ကိုယ်ချင်းစာတရား

naywoon niApril 24, 20131min013

စိတ်ထဲမှာရှိသလိုသာ
ဖြိုခွဲပစ်လိုက်ရရင်တော့
ဒီကမ္ဘာမြေကြီးသည်လည်း
အစ အနတောင်တောင်မှ ကျန်မယ်မထင်……။
သူတို့နဲ့နှိုင်းလို့
မရိုင်းစိုင်းနိုင်တဲ့ဘဝမို့သာ
အော်……..
မနိုင်၍သည်းခံရခြင်းသည်လည်းကောင်း
လို ့ မှတ်ယူပြီး ငြိမ်နေခဲ့ရတာ………။
တို့တစ်တွေ ရင်းနှီးထားခဲ့ရတဲ့
သွေးတွေချွေးတွေကို သိမ်းပိုက်သွားပြန်ပြီလား
တစ်သက်တာမက်ခဲ့တဲ့ အိပ်မက်တွေ
ပျောက်ဆုံးကုန်ပါပေါ့
အနှီ သတောင့်သားများ
စာနာမှု မရှိလိုက်ပုံကဖြင့်
ရိုင်းစိုင်းပက်စက်လွန်းလို့
စာနာတယ်ဆိုတဲ့
ဟိုအကောင် အကောင်မများကလည်း
ငဒို့အနားမှာ တစ်နာရီတောင်ပြည့်အောင်မသီဘူးလေတော့
သူတို့အပြောတွေက မသတီစရာ
နားဝမှာခါးလို့
မကြားလိုတော့ပါဘူး
အချိန်တန်တော့လည်း
မင်းတို့တစ်တွေ မင်းတို့အိမ်ပြန်ကြမှာပါ
တို့အနားမှာ
သစ္စာရှင် ဂုတ်ကျားနဲ့
မြေကမ္ဗလာပေါ်ပေါ်က အိပ်ယာ
အကာကဗလာ
အမိုးကနတ္ထိနဲ့
ရင်ထဲမချိလည်း
တေးဆိုလို့ချော့သိပ်မဲ့သူမရှိတော့လည်း
ပျော်အောင်သာအိပ်လေပေါ့တစ်ည
အိုးးးးးးးးး
ဒီကာလမျိုး
ဖြတ်သန်းဖူးသူတို့သာလျှင်
အစစ်အမှန် ကိုယ်ချင်းစာနိုင်ပေလိမ့်မယ် …………။

နေဝန်းနီ

13 comments

  • ဘဘနီရေ …

    အောက်က အပိုဒ်လေးကို ကြိုက်သဗျာ …
    ရေးထားတာ ချယ်ဘဲဂျ …
    ကျန်ဒါဒေါ့ ပေါဒတ်ဒေါ့ဝူးးး

    ………..
    တို့အနားမှာ
    သစ္စာရှင် ဂုတ်ကျားနဲ့
    မြေကမ္ဗလာပေါ်ပေါ်က အိပ်ယာ
    အကာကဗလာ
    အမိုးကနတ္ထိနဲ့
    ရင်ထဲမချိလည်း
    တေးဆိုလို့ချော့သိပ်မဲ့သူမရှိတော့လည်း
    ပျော်အောင်သာအိပ်လေပေါ့တစ်ည
    …………

    Reply

  • နေဝန်းနီ

    April 24, 2013 at 10:02 pm

    အံချာရယ် နင့်ကွန်က မြန်လှချည်လား ငါက အခုမှကိုယ်တင်တဲ့စာပေါ်လာလို့ကြည့်လိုက်တော့ နင်ကရောက်နေပြီ………..။ ကောင်းလိုက်တဲ့ နေပြည်တော် ကော်နက်ရှင် (စိတ်ညစ်ဖို့)

    Reply

    • ဟီဟိ …
      ကွန်က သိပ်တော့ အကောင်းဂျီး မီဟုတ်ဘာဘူးဂျာ …
      ဖုန်း GSM ကွန်ပါဂျ …
      ဆိုးဒေါ့ မဆိုးဝူးးး …
      ကောင်းလည်း အကောင်းဂျီး မီဟုတ်ဝူးးး

