အကန့်အသတ် …………

naywoon niApril 8, 20131min013

ငါ့ဘဝမှာ
မျှော်လင့်ချက်တွေများသလောက်
ရလာတတ်တာကတော့
လက်တစ်စာလောက်နဲ့ တင်းတိမ်နေခဲ့ရတာ…..။
ကြာလာတော့လည်း
ငါဘယ်လောက်လုပ်လုပ်
ဒီလောက်ထက်ပိုမရပါဘူးဆိုပြီး
ပြီးစလွယ်လုပ်လိုက်မိတာလည်းရှိရဲ့……။
တစ်ခါတစ်ခါကျပြန်တော့လည်း
ဘာမှမဖြစ်နိုင်မှန်းသိနေတဲ့အရာကို
စိတ်ပါလက်ပါနဲ့
ထမင်းမေ့ ဟင်းမေ့နဲ့
ဒါကိုပဲအာရုံခံစားလို့
လုပ်မိသွားတာလည်းရှိရဲ့ ……။
နောက်တော့လည်းလုပ်မိသမျှလေးကို
သပ်သပ်ရပ်ရပ်လေးနဲ့
နေဝန်းနီ တံဆိပ်ကပ်ပေးနိုင်ဖို့ထုတ်လုပ်
ကုန်ပစ္စည်းမှန်သမျှပေါ်က
ဘယ်လိုနည်းနဲ့ရလာမဲ့အကျိုးအမြတ်ကိုမှ
မျှော်လင့်မထားတော့ဘူးလေ……။
ကုန်ကြမ်းရှိရင် ထုတ်လုပ်
ဘာမှမရှိတော့လည်း
ဘာမှမလုပ်ဖြစ်တော့ပြန်ဘူး
ဒီလိုနဲ့ နေဝန်းနီ ပွိုင့်တစ်သိန်းပြည့်ဖို့
ရက်အကန့်အသတ်မရှိ …….။

နေဝန်းနီ

13 comments

  • surmi

    April 8, 2013 at 9:34 pm

    အဘနီရေ
    အကန် ့အသတ်မရှိတဲ ့အထဲ ဂျလေဘီသည် လည်းပါသပေါ့
    ဟုတ်ပါတယ်
    တခါတလေ လုပ်ချင်တာတွေလုပ်နေမိတဲ့အခါ
    ဘာမှအကျိုး မမျှော်ပေမဲ ့လည်း ကြိုးစားနေမိတာဘဲလေ

    Reply

  • TNA

    April 8, 2013 at 9:51 pm

    သများလဲ တသိန်းပြည့်ဖို့ နှစ်အကန့်သတ်မရှိ။ လောလောဆယ်ဒေါ့ တသိန်းပြည့်တော့ခါနီးဆဲဆဲလူကိုပဲ ကပ်ထားတယ်။ ပြည့်မှကပ်စားမယ်။ ဒါဗြဲ။

    Reply

    • Good™

      April 9, 2013 at 2:58 pm

      etone (98858 Kyats ) တဲ့ Top 10 မှာတွေ့တာ။11000 လောက်ပဲ လိုတော့တယ်နော့။

      Reply

  • ဦးနေရေ ..
    ကျုပ်လည်း ဂလိုဘဲဂျ …
    တစ်ခါတစ်ခါကျတော့ ..
    ဒီလောက်နဲ့ပဲ တန်ပါတယ်ကွာ ဆိုပြီး
    ပြီးကပစ် လုပ်ပစ်တတ်တယ် ..
    တစ်ခါတစ်ခါ ကျပြန်တော့လည်း ..
    ဈာန်ဝင်သွားတယ်ပေါ့ဗျာ …
    ကျုပ်တော့ ဒီလောက်ပဲ ပြောတတ်တယ်ဗျို့ …..။

