ငါ စိုက်ပျိုးတဲ့ပန်း

kokyawzinJuly 25, 20101min00

ပန်း

ပဉ္စလက်ဆန်တဲ့ပန်း

ရာဇဝင်မှာစံတင်လောက်တဲ့ပန်း

ကဗျာဆန်တဲ့အလှနဲ့ပန်း

ဒီပန်းလေးက တစ်ပွင့်တည်းပေါ့

ကျွန်တော့်အတွက်တော့လေ။

ဒီပန်းကို ကျွန်တော့်အသည်းနဲ့ပျိုးတယ်။

ကျွန်တော့်သွေးနဲ့ လန်းဆန်းစေတယ်။

နှလုံးသားကို ဗုံလို တီးပြီး ပျော်ရွှင်စေတယ်။

ညှိုးငယ်မနေနဲ့နော်

ပန်းလေး

အမြဲတမ်း ပွင့်လန်းပါစေ။

လေယူရာတိမ်းပြီး ယိမ်းနွဲ့နေတဲ့အခါ

ဘယ်ညာပဲ ယိမ်းတတ်တဲ့ မင်းအကျင့်။

ဥယျာဉ်မှူးဘက်လည်း မတိမ်းပါလား။

Leave a Reply

Your email address will not be published.