      စကားစပ်တုန်း ….
      ဂျပန် ဆိုလား ဘာဆိုလား .. အဲ့ဒီမှာတဲ့ဗျ …
      တစ်စက္ကန့်ကို 2GB ဒေါင်းလုပ် speed နဲ့ ကွန် ဆိုဘဲ ….
      အိုက်ဒီ ကွန်ဒါ ရလို့ဂဒေါ့ …
      ဘာမှ လုပ်နေဘူး … ဇာတ်ကားတွေ ဒေါင်းဘီး ထိုင်ကျိနေမှာ .. :mrgreen:

      Reply

  • uncle gyi

    April 24, 2013 at 10:49 pm

    မည်သူမှမနှောက်ယှက်ရ
    ကိုနီပေါက်ကွဲနေသည်
    ပုံ
    အန်ကယ်ကြီး

    Reply

  • သူကလေး

    April 25, 2013 at 10:30 am

    အိုးးးးးးးးး
    ဒီကာလမျိုး
    ဖြတ်သန်းဖူးသူတို့သာလျှင်
    အစစ်အမှန် ကိုယ်ချင်းစာနိုင်ပေလိမ့်မယ် …………။

    အမှန်ပဲနော် …
    ခံစားချက်ဆိုတာ ကိုယ်တိုင်ကြုံဖူးမှ ကိုယ်ချင်းစာနိုင်မှာကိုး….
    ရှယ်ကဗျာလေးကို လာအားပေးသွားပါတယ်

    Reply

  • Mr. MarGa

    April 25, 2013 at 6:57 pm

    ကိုယ်ချင်း စာပါတယ်
    ကိုယ်ချင်း စာပါတယ်
    ဗျို့ ကိုချင်း စာပါသဗျို့
    လာယူဦး :kwi:

    Reply

  • MaMa

    April 26, 2013 at 7:44 am

    ကိုယ်ချင်းမစာတတ်ဘူးပဲ ဆိုပါတော့။
    အပေါ်မှာ ဘာတွေကို ပေါက်ကွဲထားမှန်းမသိတော့ :kwi:

    Reply

  • ဦးကြောင်ကြီး

    April 26, 2013 at 9:06 am

    ကိုယ်ချင်းစာတရား
    ဗိုလ်မင်းနှာပွား
    ချိုသင်းကညာဖျား
    ဆိုငြင်းမလာအား
    အိုဒင်းညာသလား
    လိုတင်းအာပွား
    လျှိုအင်းသာနား
    ပျိုဝင်းခမျာကား..

    Reply

  • Wow

    April 26, 2013 at 9:49 am

    ကိုယ်ချင်းစာတယ်ဆိုတာ အပြောလွယ်သလောက် လက်တွေ့မှာတော့ ကိုယ်တိုင်ကြုံမှ ရင်ဆိုင်တွေ့မှ ဖင်ထိုင်မေ့တတ်ကြတာပဲ :buu:

    Reply

  • lady mobile

    April 26, 2013 at 10:58 am

    အဲဒါကတော့ အမှန်ပဲရှင့်

    Reply

  • ခင်ခ

    April 26, 2013 at 4:36 pm

    လက်မလေးတော့ ထောင်ပေးခဲ့ပဗျာ။

    Reply

  • အလင်းဆက်

    August 5, 2013 at 9:23 pm

    စိတ်ထဲ ရှိသလောက်သာ..
    လွင့်မျောပစ်လို်ကရရင်တော့…
    ဟောဟိုက.. တိ်မ်တွေ…
    ထိုင်ငိုသွားလိမ့်မယ်….

    အဲ….ဘာမှလည်းဆိုင်ဘူးနော် ။
    ဒါပေမယ့်…
    ကဗျာတစ်ပုဒ်တလေ ဖတ်မိရင်ကို…
    ကဗျာ စာသားတစ်ကြောင်းတလေတော့…ရေးလိုက်ချင်စိတ်က…
    တားမရ

    Reply

  • ဒီကဗျာ ဖတ်တော့ စိုင်းထီးဆိုင်ရဲ့ ခွေးတစ်ယောက်နဲ့ လူနှစ်ကောင်သီချင်းကို သွားသတိရတယ်
    ခွေးကလေးအို့ ခွေးကလေးအို့
    လာပါကွာ ငါနေတဲ့လမ်းနံဘေးဘဲ လွတ်လပ်တာ
    အတူတူနေမယ်လို့ ခွေးကလေးက ဖိတ်ခေါ်တာ

    Reply

Leave a Reply to ကိုပေါက်(မန္တလေး) Cancel Reply

Your email address will not be published.