ရွှေမြန်မာတို့ သိစေဖို့

Taryar kokoMarch 17, 20131min05

ယခု လက်ရျိမြို့တော်ကြီးတွင် နေထိုင်သောပြည်သူပြည်သားများ သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ကျွန်တော်ေပြောပြချင်ပါတယ်။ ကျွန်တော်တို့ နေထိုင်တဲ့ မြန်မာနိုင်ငံဟာ သန့်ရှင်းသာယာလှပပြီး ခေတ်မှီတိုးတက်အောင် ဆောင်ရွက်ဖော်ဆောင်နေတဲ့ အချိန်ကာလတစ်ခုသာ ဖြစ်ပါတယ်။ ဒီလို့အချိန်မှာ စည်းကမ်းမဲ့သော(နိုင်ငံသားကြီးသားစိတ်မရှိသော) ပြည်သူတစ်ချို့ကြောင့် ယခုရန်ကုန်မြို့တော်ရဲ့ တစ်ချို့နေရာတွေဟာ အကျည်းတန်နေပါတယ်။  ကားပေါ်မှ ကွမ်းတံတွေးထွေးချခြင်း၊ အမှိုက်သရိုက်များအား စည်းမဲ့ကမ်းမဲ့ပစ်ချခြင်းများ၊ အများပြည်သူသွားလာနေသော လမ်းမပေါ်တွင် စည်းကမ်းမဲ့သော ယာဉ်၊ ဈေးဆိုင်တစ်ချို့ကြောင့် နေစဉ့်လှုပ်ရှားသွားလာနေသော ပြည်သူများမှာ စိတ်ပင်ပန်းဆင်းရဲခြင်းများနှင့် နေ့စဉ်ကြုံတွေ့နေရပါတယ်။ ကျွန်တော်တစ်ဦးတစ်ယောက်ရဲ့ အားနှင့်ပြုပြင်လဲရန်

မဖြစ်နိုင်ပေမဲ့ အများပြည်သူများပေါင်းစည်းကူညီဖေးမမည်ဆိုလျှင် ကျွန်တော်တို့နေထိုင်တဲ့မြို့တော်ကြီးဟာ အခြားနိုင်ငံများနည်းတူ ခေတ်မှတိုးတက်မှာ မလွှဲဧကန်ပင်ဖြစ်ပါတယ်။ နှမ်းတစ်စေ့နှင့် ဆီမဖြစ်နိုင်ပေမဲ့ နှမ်းစေ့ပေါင်းမြောက်များလျှင် ဆီဖြစ်နိုင်တယ်ဆိုတာကို ရွှေမြန်မာတို့အနေနဲ့ သိရှိစေရန် ကျွန်တော်အနေနဲ့ ပြောပြစေလိုပါသည်။

 

    တာရာကိုကို(သန်လျင်)

 

 

5 comments

  • padonmar

    March 17, 2013 at 7:46 pm

    ဟုတ်တာပေါ့ တာရာကိုကိုရယ်။
    ကိုယ့်မှာ ဒီအသိရှိသလို ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်း စည်းကမ်းရှိတဲ့ လူ့ပတ်ဝန်းကျင်ဖြစ်အောင် စည်းရုံးကြပါစို့။
    ဆက်ရေးပါနော်။အားပေးပါတယ်။

    Reply

  • MaMa

    March 17, 2013 at 8:31 pm

    မှန်လိုက်တာ တာရာကိုကိုရေ။
    လူ့အသိုင်းအဝိုင်းတစ်ခုလုံး အသိစိတ်ဓာတ်ရှိကြဖို့လိုပါတယ်။
    အားလုံးကို ပြုပြင်ပြောင်းလဲဖို့အတွက်…
    ကိုယ်တိုင်ကနေ…
    ကိုယ့်မိသားစု
    ကိုယ့်အသိုင်းအဝိုင်း ……
    လှို်င်းဂယက်လို ကျယ်ပြန့်လာအောင် ကြိုးစားကြပါစို့။ :hee:

    Reply

  • အရီးခင်လတ်

    March 17, 2013 at 11:29 pm

    တစ်ယောက်က စလုပ်ရင်း အဲဒီကနေ နှစ်ယောက်ဖြစ် နောက်တော့ ပွါးရင်း စည်းကမ်းရှိသူတွေ များလာမှာပါ။
    စလုပ်ဖို့သာလိုတာ။
    ဒါပေမဲ့ အားလုံး တစ်ယောက်မကျန် စည်းကမ်း ရှိမှာမဟုတ်ဘဲ စုန်းပြူးတွေ ရှိနေမှာလဲ အသေအချာဘဲ။
    သူတို့ ကိုတော့ ဒါဏ်ကြေး နဲ့ ထိန်းရတော့မှာ။ 😛

    Reply

  • kyeemite

    March 18, 2013 at 3:11 pm

    ပထမဆုံးပို့စ်လေးပေမဲ့
    အကျိုးပြုပို့စ်လေးမို့ အားပေးပါတယ်…ဗျို့

    Reply

  • manawphyulay

    March 23, 2013 at 4:28 pm

    လူတွေကလည်း ခက်တယ်။ ကိုယ်နေတဲ့တိုင်းပြည်တိုးတက်ဖို့ဆိုတာ အားလုံးစည်းလုံးညီညွတ်ပြီး စည်းကမ်းရှိကြမယ်ဆိုရင်တော့ ပြောနေစရာတောင်မလိုဘူးထင်မြင်မိပါတယ်။

    Reply

Leave a Reply

Your email address will not be published.