ယုဇနပလာဇာတွေဈေးဝယ်ထွက်သူများသတိပြုရန်

Yin Nyine NwayJuly 23, 20101min04

အလွန်မိုက်ရိုင်းတဲ့ ကိစ္စတစ်ခု ကြားသိခဲ့ရပါတယ်။ကျွန်တော့် ဆီ ရန်ကုန် က
သူငယ်ချင်းတစ်ယောက် mail ပို ့လာလို ့။
ကျွန်တော့် သူငယ်ချင်း က သူ ့အစ်မ ရင်ဆိုင် ကြုံတွေ ့ခဲ့တာတွေကို ကျွန်တော့
ကိုပြောပြတယ် ဘလောက်မှာတင်ပြီး အသိပေးပေးဖို ့ကိုလည်း ကျွန်တော့်ကို
တောင်းဆိုတယ်လေ။ ဖြစ်ပုံက ဒီလို……..တဲ့

ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့ကျွန်တော်က ဘာဖြစ်လာတာလဲလို့မေးတော့
ဒီလိုပြောပါတယ်
သူ့သူငယ်ချင်း ပလာဇာမှာ အကျင်္ ီသွားဝယ်တုန်းက အဝတ်လဲခန်းမ အဝတ်လဲတဲ့ ပုံတွေ
အင်တာနက်မှာရော ဖုန်းတွေမှာပါ ရှိတယ်တဲ့။ အဲလို ပလာဇာမှာ မိန်းကလေးတွေ
အဝတ်လဲခန်းမှာ camera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက် ပြီးတော့ forum
တွေမှာတင် ယောကျာင်္းဆိုတဲ့ကောင်တွေက အဲလိုကိစ္စတွေဆို တခြားလူတွေပါ
မျှတတ်တဲ့အကျင့်
ဖုန်းထဲမှာပုံတွေထည့် ဖုန်းအခြင်းခြင်း bluetooth နဲ့ချိတ်ပြီးပေး
ပုံတွေကို share လုပ်ကြ ပုံတွေကြည့်ပြီး ပုံထဲက တစ်ယောက်ကို အပြင်မှာ
မြင်တော့ ပြုံးစိစိနဲ့ကြည့်သွားကြတာ စဉ်းစားကြည့်ဗျာ အခုတစ်ယောက်က
ဆေးကျောင်းက ဆရာဝန်ဖြစ်မယ့်သူ
အဝတ်လဲခန်းကလဲ နောက်မှာ အဖြူရောင်ကြီးကာထား ဓာတ်ပုံထဲမှာတော့ background
အဖြူကြီးနဲ့ပေါ့ မသိရင် မကောင်းတာ လုပ်စားနေတဲ့ မိန်းကလေး ဈေးခေါ်တာ
ကျနေတာပဲ တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ
မြန်မာအချင်းချင်းဗျာ အဲလို လူမဆန်တာတော့ မကောင်းဘူး
ဓာတ်ပုံခိုးရိုက်တဲ့ကောင်တွေ စဉ်းစားကြည့်ဗျာ ခင်ဗျားတို့ညီမ
အဲ.. အဲလိုပြောရင် နာမှာမဟုတ်ဘူး ခင်ဗျားတို့ ကောင်မလေး ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင်
ဘယ်လိုလုပ်မလဲ ခင်ဗျားတို့ ကိုယ်ချင်းစာဖို့ကောင်းတယ် အဲလို လူမဆန်ပဲ
ကိုယ်ကျိုးအတွက် မလုပ်သင့်ဘူး နောက်ပြီး ဆိုင်ရှင်တွေ ခင်ဗျားတို့ကော
ဘာကြောင့် လူမဆန်တာလဲ ခင်ဗျားတို့ စီးပွားရေးလုပ်နေတာမဟုတ်လား
ဝယ်သူကိုလေးစားပေါ့ဗျာ။ ခင်ဗျားတို့ ပိုက်ဆံရတယ် အဲလိုမျိုး camera
လာတတ်ထားတဲ့ ကောင်တွေက ခင်ဗျားတို့ကို ၁ပုံဘယ်လောက်နှုန်းနဲ့ ရှင်းပေးတယ်
