တရုတ်အစိုးရကန့်ကွက်သည့်ကြားမှ ဒလိုင်လားမားနှင့် အိုဘားမားတွေ့ဆုံ

DaveFebruary 19, 20101min01

တရုတ်အစိုးရက အမေရိကန်သမ္မတအိုဘားမားနှင့် တိဗက်ဗုဒ္ဓဘာသာဂိုဏ်းချုပ်ဆရာတော် ဒလိုင်လားမား တို့နှစ်ဦး တွေ့ဆုံမည့်ကိစ္စကို အကြိမ်ကြိမ်ငြင်းဆိုကန့်ကွက်ခဲ့သည်။ထိုသို့ ကန့်ကွက်သည့် ကြားမှ ယင်းတွေ့ ဆုံပွဲ ယမန်နေ့က ဖြစ်မြောက်ခဲ့သည်။

သမ္မတအိုဘားမားက ဆရာတော် ဒလိုင်လာမားကို အိမ်ဖြူတော်တွင် မိနစ်(၇၀)ကြာ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ တွေ့ဆုံရာ၌ ၎င်းတို့ နှစ်ဦးသည် တရုတ်အစိုးရက တိဗက်ဒေသအပေါ် ထားရှိသော သဘော ထားနှင့်ပတ်သက်၍ အဓိကထားဆွေးနွေးပြောဆိုခဲ့ကြသည်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန် သမ္မတ၏ ဆုံးဖြတ်ချက်ကို ဝေဖန်ကန့်ကွက်ခဲ့သော်လည်း တိဗက်လွတ်လပ်ရေးအားပေး ထောက်ခံ သူများက ကြိုဆိုခဲ့ကြသည်။တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ချီကိုင်ပြည်နယ်တွင် မီးရှူးမီးပန်းများ ကောင်းကင်သို့လွှတ်တင်ပစ်ဖောက်ကာ ထိုတွေ့ဆုံပွဲကို ဝမ်းပမ်းတသာထောက်ခံခဲ့ကြသည်။

နိုင်ငံတကာရေးရာလေ့လာသူများက ယင်းဖြစ်ရပ်သည် အမေရိကန်-တရုတ်နှစ်နိုင်ငံဆက်ဆံရေးအတွက် အနည်းနှင့်အများ ထိခိုက်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းနေကြသည်။

One comment

  • susunosuki

    April 19, 2010 at 10:21 am

    ဆွေးနွေးပွဲက ငြမ်းချမ်းရေးနဲ့
    လူဘောင်တိုးတက်ရေးကို အထောက်အကူဖြစ်စေမယ်
    လို့မျှော်လင့်မိပါတယ်

    Reply

Leave a Reply

Your email address will not be published.