ဘဝအာမခံ….

BMTM MdyMarch 15, 20131min05

စာလေ့လာဖို့ စိတ်မဝင်စားပျင်းနေလား !!!!!!!!
၁။ သင် ကျောင်းတက်နေ စဉ် (၅) နှစ် အတွင်း ပေးလိုက်ရသည့်      သင့် အသက် ၁၆ ။ ၁ရ ။ ၁၈ ။၁၉ ။၂ဝ ။ ၂၁ ။ ဆိုတဲ့               ငယ်ရွယ် နုပျိုတဲ့   ဘဝအချိန်တွေ ကျက်ခဲ့ ရင်းနှီး ခဲ့ ရတဲ့ ဦးနှောက် တန်ဖိုးတွေ
သင့်ရဲ့ သာမန် မိဘနှစ်ပါးက ကြိုးစား ရှာဖွေပြီး ထောက်ပံ့ ခဲ့ ရတဲ့ တစ်လ တစ်သိန်းဆိုတဲ့ ငွေတွေ….။
၂။ အချိန် (၅) နှစ်  ငွေ သိန်း (၅၀) ငါ့ ရဲ့ ပြန်မရနိုင်တော့ တဲ့ ဘဝအချိန်တွေ  သာမကဘူး မိဘတွေရဲ့ လှုပ်ရှားရုန်း ကန်ခဲ့ရတဲ့ အချိန်တွေ…။
မိဘနဲ့ခွဲပြီး အဝေးမှာ တစ်ယောက်တည်းကြိုး စားရင်ဆိုင်ဖြတ်ကျော်ခဲ့ ရတာတွေ အားငယ်မူတွေ၊ ဝမ်းနည်းမူတွေ
အထီး ကျန်ဆန် ခဲ့တာတွေ အတွက် ပြန် ရခဲ့ တာ ဘွဲ့ရ ပညာတက် ဆိုတဲ့ ဂုဏ် တစ်ခုတည်းပဲလား ..။
၃။ မရဘူး ငါဒီလောက်နဲ့ မကျေနပ်နိုင် ဘူး  မတန်ဘူးလို့ ငါထင်တယ် ။တကယ်လည်း မတန် ပါဘူး  ….။
ဒီတော့ ငါထိုက်တန် တယ်လို့ယူဆရတဲ့ အရာတစ်ခု ကိုငါရအောင် ပြန်ယူရမယ်  ။ဟုတ်တယ်  ။  အနည်းဆုံး ဘဝအာမခံချက် ဆို
တာလေးတော့ ငါပြန်ရယူနိုင် ရမယ် ။
၄။  အဲဒီ ဘဝအာမခံချက် လို့ယူဆနိုင်တဲ့ အခွင့် အရေး ကခုသင့်ရဲ့ ရှေ့ မှာရောက်နေတယ်။ ဒါပေမဲ့ လွယ်လွယ် ကူကူ တော့ ရမှာ
မဟုတ်ဘူး ။ လူပေါင်း (၃၀၀) နဲ့ယှဉ်ပြိုင် ပြီးတော့မှ သင်ရမယ် ။ယှဉ်ပြိုင် ပွဲ မှာ အနိုင်ရဖို့က သင်လုပ်ရမှာတစ်ခုတည်းပဲ
လေ့လာရမယ်။စာကျက်ရမယ်။ ဒါကို သင်ကပျင်းနေတယ်။ ဟိုလိုလို ဒီလိုလိုနဲ့ အချိန်တွေဖြုန်းနေတယ်။
၅ ။ ဒီတော့ နောက်ဆုံး ပြောချင်တာက သင်ဒီအခွင့် ရေးကိုလက်လွှတ် မှာလား အရယူမှာလား ..။ သင်ရင်းနှီး ခဲ့ရတာတွေ အတွက်
တန်ရာတန်ကြေး ကိုပြန်ယူမှာလား ဆုံးရှုံးခံ မှာလား ဆိုတာ ပဲ။ သေချာစဥ်းစား …သေချာစဉ်းစား ။ ကဲစာ စကျက်တော့။
သင့် အတွက် အချိန်  (၅) ရက်ပဲကျန်တော့တယ် ။ ပြီးရင် တစ်ရက်ပြီး တစ်ရက်လျော့ နည်းသွားလိမ့်မယ်..။
၆ ။ သင်ပျင်းလာရင် စိတ်ညစ်လာရင် သင့်ရဲ့ အမေ သင်ကျောင်းတက်ဖို့ ဘယ်လိုရုန်းကန်ပေးခဲ့ ရတယ် ဆိုတဲ့ ပုံရိပ် တွေပြန်မြင်ပါ
ငြီးငွေ့ပြီး ရှည်လျားလွန်တဲ့ အရူးတစ် ပိုင်းဖြစ်အောင်ကျက်ခဲ့ ရတဲ့ စာမေးပွဲ ကာလတွေ ကိုပြန်မြင်ယောင်ပါ…။
သင်လုပ် နိုင်ပါတယ်။။။။။ Fighting!!

5 comments

  • Traditional

    March 15, 2013 at 3:13 pm

    ငါ အတွေးတွေက မှန်ရဲ့ လားငါ့ ကိုယ်ငါတောင် မသိပါဘူး ။

    Reply

  • မောင် ပေ

    March 15, 2013 at 6:51 pm

    ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့
    တစ်လကို အောင်ဘာလေ ထီတစ်စောင်လောက်တော့ ထိုးသင့်ပါတယ်နော

    Reply

  • ခင်ခ

    March 16, 2013 at 9:33 am

    ကောင်းပါတယ် အားပေးချက်လေးက။
    ဒီပိုစ့်လေးကို တပတ်လောက်များ စောပြီးတင်ပါလားကွယ်။
    အခုလည်းနောက်မကျသေးပါဘူး၊
    ကဲ ကြိုးစားကာသာ လုပ်လိုက်ကြပါ သားတို့ သမီးတို့ရေ၊
    အားလုံးအောင်မြင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
    တက္ကသိုလ်ဝင်စာမေးပွဲ(ဆယ်တန်း)ဖြေဆိုကျောင်းသားများသို့ ……………….။
    ဦးလေးကြီး ခင်ခ။

    Reply

  • MaMa

    March 16, 2013 at 10:23 am

    ကောင်းပါတယ်။
    စာမေးပွဲခန်းထဲဝင်မယ့်သူတွေအတွက် အားဆေးတစ်ခွက်ပါပဲ။ :hee:

    Reply

  • ဦးကြောင်ကြီး

    March 16, 2013 at 10:36 am

    ရိုးရာကို ဦးကြောင်ခြစ်တယ်၊ ခေါ်ဂျဇမ်းပါစေ ကွန်ဆာဗေးတစ်ကြီးလို့… ခွဲနိုင်ဘူး ရိုးရာလေးနဲ့ :harr:

    Reply

Leave a Reply

Your email address will not be published.