ဒီနားတင်ရပ်

 

 

 

 

 

 

 

 

 

*************

1

*************

ကံတရားရယ်..
ဒဏ်ရာတွေပဲ ပေးနေလေသလား…

ဖွင့်သာမေးလိုက်ချင်တယ်..
ရင်နဲ့လည်း မဆန့်တော့ဘူး
မျှော်လင့်ချက်ဆိုတာ
စာရေးလို့ပဲ ကောင်းတာပါ..
မိန်းကလေးဆိုတဲ့ ခေါင်းစဉ်အောက်
ထွက်ပေါက်ပျောက်နေတဲ့ နှလုံးသား
နံရံပါးကြားမှာ မွန်းကျပ်နေပြီ…

ကိုယ့်ကိုကိုယ်မုန်းမိတယ်…
အပြုံးတွေကြား တိုးဝင်မိတာ..
စကားတွေကြား မျောပါမိတာ..
တည်ငြိမ်ကာစ ငါ့ဘဝလေး
မထင်မှတ်ဘဲ လှုတ်ခတ်သွားတာ…
နေသားကျနေရင်းနဲ့
မနေတတ်တော့သလို ဖြစ်သွားတာ…

ကိုယ့်ကိုကိုယ် အမိန့်ပေးမိတယ်…
ဒီအတိုင်း ဆက်နေပါ..
တစ်ယောက်တည်း ရပ်တည်ပါ…
ဘယ်သူ့ကိုမှ မလိုအပ်နဲ့..
အပိုတွေ လျှောက်မတွေးနဲ့…
တွေဝေမှုတွေကို ရပ်လိုက်ပါ..

ပြီးတော့…တောင်းပန်ပါရစေ..
ကျေးဇူးပြုပြီး..
နင့်ဘက်ကလည်း ရပ်ထားပေးပါ
ငါမျှော်လင့်မိမယ့် အရာတွေ
ရေးရေးလေးတောင် မလိုချင်တော့လို့
ခဏတာပျော်ရွှင်မှုရဲ့ နောက်က
ခံစားရမယ့် ငါ့ဘဝ
အတော်လေး သနားမိနေလို့…
ကျေးဇူးပြုပြီး…
ရပ်ပစ်ပေးပါ…။ ။

**ဒီရက်ပိုင်း စာတွေ လက်စမသတ်ဖြစ်ဘဲ ကဗျာပဲ ရေးဖြစ်နေလို့ပါ… (ဘာရေးရမှန်း မသိတော့တာလည်း ပါတာပေါ့… :mrgreen:  ခံစားချက်တစ်ချို့နဲ့ စိတ်ကူးတစ်ချို့နဲ့ ပေါင်းပြီး ရေးထားတာပါ..အားပေးပါဦးနော်…

ချစ်တဲ့

မွန်မွန်

26 comments

  • ခိုင်ဇာ

    March 1, 2013 at 1:53 pm

    “””မိန်းကလေးဆိုတဲ့ ခေါင်းစဉ်အောက်
    ထွက်ပေါက်ပျောက်နေတဲ့ နှလုံးသား
    နံရံပါးကြားမှာ မွန်းကျပ်နေပြီ…”””

    :byae:

    ဘာတတ်နိုင်ပါ့မတုန်းလေ။

    ရှေ့တိုးဖို့မလွယ်တဲ့ အခြေအနေမှာ ရပ်နေတာသာ အကောင်းဆုံးကိုး။
    (အမှန်တော့ မြှောက်ပေးချင်နေတာပါ။ မသင့်တော်ဘူးထင်လို့။) :mrgreen:

    Reply

      • ခိုင်ဇာ

        March 1, 2013 at 4:33 pm

        အဲလို ရှင်းရှင်းပြောရင် ဆည်ဆောက် မြောင်းဖောက် ဘာသာကို အထူးပြုပြီး သင်ပေးမပေါ့ကွယ်။ :mrgreen:

        Reply

  • Wow

    March 1, 2013 at 2:03 pm

    မူးအောင်တောက်ပီး ဖွင့်ပြောပစ်အေ… ကိုယ်က မိန်းခလေးပဲ ဘူ့ဂရုစိုက်ရမှာလဲ… :mrgreen:

    Reply

    • ခိုင်ဇာ

      March 1, 2013 at 3:25 pm

      ဟုတ်တယ်။ အကူ လိုက်သောက်ပေးဖို့လိုရင် ခေါ်လိုက်နော်။ :mrgreen:

