၁၅၀ဝ ကျပ်တန်ဖုန်းဆင်းမ်ကဒ်တွေထွက်လာတော့မယ်ဆိုတော့..အခြေခံလူတန်းစားတွေအတွက် အဆင်ပြေသွားတာပေါ့..အချို့ရှိတယ်..ဆင်းမ်ကဒ်တွေဈေးကြီးလို့တဲ့.မဝယ်နိုင်ပါဘူးတဲ့.၊သူများဖုန်း
ဆက်တာကိုပဲငေးပြီး..အော်ကို်ယ်တို့တွေဘယ်တော့များမှဒီလိုဖုန်းလေးကိုင်ရပါ့မလဲတဲ့..အဲလိုညီးညူ
ခဲ့ကြတယ်..အခုတော့..ပြောင်းလဲလာတဲ့အစိုးရသစ်တစ်ရပ်ရဲ့စွမ်းဆောင်မှုကြောင့်..၁၅၀ဝတန်ဖုန်းဆင်းမ်ကဒ်တွေ
ဧပြီ(၂၄)ဆိုလူတွေလက်ထဲရောက်လာတော့…ကံဆိုးထဲကကံကောင်းတစ်ခုလိုပဲဆိုမလား…ကံကောင်း
ထဲကကံဆိုးတစ်ခုလိုပဲဆိုမလား….၁၅၀ဝဖုန်းဆင်းမ်ကဒ်တွေက CDMA 800 တွေဖြစ်ပြီး အရင်ရောင်းချပေးတဲ့ CDMA 800 တွေလိုမျိုးprepaid card နဲ့ထည့်လို့မရဘူးပြန်ဘူးတဲ့။ ပြီးတော့သတ်မှတ်ထားတဲ့စည်းမျဉ်းတွေကလည်းများပါ့..။နောက်ပြီး ဖုန်းဆင်းမ်ကဒ်တွေက တအားကိုနည်းသွားတော့…စကားပြောလာမှာက ဟမ်းဆဒ်တွေပဲ…။၁၅၀ဝဖုန်းဆင်းမ်ကဒ်ကို အခြေခံလူတန်းစားတွေအဖို့ဝယ်နို်င်တယ်ဆိုပေမယ့် ..ငွေကျပ်၄၀၀၀ဝ နဲ့အထက်မှကောင်းကောင်းလေးရနို်င်တဲ့ ဟမ်းဆဒ်ကို သူတို့တွေများဝယ်နို်င်ပါ့မလားလို့ ကျွန်မစိုးရိမ်မိပြန်တယ်..။ပြီးတော့လဲ..ရနို်င်တဲ့ဆိုင်များကိုလည်းဖော်ပြထားပါသေးတယ်….ဆိုင်တွေ
ကိုပြေးရှာရမှာလဲတစ်ဒုက္ခ၊..ဘာပဲဖြစ်ဖြစ်သူတို့လေးတွေနိုင်ငံတကာအဆင့်မှီ ဖုန်းကိုင်နိုင်ပြီဆိုတော့..ဝမ်းသာစရာပါပဲလေ…..၊ဟိုတစ်လောကလူကြီးမင်းဖုန်းဆိုင်မှာလုပ်သလိုမျိုး
ဟမ်းဆဒ်ကိုဈေးနည်းလို့ဆိုပြီးလိုချင်ကြတဲ့လူတွေတစ်ပုံတစ်ပင်ကြီးတိုးကြဝှေ့ကြနဲ့ဆိုင်ကမှန်တွေ
တောင်ကွဲသွားတယ်ဆိုပဲ..ဂျာနယ်ထဲမှာကျွန်မဖတ်လိုက်ရတယ်..။အခုလည်းအရမ်းကြီးတိုးမကြိတ်ကြပါစေနဲ့လို့ပဲမျှော်လင့်ရပါမယ်..
၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA – 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA – 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပါ။
MECTel တံဆိပ်ပါ တန်ဖိုးနည်း CDMA – 800MHz မိုဘိုင်း တယ်လီဖုန်းများ အတွက် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့်သာ တယ်လီဖုန်း ပြောဆိုခ ငွေဖြည့်တင်း၍ ဆက်သွယ် အသုံးပြု နိုင်မည် ဖြစ်ပါသည်။
ဖော်ပြပါ MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA – 800MHz မိုဘိုင်း တယ်လီဖုန်း ကြိုတင် ငွေဖြည့်ကတ် များကို အောက်ပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ကိုယ်စားလှယ် အရောင်းဆိုင် များနှင့် ၎င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချပေး သွားမည် ဖြစ်ပါကြောင်း ကြိုတင် အသိပေး ကြေညာ အပ်ပါသည်။

ငွေဖြည့်ကတ်
ငွေဖြည့်ကတ်
၁။ နေပြည်တော် ကောင်စီနယ်မြေ
လင်း မိုဘိုင်း၊ နေပြည်တော်။
Best One ၊ နေပြည်တော်။
လူကြီးမင်း၊ နေပြည်တော်။
Laser Mobile ၊ ပျဉ်းမနား။
Sky Light ၊ ပျဉ်းမနား။
၂။ ကချင်ပြည်နယ်
Best One ၊ မြစ်ကြီးနားမြို့။
OVI၊ မြစ်ကြီးနားမြို့။
ဦးဝင်းနှင့်သားများ၊ မိုးညှင်းမြို့။
၃။ ကယားပြည်နယ်
တောင်ပေါ်သား၊ လွိုင်ကော်မြို့။
Orbit Mobile၊ လွိုင်ကော်မြို့။
၄။ ကရင်ပြည်နယ်
နေလ၊ ဘားအံမြို့။
အတ္ထရံ၊ ဘားအံမြို့။
K-Mobile၊ မြဝတီမြို့။
၅။ စစ်ကိုင်းတိုင်းဒေသကြီး
Hello Mobile ၊ စစ်ကိုင်းမြို့။
Mobile One၊ မုံရွာမြို့။
Star Mobile ၊ ချောင်းဦးမြို့။
လင်း လျှပ်စစ်၊ ရွှေဘိုမြို့။
ဟန်ထူးမွန်၊ မြင်းမူမြို့။
၆။ တနင်္သာရီတိုင်းဒေသကြီး
Alpha ၊ ထားဝယ်မြို့။
To Mobile ၊ မြိတ်မြို့။
၇။ ပဲခူးတိုင်း ဒေသကြီး
စိန်ဟင်း၊ ပဲခူးမြို့။
ရွှေကမ္ဘာ၊ ပြည်မြို့။
ဝင်းကမ္ဘာ၊ တောင်ငူမြို့။
ရွှေမျက်မှန်၊ ဖြူးမြို့။
Future Mobile ၊ ဖြူးမြို့။
ရွှေကျီး၊ ပေါက်ခေါင်းမြို့။
သန္တာထွန်း၊ အင်းမမြို့။
၈။ မကွေးတိုင်းဒေသကြီး
Advance Telecom ၊ မကွေးမြို့။
နေနတ်သား၊ ပခုက္ကူမြို့။
အင်းဝမိုဘိုင်း၊ ချောက်မြို့။
ဟိန်းအီလက်ထရွန်နစ်၊ ရေနံချောင်းမြို့။
တန်ခိုးရှင်၊ မင်းဘူးမြို့။
၉။ မန္တလေးတိုင်းဒေသကြီး
Best One ၊ မန္တလေးမြို့။
I-Phone ၊ မန္တလေးမြို့။
Any Call ၊ မန္တလေးမြို့။
Win Mobile ၊ ပြင်ဦးလွင်မြို့။
Easy Call ၊ မိတ္ထီလာမြို့။
Zest Mobile ၊ ပျော်ဘွယ်မြို့။
လပ်ကီးမိုဘိုင်း၊ ကျောက်ပန်းတောင်းမြို့။
ဝင်းစတိုး၊ ပုဂံမြို့။
Sky Ace ၊ မြင်းခြံမြို့။
ဖူဂျီ၊ ရမည်းသင်းမြို့။
၁ဝ။ မွန်ပြည်နယ်
Best One ၊ မော်လမြိုင်မြို့။
ဂျပန်၊ မော်လမြိုင်မြို့။
ကောင်းကင်သစ်၊ ကျိုက်ထိုမြို့။
စိုးရတနာ၊ သထုံမြို့။
တော်ဝင်စန်း၊ သံဖြူဇရပ်မြို့။
ပုလဲရွှေစင်၊ မုဒုံမြို့။
၁၁။ ရခိုင်ပြည်နယ်
Super ၊ စစ်တွေမြို့။
