သတိတရား

naywoon niMarch 17, 20131min03

သတိ တရားမရှိတတ်တဲ့
လျှပ်ပေါ်လောလီတတ်သူငဲ့
ဒီလိုသာဆက်သွားနေရင်တော့
တစ်နေ့ မင်း…. ဝက်စာဖြစ်သွားတော့မယ်……။
နွားဆွဲတဲ့ကောက်ရိုးပုံဘဝ
မင်းရောက်သွားရတော့မယ် …..။
နိုင်ငံရေးသတိ
ဘာသာရေးသတိ
လူမျိုးရေသတိ
သတိ သတိ သတိ ရှိစေဖို့ပါ…..။
အမျိုးအနွယ်ကို မချစ်တတ်ရင်တောင်မှ
ကိုယ့်ကိုကိုယ်တော့ မှန်မှန်ကန်ကန်
ချစ်တတ်မယ်ဆိုရင်
ငါပြောနေတဲ့
သတိ ဆိုတဲ့ဆိုင်းဘုတ်အောက်မှာ
မင်းရပ်တည်နိုင်မှာပါ…။
အဲဒိလိုမဟုတ်ပါပဲ
ဝင်္ကဘာလိုလမ်းတွေထဲမှာ
ဆင်ကန်းတောတိုးနေလို့ကတော့
လျှပ်ပေါ်လော်လီနေလို့ကတော့
မင်းတစ်နေ့ ဝက်အစားခံရတော့မယ်……….
နွားဆွဲခံရတဲ့ ကောက်ရိုးပုံ မင်းဖြစ်သွားတော့မယ် ………။
အဲဒိအချိန်ရောက်ရင်တော့
ဘယ်ဘုရားရှင်ကမှ
မင်းကို လာကယ်နိုင်မှာမဟုတ်ပေဘူး ….။

နေဝန်းနီ

3 comments

  • မောင် ပေ

    March 18, 2013 at 8:51 pm

    ဘိုနီရေ
    ၉၆၉ စပေါ်ကတဲက
    အသိတရားတော်တော်ရမိပြီး
    ကိုယ့် ဘာသာဝင်အချင်းချင်းပဲ အားပေးဖြစ်တော့တယ်ဗျို ့

    Reply

    • နေဝန်းနီ

      March 21, 2013 at 7:59 pm

      ကပေ နင်ကသာ ကိုယ့်အချင်းချင်းဝယ်မယ်ပြောနေတာ ဟိုနားမှာ ကိုယ့်အချင်းချင်းမရောင်းလို့ ပြတ်တနာဒွေ တက်နေပါရောလား တော်တော်ဆိုးတယ်ဆိုပဲ ……။

      Reply

  • အလင်းဆက်

    September 14, 2013 at 1:35 pm

    ဒီကဗျာလေး ကို
    အခု မှ
    ကဗျာတွေ ပြန်ရှာ ဖတ်ရင်း တွေ့မိ ဖတ်မိတယ်ဗျို့

    ကဗျာရဲ့ ထိထိမိမိ စာသားတွေမှာ အားတွေ ပါနေတယ်နော်
    ကိုယ် လုပ်နေတာတွေကို
    ကိုယ်ပြန် ဆန်းစစ်ဖို ့
    သတိပေးထားသလိုပဲ

    ခံစား သွားပါတယ်

    🙂

    Reply

Leave a Reply to အလင်းဆက် Cancel Reply

Your email address will not be published.