လုပ်ငန်းရှင်ဝါဒ (အမှတ် ၂၆ မှ ၃ဝ အထိ)

asiamastersMarch 30, 20131min02

၂၆။   မိတ်ဆွေအပေါင်းအသင်းပေါများသူတို့ဟာ ခိုင်မာတဲ့မြို့ရိုးများ အကာအကွယ်ပေး ထားတဲ့မြို့များနဲ့တူတယ်။ မသမာသူတို့ လွယ်လွယ်နဲ့ မဝင်ရောက်နိုင်။ မိတ်ဆွေအပေါင်း အသင်းနည်းပါးသူများဟာ မြို့ရိုးမရှိတဲ့မြို့များနဲ့တူတယ်။ မသမာသူတို့ ဝင်ရောက် လုယက် ဖျက်ဆီးခြင်းကို အမြဲခံရတယ်။

 

၂၇။ ခင်ပွန်းများဟာ ရတနာကြုတ်ကိုစောင့်ရှောက်ပေးတဲ့မြွေဟောက်များနဲ့တူတယ်။ ဇနီးသည်များဟာ ရတနာတွေကို ထုတ်လုပ်၊ထိန်းသိမ်းပေးတဲ့ ရတနာကြုတ်များနဲ့တူတယ်။ မြွေဟောက်များဟာရတနာကြုတ်တို့ကိုအမြဲစောင့်ရှောက်ပေးရတယ်။

၂၈။ မိဘများအတွက်သားသမီးများဟာ ရတနာများဖြစ်တယ်။ ဒီရတနာတွေကို တန်ဖိုးရှိလာအောင် လုပ်ပေးရတယ်။ သားသမီးများကို အချစ်ပိုပြီး ရွှေလိုဥထားခြင်းဟာ ထောင်ချထားခြင်းနဲ့တူပြီး၊ အသိဉာဏ်နည်းပါးသွားစေတယ်။ အန္တရာယ် အမျိုးမျိုးှရှိနေတဲ့ လူ့လောကကြီးမှာ ကြာကြာမရှင်သန်နို်င်တော့ဘူး။ အလိုလိုက်လွန်းသော သားသမီးများမှာ လူအများလိုက်နာတဲ ဥပဒေတွေကို ချိုးဖေါက်သူများဖြစ်လာတယ်။ အရွယ်ရောက်လာတဲ့ သားသမီးများကို ကိုယ်ပိုင်ဝင်ငွေရှာတတ်အောင်၊ စုဆောင်းတတ်အောင်၊ တိုးပွား အောင် လုပ်တတ်အောင်၊ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့သဟဇာတဖြစ်ဖြစ်နေတတ်အောင်၊ ကိုယ့်အားကိုယ်ကိုးတတ်အောင်၊ အကျင့်သိက္ခာနဲ့ တာဝန်သိ နိုင်ငံသားတစ်ဦးဖြစ်လာအောင် လေ့ကျင့်ပေးရမှာကတော့ မိဘကောင်းများရဲ့ တာဝန်ဖြစ်တယ်။
၂၉။ လူငယ်တွေ မှားယွင်းတာဟာ လူကြီးတွေရဲ့တာဝန်ဖြစ်တယ်။ လူငယ်တွေကို လူကြီးတွေက လိုချင်တဲ့ပုံစံကို ပုံသွင်းရတယ်။ လူကြီးဖြစ်လာသူတွေကိုယ်တိုင်က ပုံစံမကျရင် လူငယ်တွေလည်း ပုံစံမကျဘူး။ လူငယ်တွေကို ပုံသွင်းပေးတဲ့နေရာမှာ ကျန်းမာအောင်နေတတ်အောင်သင်ပေးရမယ်။ မိမိကိုယ်မိမိအားကိုး တတ်အောင်သင်ပေး ရမယ်။ အရေး၊ အဖတ်၊ အပြော၊ နားထောင်ခြင်းတွေသင်ပေးရမယ်။ တွက်ချက်ခြင်းကိုသင်ကြားပေးရတယ်။ စိုင်းယင်း (Sciences)နဲ့ အတ် (Arts) ဘာသာရပ်များသင်ကြားပေးရတယ်။ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းတွေ သင်ပေး ရမယ်။ မျှတတဲ့ရှိအောင်၊ သမာသမတ်ကျအောင်၊ရိုးသားမှုရှိအောင်၊သင်ပေးရတယ်။ လူသားဆန်အောင်သင်ပေးရမယ်။ ကိုယ်ကျင့်သိက္ခာနဲ့တာဝန်သိနိုင်ငံသားတွေဖြစ်လာအောင် သင်ကြားပေးရတယ်။ ဒါတွေသင်ကြားဖို့ပျက်ကွက်ခဲ့နိုင်ငံတွေဟာ မီးဟုန်းဟုန်း တောက်နေ မယ်။ ဖေါက်ပြန်နေတဲ့ နိုင်ငံတော်ကြီးသာဖြစ်မယ်။
၃၀။ လူသားတွေကို ကောင်းမွန်စွာပုံသွင်းလေ့ကျင့်ပေး ရတယ်။ ကောင်းမွန်တဲ့သင်ကြားရေးစနစ်ဆိုတာက လေ့လာဖို့အတွက် ကိုးကားစရာ အရင်းအမြစ်များ ပြည့်စုံအောင်ရှိတဲ့နေရာဖြစ်အောင်လုပ်ရမယ်။ ကိုယ်တိုင်လေ့လာပြီး ကျွမ်းကျင်အောင် လုပ်ရ မယ်။ ကိုယ်တိုင်လေ့ကျင့်ဖို့လွယ်ကူတဲ့ နေရာဖြစ်အောင် တည်ဆောက်ကြရမယ်။ ကိုယ်ကိုယ် တိုင်ကျွမ်းကျင်လာပြီဆိုရင် တခြားသူတွေကု ပြန်သင်ရမယ်။ သင်ကြားဖို့ကောင်းတဲ့ နေရာဖြစ်အောင်ဖန်တီးရမယ်။ ဖြန့်ဝေပေးရမယ်။ ကိုယ်တိုင်သင်ပေးခြင်းဟာ မိမိရဲ့ နားလည်မှုကို ပိုပြီး မြင့်လားစေတယ်။ သင်ယူမှုများဟာ ရေရှည်လုပ်ရတယ်။ မိမိရဲ့ နောက်ဆုံး ထွက်သက်အထိ သင်ယူသွားလို့ရတယ်။

