ဦးညွတ်လိုက်ပါကွာ

ကာရံApril 23, 20131min011

နှလုံးသွေး အေးဆက်နေတဲ့

မင်းတို့ရဲ့လက်တွေက

မသိနားမလည်သေးတဲ့

ကလေးငယ်တွေရဲ့စိတ်ဓာတ်ကို

သံချေးတက်အောင် မင်းလုပ်နေတာလား

အနာဂတ် အလင်းရောင်အောက်မှာ

ပျောက်ရှနေတဲ့ သူတို့လေးတွေရဲ့စိတ်ကို

မင်းအလေးထားပေးစေချင်တယ် သူငယ်ချင်း

ရိုင်းတာကလွယ်ပေမယ့်

ယဉ်ကျေးမှုပျောက်တော့မယ့် ငါတို့ တိုင်းပြည်လေးကို

ငြိမ်းချမ်းရေး ပန်းခင်းလေးဖြစ်အောင် မင်းပျိုးမပေးနိုင်သေးဘူးလားကွာ

မျိုးစေ့တိုင်းက အောင်ပြီးသားပါ လယ်ယာကောင်းအောင်ပြင်ထားပေမယ့်

မင်းပျိုးလိုက်တဲ့ မျိုးလေးက သံယောဇဉ် မိုးအေးလေးတွေနဲ့တွေ့ရင်လေ

မင်းပျော်နိုင်လောက်ပါတယ် တစ်နေ့မှာ ဖြစ်ပေါ်လာမယ့်

အပင်ရဲ့ အရိပ်အောက်မှာ မင်းတစ်ခေါက်ခိုနားနိုင်မယ်ဆိုရင်

မျိုးဆက်တိုင်းလဲ ကြည်နူးမဆုံးပြီမို့ သွေးစာနေတဲ့

မင်းရဲ့လက်တစ်စုံကို အေးချမ်းတဲ့ တရားသံတွေအောက်မှာ

ဆယ်ဖြာမိုးဦးညွတ်ရင်း ငြိမ်းချမ်းပါစေလို့

ငါဆုတောင်းပေးလိုက်ပါတယ်ကွာ

                                                   ပိတောက်မိုး

11 comments

  • မောင် ပေ

    April 23, 2013 at 7:56 pm

    ှုှုီဦးညွတ်
    ဘူးစွတ်
    နူးဖွတ်
    မူးရွတ်
    တူးဇွတ်
    ပြူးကျွတ်
    ထူးလွှတ်

    Reply

  • “………
    သွေးစာနေတဲ့
    မင်းရဲ့လက်တစ်စုံကို အေးချမ်းတဲ့ တရားသံတွေအောက်မှာ
    ဆယ်ဖြာမိုးဦးညွတ်ရင်း ငြိမ်းချမ်းပါစေလို့
    ငါဆုတောင်းပေးလိုက်ပါတယ်ကွာ
    ……….”

    ဒီနေရာလေး ရေးထားတာ ကြိုက်တယ်ဗျာ …
    မိုက်တယ် ….
    အားပေးသွားပါတယ်ဗျို့ ….။

    Reply

  • padauk moe

    April 23, 2013 at 8:08 pm

    ကျေးဇူးတင်ပါတယ်ဗျာ မအားလို့မရေးဖြစ်တာ တောင်းပန်ပါတယ်နော်

    Reply

  • Mr. MarGa

    April 23, 2013 at 8:11 pm

    ဟုတ်ပါတယ် သူငယ်ချင်းရယ်
    ဦးညွှတ်လိုက်ပါကွာ :hee:

    Reply

  • ရွှေတိုက်စိုး

    April 24, 2013 at 9:28 am

    အိုးးးးးးးးးးးးကောင်းလိုက်တဲ့ ကဗျာပါလားဗျာ…….
    အတည်အတည် နောက်တာမဟုတ်ဘူး………တကယ်မိုက်တယ် ကြိုက်တယ်….ဗျို…

    ရိုင်းတာကလွယ်ပေမယ့်
    ယဉ်ကျေးမှုပျောက်တော့မယ့် ငါတို့ တိုင်းပြည်လေးကို
    ငြိမ်းချမ်းရေး ပန်းခင်းလေးဖြစ်အောင် မင်းပျိုးမပေးနိုင်သေးဘူးလားကွာ
    မျိုးစေ့တိုင်းက အောင်ပြီးသားပါ လယ်ယာကောင်းအောင်ပြင်ထားပေမယ့်
    မင်းပျိုးလိုက်တဲ့ မျိုးလေးက သံယောဇဉ် မိုးအေးလေးတွေနဲ့တွေ့ရင်လေ
    မင်းပျော်နိုင်လောက်ပါတယ် တစ်နေ့မှာ ဖြစ်ပေါ်လာမယ့်
    အပင်ရဲ့ အရိပ်အောက်မှာ မင်းတစ်ခေါက်ခိုနားနိုင်မယ်ဆိုရင်
    မျိုးဆက်တိုင်းလဲ ကြည်နူးမဆုံးပြီ

    အဲဒါလေးတော့ လွှတ်ကြိုက်မိတယ်ဗျာ… ကိုယ်လဲ အဲဒီမျိုးစေ့ထဲက တစ်စေ့အပါအဝင်ပါပဲ…အခုတော့ အပင်ပေါက်ပြီး မသန်မစွမ်းနဲ. ကြီးပြင်လာရတာပေါ့ဗျာ…….

    Reply

  • ရွှေတိုက်စိုး

    April 24, 2013 at 9:34 am

    အော်မေ့သွားလို. ဒါကဗျာလေး ကူးပြီး သိမ်းထားမလို.ခွင့်ပြုပါနော…..

    Reply

  • လူကလေး

    April 24, 2013 at 12:15 pm

    အားလုံးကလည်း အဲဒီလို ဆုတောင်းနေကြတာမို့.. ကိုယ်စားကဗျာလေးပေ့ါဗျာ နှော့်

    Reply

  • padauk moe

    April 24, 2013 at 4:55 pm

    သိမ်းနိုင်ပါတယ်ဗျာ ခွင့်ပြုပါတယ် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

    Reply

  • နေဝန်းနီ

    April 24, 2013 at 9:59 pm

    သွေးတို့သည်ကား ချင်းချင်းနီလေပြီ
    ငါ၏ ဦးခေါင်းကားမညွှတ် ……….။
    ဘယ်သူပြောသွားတယ်ရယ်တော့မမှတ်မိတော့ဘူး ……….။

    Reply

  • သူကလေး

    April 25, 2013 at 10:45 am

    လာရောက်ဦးညွတ်လိုက်ပါတယ်။။

    Reply

Leave a Reply to padauk moe Cancel Reply

Your email address will not be published.