Micorbes ဖြင့် နိုက်ထရပ်အောက်ဆိုဒ်အားဖယ်ရှားခြင်း

Mr WorldWideMarch 18, 20131min02

သဘာဝပတ်ဝန်းကျင်ကို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထွက် ပိုမိုပျက်စီးစေနိုင်သော ဓာတ်ငွေ့တစ်မျိုးရှိနေပါသည်။ ၎င်းမှာ နိုက်ထရပ်အောက်ဆိုဒ် (Nitrous Oxide) ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် အဆပေါင်းသုံးရာခန့် အဖျက်စွမ်းအား ပိုမိုပြင်းထန်၍ အိုဇုန်းလွှာ ကို အလွန်အမင်းထိခိုက်စေပါသည်။ ၎င်းသည် စိုက်ပျိုးရေး၊ စွန့်ပစ်ရေဆိုးများ ပြန်လည်သန့်စင်ရေးနှင့် ရုပ်ကြွင်းလောင်စားများ လောင်ကျွမ်းခြင်းတို့မှ ထွက်ပေါ်လာခြင်းဖြစ်သည်။

th

ကံကောင်းထောက်မစွာဖြင့် ကျွန်ုပ်တို့  သဘာဝပတ်ဝန်းကျင်တွင် အဆိုပါဓာတ်ငွေ့ကို တန်ပြန်တိုက်ခိုက်နိုင်သော စွမ်းအားရှိနေပါသည်ဟု University Of Tenesses မှမစ္စတာ ဖရန်လော့ဖလာမှ ပြောကြားခဲ့ပါသည်။ Denitrifiers ဟုခေါ်သော အဏုကြည့်မှန်ဘီလူးဖြစ်သာ မြင်ရသော သက်ရှိပိုးမွှားတစ်သည် နိုက်ထရပ်အောက်ဆိုဒ်ကို တိုက်ခိုက်ဖျက်ဆီးပြီး အန္တရာယ်မရှိသော နိုက်ထရိုဂျင်ဓာတ်ငွေ့အဖြစ် ပြောင်းလဲ ထုတ်လုပ်ပေးပါသည်။

မစ္စတာလော့ဖလာနှင့်အဖွဲသည် အခြားသက်ရှိပိုးမွှားအုပ်စုများတွင်လည်း အဆိုပါစွမ်းအားမျိူးရှိနေကြောင်း တွေ့ရှိခဲ့ပါသည်။ အဆိုပါစွမ်းရည်မျိုးရှိနေသော ပိုးမွှားလေးများအား မြေဆီလွှာနှင့် အနည်အနှစ်များတွင် အများဆုံးတွေ့ရှိရပါသည်။

အဆိုပါတွေ့ရှိမှုကြောင့် ကျွန်ုပ်တို့အနေဖြင့်  အိုဇုန်းလွှာ ပျက်စီးမှုနှင့် ကမ္ဘာကြီး ပူနွေးလာမှုကို ဖြစ်ပေါ်စေမည့် လူသားတို့၏ ပြုမှုဆောင်ရွက်ချက်များ၏ အကျိုးဆက်များကို ခန့်မှန်းကောက်ချက်ချနိုင်ခြင်းနှင့် မည်ကဲ့သို့  ကာကွယ်ထိန်းသိမ်းရမည်ကို ပိုမိုနားလည်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာပါသည်ဟု မစ္စတာ လေ့ာဖလာမှ ဆက်လက်ပြောကြားခဲ့ပါသည်။

မူရင်းကတော့ ပျောက်နေတယ်ဗျာ..လင့်ခ်ကတော့ sciencedaily ကလို့တော့ ထင်ပါတယ်

 

2 comments

  • မောင် ပေ

    March 18, 2013 at 8:06 pm

    လာမယ့်တစ်ပတ်ထဲ နေမှာ ဖြစ်တဲ့မုန်တိုင်းကြောင့်
    အာရှဒေသတွေမှာ ရောင်စဉ်ဖြာထွက်မှုတွေကို တွေ ့ရမယ် ဆိုတာလေး
    သတင်းစုံလေး ရေးပေးပါဦးဗျို ့

    Reply

Leave a Reply to မောင် ပေ Cancel Reply

Your email address will not be published.