2 comments

  • ဦးကြောင်ကြီး

    March 30, 2013 at 11:46 am

    တပ်မတော်လေဟာ နာဂစ်မုန်တိုင်းဂျီးနဲ့တူတယ်။ ကိုယ်လူမျိုးအခြင်းခြင်းသာ ဗုံးကြဲတတ်ပြီး ထိုင်းဖက်က အက်ဖ်၁၆ဂျက်တိုက်လေယဉ်ပျံတွေ ကျူးကျော်ဝင်လာတော့ ရာသီဥတု မကောင်းဆိုပီး ဘယ်သူမှ လေယဉ်အမောင်း ထွက်ကြဘူး။
    စိတ်အချိုးနဲ့နော် ဗိုလ်မှူးဂျီး.. ခြစ်လိုရှဒါ.. :hee:

    Reply

  • asiamasters

    March 30, 2013 at 12:07 pm

    မပြောမဖြစ်လွန်းလို့ပြောရဦးမယ် ဦးကြောင်ကြီးရေ.. ထိုင်းက F16 တွေတက်လာတာ ရာသီဥတုမကောင်းလို့မတက်တာမဟုတ်ဘူး၊ ထိုင်းက အမောင်းသင်လေယာဉ်တစ်စင်း လမ်းမှားပြီး မြန်မာနိုင်ငံထဲဝင်လာတာ ဘယ်သူမှမသိဘူး။ ဆီကုန်ပြီးတော့သာ ပဲခူးနားက ဝမ်းဘဲအင်းနားမှာ ဆင်းသွားတယ်။ ဝမ်းဘဲအင်းက ဖုန်းဆက်တော့မှ TE11 နဲ့ သွားတင်ခဲ့ရသေးတယ်။

    Reply

Leave a Reply to asiamasters Cancel Reply

Your email address will not be published.