ခင်ဗျားတို့လည်း ကိုယ်ကျိုးအတွက်ပဲ မလုပ်သင့်ဘူး
ကျွန်တော် ထပ်ပြောမယ် ခင်ဗျားတို့ ကောင်မလေး ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ…?
နောက်ပြီး လာဝယ်တဲ့လူတွေက မိကောင်းဖခင် သားသမီးတွေ…? အရင်ကဆို အဲလိုမျိုး
ပုံတွေနဲ့ မိကောင်းဖခင်သားသမီးတွေကို ငွေညှစ်၊ဖျက်စီးခဲ့တဲ့
အဖြစ်တွေရှိတယ်။
ကျွန်တော်သိတယ် မပြောချင်ဘူး ပြောလို့လည်းမကောင်းဘူး။ နောက်ပြီး
ကျွန်တော့်မှာ သက်သေလည်းမရှိဘူး။
ဘာပဲ ပြောပြော ကိုယ်ချင်းစာတရား မျိုးချစ်စိတ်ဓာတ်လေး နည်းနည်းလောက်
ထည့်ကြပါ အစ်မတွေ ညီမတွေ က လည်း
အကျင်္ ီ ဝယ်တဲ့အခါ သတိထားပါ အပေါ်ကနေပဲ ထပ်ဝတ်ကြပါ အဲလိုပဲ တခြား စကပ်တို့
ဘောင်းဘီတို့ဝယ်လည်း သတိထားပေါ့
မြန်မာနိုင်ငံမှာ နည်းပညာခုတုံးလုပ်ပြီး လုပ်စားနေတဲ့ကောင်တွေ ရှိတယ်
အစ်မကမေးတယ် ဘယ်လိုလုပ်သင့်လဲဆိုတော့
ကျွန်တော်က ပြောလိုက်တယ် တရားစွဲပေါ့ တရားမစွဲခင် အမျိုးသမီးရေးရာကို တိုင်
တရားစွဲဖို့ ဆိုင်မမှတ်မိရင် ပလာဇာကို တရားစွဲဗျာ တစ်ရှက်ကနေ နှစ်ရှက်ထက်
တခြားလူတွေ အဲလိုမဖြစ်ဖို့လိုတယ်ထင်တယ် အဲလိုပဲ ပြောလိုက်တယ် အစ်မလည်း
ပြန်ရောက်ကတည်းက ပါးစပ်က တတွတ်တွတ်နဲ့ ထိုင်ဆဲနေတာ ဆဲလို့ဘာလုပ်လို့ရမှာလဲ
ဒါကြောင့် ငါလည်း ဒီစာလေးကို နိူင်ငံခြားမှာ BLOG တစ်ခုကို ရင်ထဲက
ကိုယ်ပိုင် ခံစားချက်တွေ အားလုံးကို လွတ်လွတ်လပ်လပ် အနှောက်အယှက်ကင်းကင်း
ရေးသားနိူင်ခွင့်ရတဲ့ သူငယ်ချင်းမင်းဆီကိုပဲရေးပို ့လိုက်တယ်ကွာ မင်း BLOG
မှာလည်း ဒီအကြောင်းရာတွေ ဖော်ပြပေး စေချင်တယ် သူငယ်ချင်းရေ။
ဒီ POST ကို COPY လုပ်၍ FWRD MAIL ဖြစ်စေ၊ မိမိတို ့ရဲ့ BLOG များတွင်
ကူးယူ တင်ပြ၍ ဖြစ်စေ၊
သင့်၏ ပတ်ဝန်းကျင်မှ နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများကို အသိပေး
နှိုူးဆော်ပေးခြင်းဖြင့် ယဉ်ကျေးသိမ်မွေ ့မှူ ့ဆိုတဲ့ကျွန်တော်တို ့
မြန်မာမိန်းကလေးများရဲ့ ချစ်မြတ်နိူးစရာ စရိုက်လေးတွေနဲ ့ကမာ္ဘပေါ်မှာ
ပြိုင်စံရှား အရမ်းကို
အရှက်အကြောက် ကြီးမားတတ်ကြတဲ့ မြန်မာ့အမျိုးကောင်း သမီး ရတနာလေးများရဲ့
အရှက်နဲ ့သိက္ခာတို ့ကို လူမဆန်စွာ ယုတ်မာရိုင်းစိုင်းနေကြပြီး
ကိုယ်ချင်းစာတရား နဲ မျိုးချစ်စိတ်ဓာတ်တွေကင်းမဲ့နြေ