ရွှေကိန်းအင်း၊ စစ်တွေမြို့။
စွယ်တော်ဖြူ ၊ အမ်းမြို့။
အားမာန် ၊ အမ်းမြို့။
၁၂။ ရန်ကုန်တိုင်းဒေသကြီး
TMHC-ZK ၊ ကမာရွတ်မြို့နယ်။
MTS ၊ စမ်းချောင်းမြို့နယ်။
Best One ၊ လသာမြို့နယ်။
MobilTel ၊ လသာမြို့နယ်။
MTC ၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
09 ၊ မရမ်းကုန်း မြို့နယ်။
လူကြီးမင်း၊ သင်္ဃန်းကျွန်း။
Mobile King ၊ တာမွေမြို့နယ်။
Mobile King ၊ ကြည့်မြင်တိုင်မြို့နယ်။
ISN Net ၊ အင်းစိန်မြို့နယ်။
Missed Call ၊ ဒေါပုံမြို့နယ်။
ကိုညီ-မဆွေ၊ လှိုင်သာယာမြို့နယ်။
၁၃။ ရှမ်းပြည်နယ် (မြောက်ပိုင်း)
ကျားခေါင်း၊ လားရှိုးမြို့။
Pioneer ၊ လားရှိုးမြို့။
Hello ၊ မူဆယ်မြို့။
၁၄။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)
ပန်းစံအိမ်၊ ကျိုင်းတုံမြို့။
အဆွေတော်၊ တာချီလိတ်မြို့။
ကျော်အောင် ၊ မိုင်းတုံမြို့။
၁၅။ ရှမ်းပြည်နယ် (တောင်ပိုင်း)
စိုင်းထွန်းထွန်းနိုင်၊ တောင်ကြီးမြို့။
စင်ဒရဲလား၊ တောင်ကြီးမြို့။
ရွှေကမ္ဘာ၊ ကလောမြို့။
တောင်ထိပ်ပန်း၊ အောင်ပန်းမြို့။
၁၆။ ဧရာဝတီတိုင်းဒေသကြီး
Best One ၊ ပုသိမ်မြို့။
Hello ၊ ပုသိမ်မြို့။
Mobile World ၊ ဟင်္သာတမြို့။
Goldern Star ၊ ကျောင်းကုန်းမြို့။
Victory ၊ မြောင်းမြမြို့။
Post Views: 0
11 comments
မောင် ပေ
April 21, 2013 at 6:50 pm
တိုးတိုးတိတ်တိတ် ကြားနေရတာကတော့
စစ်တပ်မှာသုံးခဲ့တဲ့ လိုင်း ဆိုပဲ
၈၀ဝ မပြည့်ဘူးလို ့လဲ ပြောသံကြားရတယ်
“ ကျနော်တို ့ရပ်ကွက်ထဲမှာ ဒီလိုပဲ ပြောတယ်
ကျနော်တို ့ရပ်ကွက်ထဲမှာ အဲဒီလို တဲ့ ”
မဟာရာဇာ အံစာတုံး
April 21, 2013 at 6:55 pm
အော် … အော် ..
လွှမ်ပေ .. ပေါ့လေ .. ဟုတ်စ ..
မသျှားသက်မာန် ရေ …
ပို့စ်အတွက် ကျေးကျေးပါနော့ ….။
ရဲစည်
April 21, 2013 at 7:34 pm
ပို့စ်အတွက်တော့ ကျေးကျေးပါဗျို့ ….. သိသင့်သိထိုက်တာလေးတွေ သိလိုက်ရလို့ ..

အဲ.. နောက်ဆက်တွဲ ဆက်ပြောချင်တာကတော့
အီး..
အင်း ….
အဲ..
အဲသလိုဘဲပေါ့ဗျာ .. အဆိုတော်တွေ လုပ်သလို လိုက်လုပ်ခိုင်းရရင် ” ကျေးဇူးပြုပီး မတ်တပ်ရပ်ပေးလို့ ရမလား ” ဆိုတဲ့ စကားအစား …
” ကျေးဇူးပြုပီး ခင်ဗျားတို့ စားပေါက်တွေ ခဏလောက် ပိတ်ပေးကြပါလားလို့ တောင်းဆိုရတော့မလို ” …။
ဘာပဲ ဖြစ်ဖြစ် ကံကံ၏အကျိုးပေါ့ကွယ် … နော
:kwi:
Mr. MarGa
April 21, 2013 at 8:26 pm
စစချင်း ကြားတော့ ဝမ်းသာတယ်
နောက် ဆက်ထွက်လာတဲ့သတင်းတွေ ဖတ်မိတော့ တဖြည်းဖြည်း မချင့်မရဲ ဖြစ်လာတယ်
အခုတော့ ဆက်လို့ စောင့်ကြည့်လိုက်ဦးမယ်
နေဝန်းနီ
April 21, 2013 at 9:21 pm
အဲဒါကြောင့်ပြောပါတယ် ………။ ဆင်ဖိုးထက် ချွန်းဖိုးက ပိုကြီးပါတယ်လို့ ……….။ နာပြောတော့ သူရို့က မယုံဘူး
အလင်းဆက်
April 21, 2013 at 9:26 pm
ဒီလို..ဒီလို က..လည်း..ကြည့်ရတာ မလှသေးပါဘူးဗျာ ။
အဆိုးတွေထဲက အကောင်းကို ရှာကြံ ယူရင် ရပေမယ့်..
