ဓနဥစ္စာ

etoneJuly 27, 20101min00

၁။ဓနဥစ္စာ ဟူသည် မိမိရရှိသော ဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက်မနည်းသောငွေကို မိမိ နှင်.မိမိ မိသားစုအတွက် ချန်လှပ်သိမ်းဆည်း တတ်သူထံသို.သာ ဝမ်းမြောက်ပျူဌာစွာ ရောက်ရှိလာတတ်စမြဲ ဖြစ်သည်။
၂။ဓနဥစ္စာ ဟူသည် ယင်းအားအကျိုးဖြစ်အောင် ခိုင်းစေ တတ်သော သူအတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင်ပေးတတ်စမြဲဖြစ်၍ထိုသူ၏ လက်မှာ သိုးအုပ် နွားအုပ်သဖွယ် များပြားလာတတ်သော သဘောရှိပေသည်။
၃။ဓနဥစ္စာ ဟူသည် ယင်းအားဂရုတစိုက် ရင်းနှီးမြုပ်နှံမှုပြုသူ ၊ကျွမ်းကျင်လိမ္မာ သူတို.၏ အကြံဉာဏ်ကို ရယူလုပ်ကိုင် သူများထံသို.သာတွယ်ကပ် ခိုလှုံကြသည်။
၄။ဓနဥစ္စာ ဟူသည် မိမိလည်းမကျွမ်းကျင် ၊ကျွမ်းကျင်သူတို.လည်းအားမပေးသော အလုပ် များတွင် ရင်းနှီးမြုပ်နှံ မှုပြုသူများထံမှ လျောကျပျောက်ကွယ် သွားတတ်စ မြဲဖြစ်သည်။
၅။ဓနဥစ္စာ ဟူသည် ယင်းမှ လွန်ကဲသော အမြတ်အစွန်းကို မျော်လင်.သူများ၊လူလိမ်များ နှင်. မဆင်မခြင် ရင်းနှီး မြုပ် နှံ မှု ပြုသူများမှရှောင်ခွာထွက်ပြေးသွားတတ်စမြဲဖြစ်သည်။

Leave a Reply

Your email address will not be published.