ကတဲ့ သူတွေရဲ့
လုပ်ရပ်တွေမှ မိမိတို
့တတ်အားသ၍ ဝိုင်းဝန်းကာကွယ် ပေးစေလိုပါကြောင်း ကျွန်တော် က
မိတ်ဆွေများအားလုံးကို တောင်းဆိုလိုက်ပါရစေဗျာ။

အစ်မတွေ ညီမတွေ အားလုံးကလည်း ကိုယ့်အနာ္တရာယ်ကိုကိုယ် ဂရုတစိုက်နဲ
့သတိထားရင်း ဈေးဝယ်ထွက်ကြပါလို
့ကျွန်တော် ထပ်ပြီး သတိပေးလိုက်ပါတယ်

4 comments

  • True Faith

    July 23, 2010 at 6:26 am

    ဒီလိုမျိုးလုပ်တာကို ရှုတ်ချပါတယ်။ ဒါဟာ သိပ်ကို အောက်တန်းကျတဲ့ လုပ်ရပ်ပါ။ အပေါ်က စာရေးသူ ပြောသလိုပဲ သူ့ညီမ၊ ကိုယ့်ညီမ ကိုယ်ချင်းစာ တရားထားသင့်ပါတယ်။ ဒါမျိုး ဆက်ဖြစ်နေဆဲဆိုရင်တော့ ဒီလိုမျိုး လုပ်နေတဲ့ ပလာဇာတွေရဲ့ လိပ်စာတွေအတိအကျကို အင်တာနက်မှာ တင်ပြပေးလိုက်ပါ။ ကျနော်တို့ အားလုံး ဖြန့်ပေးပြီးတော့ အဲဒီဆိုင်တွေ လူမဝင်အောင် လုပ်ကြတာပေါ့။

    Reply

  • myomaung

    July 23, 2010 at 6:55 am

    ကျျွန်တော်လဲလုံးဝရှုပ်ချပါတယ်

    Reply

  • fatty

    July 23, 2010 at 8:09 am

    I want to go that shop and I want to change my clothes in that room.

    Let take a picture to me and they can show my picture to their mother, daughter, sister and wife as well.

    Reply

  • zawana

    July 25, 2010 at 2:52 am

    တော်တော်အောက်တန်းကျတဲ့ လုပ်ရပ်ပဲ။ ရန်ကုန်က သူငယ်ချင်းတွေကို မေတ္တာရပ်ခံ ပါတယ်။ ကိုယ့်သူငယ်ချင်းတွေကတဆင့် ဖြစ်ဖြစ် အဲလိုလုပ်တဲ့ လူတွေကို နည်းနည်း စုံစမ်းပေးကြပါဗျာ။ အဲဒီလို ညစ်ပတ်တဲ့လူတွေကို တစ်သက်လုံး နောင်တရသွားအောင် မီဒီယာလက်နက်နဲ့ တိုက်ခိုက်ကြပါစို့။

    Reply

Leave a Reply to True Faith Cancel Reply

Your email address will not be published.