ဒီ လို စနစ်ကြီးကလည်း.. ပြည်သူတွေအတွက်.အဆင်မပြေနိုင်သေးပါဘူး
အခုလောလောဆယ်တော့…
တစ်မြို့နယ်ကို …. ကိုယ်တာ ရတဲ ့ ဆင်းကဒ် အရေအတွက်နဲ ့…
ဝယ်ချင်နေတဲ ့ ပြည်သူ ့ အင်အား..
မမျှသေးဘူး ။
အချိန် တွေ စောင့်ရပါဦးမယ် ။
ပြီးတော့…
ကိုရဲစည် ပြောသလိုပေါ့ဗျာ…
အင်းးးး
အဲ……
ဟိုဒင်းပေါ့…..လေ
🙂
———–
အော်..
ပို့ိ်စ် ခေါင်းစဉ်မှာ.. မပါလာတဲ ့ဟာလေး.။
ဒီမှာ.. ဖြည့်ပေးခဲ့မယ် ။
————–
ြ
————-
အဟိ ။
သ်ိသင့်တာလေးတွေ တင်ပြပေးလို ့..ကျေးကျေးပါဗျ ။
ခင်မင်စွာ….
အလက်ဆင်း
TNA
April 21, 2013 at 10:56 pm
ကဒ်တွေကလဲ မဲနှိုက်တယ်တဲ့။ ရှိတဲ့သူတွေကလဲ ဝင်တန်းစီတယ်။ ပေါက်ရင် အမြတ်ပေးပြီးကောက်မဲ့ သူ တွေကလဲအဆင်သင့်တဲ့။ သူတို့က ပေးကားပေး၏မရဆိုတာမျိုးဖြစ်နေတယ်။ အရင်မှောင်ခိုခေတ်ပြန်ရောက်သွားသလိုပဲ။ အခုလဲ သူတို့အကျုးိအမြတ်ကျန်အောင် ကုမ်ပဏီကြီးတွေနဲ့ ပင်းစားနေတယ်။ ပြည်သူအတွက်လို့သာပြောတာ။ နောက်ဆုံးသူတို့အတွက်ချည်းပဲ။ အဲဒါကြောင့်လဲ ဒေါ်စု ပြောတာ။ ဦးသိန်းစိန်က လုပ်ရမဲ့အလုပ်တွေမလုပ်ဘူးဆိုတာ။ ဒီလက်ဝါးကြီးအုပ် ဂုတ်သွေးစုတ်အသိုင်းအဝိုုင်းကို ရှင်းပြစ်ရမှာ။
သျှားသက်မာန်
April 22, 2013 at 1:04 pm
ဟုတ်တယ်ကိုမောင်ပေရေ…ကျွန်မလည်းအဲလိုကြားမိပြန်ပါသေးတယ်…..
သျှားသက်မာန်
April 22, 2013 at 1:32 pm
ကို်ယ်သိထားတဲ့အသိလေးတစ်ခုသူများကိုမျှဝေပေးချင်တာအကျင့်လေးဖြစ်နေလို့ပါ.ကိုအံစာ
သျှားသက်မာန်
April 22, 2013 at 1:38 pm
ဟုတ်တယ်သိကြားရေ…ကျွန်မလည်း..အဲလိုထွက်လာတော့မယ်ဆိုတော့ဝမ်းသာမိပါတယ်…နောက်ထွက်လာတဲ့သတင်းကိုဆက်ဖတ်လိုက်တော့…ဆက်ကိုမမျှော်လင့်မိတော့ပါဘူး(တဖြည်းဖြည်း…..ချို့ယွင်းချက်တွေရှိလာလို့လေ)
ခင်ခ
April 22, 2013 at 3:09 pm
ဤဆင်းကဒ်ကို အမ်အီးစီ က ထုတ်တာပါ။
တပ်မတော်စီပွားရေး ဦးပိုင်တွေကို ဆန္ဒပြ သပိတ်မှောက်သူတွေ ကဲ ဘယ်လိုလည်း
မဝယ်ဘဲနေကာ ဆန္ဒပြ သပိတ်မှောက်မလား ဘယ်လိုလဲ စဉ်းစားကြပေါ့။