့် ကျနော့်ခမျာ ကိုအံစာကိုမတွေ့ဖူးတာကြောင့် ကန်တင်းမှာရှာရအောင်ကလည်းခက် ၊

      ၆ မျက်နှာရှိသော ကိုအံစာ အဆောင် ၄ အခန်း ၈ ကိုလာခဲ့ပါ ၊

      ကောင်မလေးတွေနဲ့မိတ်ဆက်ပေးမယ် ၊ 🙂

      Reply

      • ဂလု .. ဂလု ..
        တောင်မလေးဒွေနဲ့ မိတ်ချက်ပေးမယ် …. ဒဲ့ .. ဟဲ့ … ဟဲ့ .. :mrgreen:
        အဆောင် ၄ က တောင်မလေးဒွေ ချောဒယ် ဆိုဗျဲစ် …
        လာဂဲ့မယ် … ခီညားဂိုလည်း မမျင်ဘူးဒေါ့ ခက်ဒလယ် …
        ကျုပ်ကိုဒေါ့ ခီညား မျင်ဘူးမှာဘာ …
        ၆ မျက်နှာရယ်လို့ မတိလို့ဒါဘာ … ဟဲ …
        တိလို့များ .. “အမလေး ဒီတောင်လား ခြောက်ညက်နှာ” ဆိုပီး ဖစ်တွားအုံးမှာ .. :mrgreen:

        Reply

Leave a Reply to ခင်ခ Cancel Reply

Your email address will not be published.