    Reply

  • ကိုမိုက်ကယ်ဂျော်နီအောင်ပု

    April 8, 2013 at 10:34 pm

    ( ငါဘယ်လောက်လုပ်လုပ် ဒီလောက်ထက်ပိုမရပါဘူးဆိုပြီး ပြီးစလွယ်လုပ်လိုက်မိတာလည်းရှိရဲ့……။ )
    အဲ့သလိုလည်းမတွက်လိုက်ပါနဲ့ဦး ကဗျာဆရာကြီးရဲ့
    အစ ဆိုတဲ့အချိန်မှာ ကိုယ်လုပ်ခဲ့တာတွေလွဲခဲ့တဲ့ဘောလည်းရှိတယ်ဗျ
    သူလိုကိုယ်လို အတူတူအလုပ်လုပ်လာတဲ့လူအချင်းချင်းမှတောင်
    အချို့က ရသမျှလေးကို ပဲမူးကျပ်ပြား စေ့စေ့စပ်စပ်စုဆောင်းကြတော့
    အချိန်တစ်ချိန်ရောက်တဲ့အခါ အထုပ်လေးအထည်လေးဖြစ်သွားတော့
    သူလုပ်သမျှ အဖတ်တင်တယ်ပြောရမလား
    ကျုပ်ဆို သောက်သောက်စားစားလေးနေလာလိုက်တာ
    ( ငါဘယ်လောက်လုပ်လုပ် ဒီလောက်ထက်ပိုမရပါဘူးဆိုပြီး ပြီးစလွယ်လုပ်လိုက်မိတာလည်းရှိရဲ့……။ )
    ဆိုတဲ့သဘောကိုရောက်သွားပြီဗျို့
    ဂျီးဒေါ်ကြီးတဟ်ယောက်ပြောဘူးတာလေး အမှတ်ရမိပါရဲ့
    ဘါဒဲ့
    စီးပွားရေးဆိုတာ မန်ကျီးပင်စိုက်သလိုသဘောထားရတယ် ဒဲ့
    ဆိုလိုတာက
    မန်ကျီးပင်ကို အပင်ပေါက်ကနေ စပြီးစိုက်တဲ့အခါ သီးခံနေပေးရတယ်
    အချိန်တန်တဲ့အခါ မန်ကျီးပင်ကြီးဖြစ်လာတော့ ကြိုက်သလောက်ရွက်နုတွေခူး
    ကုန်တော့ဘူးဒဲ့ဗျ
    သဂျီးမင်းစီကို အတည်ပေါက်နဲ့ ကိုယ့်ဖါသာ ဗမာပိုက်ဆံတစ်သိန်းလွှဲပေးလိုက်ပြီးတော့
    ပွိုင့်တစ်သိန်းဖြည့်ပေးဘို့ပြောကျိဘါလား :mrgreen:

    Reply

  • ဦးကြောင်ကြီး

    April 9, 2013 at 7:42 am

    ပွိုင့်တသိန်းပြည့်
    မိုင့်ဘရိန်းရွေ့
    ထိုင့်သမိမ်းစွေ့
    ခိုင့်အယိမ်းခွေ့… :bar:

    Reply

    • MaMa

      April 9, 2013 at 4:10 pm

      ပွိုင့်တစ်သိန်းပြည့်ဖို့ ရက်အကန့်အသတ်မရှိလို့ ဘိုနေက ကြေညာတယ်။

      လူလည်
      အဲ ကြောင်လည်ကြီးက
      ပွိုင့်တစ်သိန်းကို ငွေတစ်သိန်းဆိုပြီး မရတဲ့ငွေကို အလှူပေးတယ်။

      အော်…
      ရွာသူားတွေ သဂျီးပေးတဲ့ ပွိုင့်တွေနဲ့ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ဖြစ်နေကြပါလား။ :harr:

      Reply

  • ကီလိုဇူးလူးဝီစကီ

    April 9, 2013 at 8:22 am

    တစ်သိန်းပြည့်လို့ မုန့်ဝယ် ကျွေးမယ်ဆိုရင် ရက်အကန့်အသတ်မရှိ စောင့် မယ်။ :mrgreen:

    Reply

    • နေဝန်းနီ

      April 9, 2013 at 8:59 pm

      ဟဲလို ဝီစကီ ဝီစကီ တိုက်မယ်ဆိုရင်တော့ မုန့်ဝယ်ကျွေးမယ်…။
      မနေ့က ဒီကဗျာတင်ပြီးတော့မှ ဧပြီလအတွက် ကဗျာ အတွက် ပွိုင့်တိုးပေးထားတာသွားတွေ့တယ် ဘယ်ကဗျာ ကိုရွေးလိုက်သလဲမသိ ……။

      Reply

    • zarlay

      April 12, 2013 at 4:03 pm

      ထောက်ခံပါတယ်

      Reply

  • မောင် ပေ

    April 9, 2013 at 8:58 pm

    ကိုယ်ထုတ်တဲ့ ထုတ်ကုန်ပေါ်မှာ ကိုယ်ကပ်ချင်တဲ့ ကိုယ့်နာမည် ကပ်ကြတာမို ့
    ဘိုနီ ့ ထုတ်ကုန်ထိပ်မှာ ဘိုနီ ့နာမည် ကပ်ထားတာကို မြင်ရမယ်ဆိုရင် ပြုံးမိမှာပဲ

    Reply

    • နေဝန်းနီ

      April 11, 2013 at 9:26 pm

      မောင် ပေ says:

      ကိုယ်ထုတ်တဲ့ ထုတ်ကုန်ပေါ်မှာ ကိုယ်ကပ်ချင်တဲ့ ကိုယ့်နာမည် ကပ်ကြတာမို ့
      ဘိုနီ ့ ထုတ်ကုန်ထိပ်မှာ ဘိုနီ ့နာမည် ကပ်ထားတာကို မြင်ရမယ်ဆိုရင် ပြုံးမိမှာပဲ

      ဟင် ကပေ ငါ့ ကဗျာ မှာငါ့တံဆိပ်မကပ်လို့ နီ နာမယ်ရေးလွှတ်လိုက်ရမှာလား နီ နော် နင်…….. မဒမ်ပေ့ကို ဗိုက်ကြောဆွဲလိမ်ခိုင်းထားဦးမှပါ ….။

      :harr: :harr: :harr: :harr:

      Reply

  • zarlay

    April 12, 2013 at 4:01 pm

    အကန့်အသတ်မရှိတာဘာလဲသိလားဟင်

    Reply

Leave a Reply

Your email address will not be published.