Google ရဲ့ လျှို့ဝှက်ချက် (Secret of google)

Myanmar Web DesignerMarch 15, 20131min04
မင်္ဂလာပါ၊

ဒီနေ့တော့ Google ရဲ့ လျှို့ဝှက်ချက်လေးတစ်ခုကိုပြောချင်လို့ပါ။ အဲဒီလျှို့ဝှက်ချက်ကို မပြောခင် နည်းနည်းစမ်းကြည့်ရပါမယ်။ www.google.com မှာ “best seo firm in myanmar” ဆိုတဲ့ keyword နဲ့ ရှာကြည့်ပေးပါ။ အောက်ပါပုံအတိုင်းထွက်လာမယ်ဆိုရင် အောက်မှာရေးထားတဲ့ Google ရဲ့ လျှို့ဝှက်ချက်ဆိုတာကို ထပ်ဖတ်ပါ။

ပုံကို ကလစ်နှိပ်ပါက ရှင်းရှင်းလင်းလင်းမြင်ရပါမည်။

အပေါ်က ပုံအတိုင်း ပေါ်လာတယ်ဆိုရင်တော့ Google က ကိုယ့်ရဲ့ website မှာ SEO ကောင်းပြီးသား website တွေကို link ချိတ်ရင်၊ ကိုယ့်ရဲ့ website ကိုပါ SEO ကောင်းလာစေတယ်လို့ မှတ်ချက်ချလို့ရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ http://www.seo.sg မှာ Myanmar ဆိုတဲ့ keyword ထည့်မထားပါဘူး။ ဒါပေမယ့် Myanmar Web Designer website ကိုတော့ link ချိတ်ပေးထားပါတယ်။ အဲဒီမှာပဲ Myanmar ဆိုတဲ့ keyword က ပါသွားပါတယ်။ သူ့နဂို original က SEO Services ဆိုတဲ့ keyword က ပါပြီးသားပါ။ ဒါကြောင့် သူ့မှာ Myanmar ရယ် SEO ရယ် keyword နှစ်ခုပေါင်းလိုက်သလိုဖြစ်သွားပါတယ်။ ဒါကြောင့် “best SEO firm in Myanmar” လို့ ရှာလိုက်ရင် www.seo.sg ပါ တက်လာတာဖြစ်ပါတယ်။

အထက်ပါ အကြောင်းအရာကြောင့် ကျွန်တော်က “SEO ကောင်းပြီးသား website တွေကို link ချိတ်ပေးခြင်းအားဖြင့် မိမိ website ကို SEO ကောင်းစေပါတယ်” လို့ မှတ်ချက်ချပါတယ်။ ဒါပေမယ့် သတိထားပါ။ ကိုယ် link ချိတ်မယ့် website က တစ်ကယ် SEO ကောင်းတဲ့ website ဖြစ်နေဖို့ လိုပါတယ်။ SEO မကောင်းတဲ့ website ကို link ချိတ်ရင် ကိုယ့် website ကိုပါ ထိခိုက်နိုင်ပါတယ်။ နောက်ပြီးတော့ တစ်ခြား website ကို link ချိတ်ပေးတဲ့ အရေအတွက်ကိုလည်း သတိထားပါ။ အရမ်းမများပါစေနဲ့၊ အရမ်းများရင်လည်း ကိုယ့် website ကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် link ချိတ်မယ်ဆိုရင် SEO ကောင်းပြီးသား website နည်းနည်းကိုပဲ link ချိတ်ပေးပါလို့ …။

4 comments

  • mobile

    March 15, 2013 at 6:18 pm

    လေ့လာမှတ်သားသွားပါ၏ ကိုလူခါးရေ…….

    Reply

    • လူခါး

      March 16, 2013 at 12:05 am

      လက်တွေ့လည်း စမ်းကြည့်ဦးနော … 🙂

      Reply

  • ခင်ခ

    March 16, 2013 at 9:18 am

    မှတ်သွားပါတယ်ဗျာ။

    Reply

Leave a Reply

Your email address will not be published.