      Reply

  • Ghi Ghi ThE KiD

    March 1, 2013 at 3:09 pm

    သုံးထပ်သားရယ်ရယ်..
    အဆီတွေပဲ များနေလေသလား…
    ဖွင့်သာမေးလိုက်ချင်တယ်..
    ပါးစပ်နဲ့လည်း မဆန့်တော့ဘူး
    ဝက်သားဆိုတာ
    စားလို့ပဲ ကောင်းတာပါ..
    ဆာတေးဆိုတဲ့ ခေါင်းစဉ်အောက်
    ထွက်ပေါက်ပျောက်နေတဲ့ နှလုံးသား
    ပိုက်ဆံအိတ်ခပ်ပါးပါးကြားမှာ မွန်းကျပ်နေပြီ…
    ကိုယ့်ကိုကိုယ်မုန်းမိတယ်…
    လူတွေများကြား တိုးဝင်မိတာ..
    အူချိုတွေကြား မျောပါမိတာ..
    တည်ငြိမ်ကာစ ငါ့တစ်ထောင်တန်လေး
    မထင်မှတ်ဘဲ လှုတ်ခတ်သွားတာ…
    သွားရည် သွားကျနေရင်းနဲ့
    မနေတတ်တော့သလို ဖြစ်သွားတာ…
    ကိုယ့်ကိုကိုယ် အမိန့်ပေးမိတယ်…
    နောက်တချောင်း ဆက်နှိုက်ပါ..
    အချဉ်ရည်အိုးထဲ ဇောက်ထိုးနှစ်ပါ…
    ကြက်သွန်ဖြူကို မလိုအပ်နဲ့..
    ငြုပ်သီးစိမ်းအကြောင်း လျှောက်မတွေးနဲ့…
    တွေဝေမှုတွေကို ရပ်လိုက်ပါ..
    ပြီးတော့…တောင်းပန်ပါရစေ..
    ကျေးဇူးပြုပြီး..
    နင့်ဘက်ကလည်း ထူထူလှီးပေးပါ
    ငါမျှော်လင့်မိမယ့် အချင်းတိုင်တွေ
    ပါးပါးလေးတွေ မဝါးချင်တော့လို့
    ခဏတာချိုမြိန်မှုရဲ့ နောက်က
    ခံစားရမယ့် ဗိုက်ရစ်တဲ့ဝေဒနာ
    ငါ့ကိုငါ အတော်လေး သနားမိနေလို့…
    ကျေးဇူးပြုပြီး…
    ထူထူလှီးပေးပါ …။ ။
    အိုဘယ့် ဒုတ်ထိုး။။။။။

    :harr:

    ခင်တဲ့
    ဂီ

    Reply

    • ခိုင်ဇာ

      March 1, 2013 at 3:23 pm

      ဒုတ်ထိုးသည်ကြီး!!

      အူစုံ အသည်းစုံ ၃၀၀ဝ ဖိုးလောက် လှီးပေးပါ။

      :harr:

      Reply

    • တော်လိုက်တဲ့ ဂီဂီရယ်…
      ပြန်ဖတ်တိုင်း ဗိုက်ဆာလာတယ်…
      ဝက်ဒုတ် အသည်းအသန်စားချင်နေသော ဂီဂီ့ကို ကိုယ်ချင်းစာမိပါအိ…. :mrgreen:

      Reply

  • kai

    March 1, 2013 at 3:57 pm

    အပေါ်ကနေ.. ကဗျာငြိမ့်ငြိမ့်ဖတ်လာတာ.. အောက်လည်းရောက်ရော… ဝါးကနဲ့ပဲ..
    ကြည့်ရတာ.. အရက်နဲ့..ဝက်သားတုတ်ထိုးမြည်းမဲ့ပုံ.. :kwi:

    Reply

    • တဂျီး.. တစ်ပုလင်းလောက် မပို့ချင်ဝူးလား…
      သောက်မို့………….. …………. ဟုတ်ပါဝူး….. ….. သမဂ (ဂ ပါဌ်ဆင့် ရိုက်မရလို့) ဝင်တွေကို တိုက်ချင်လို့ပါလို့.. :kwi:

      Reply

  • Myo Thant

    March 1, 2013 at 4:14 pm

    ( မိန်းကလေးဆိုတဲ့ ခေါင်းစဉ်အောက်
    ထွက်ပေါက်ပျောက်နေတဲ့ နှလုံးသား
    နံရံပါးကြားမှာ မွန်းကျပ်နေပြီ… )

    မိုက်တယ်

    Reply

  • ကျေးဇူးပြုပြီး…
    ရပ်ပစ်ပေးပါ…။ ။

    ကဲ ပစ်လိုက်ပြီ ဟိုးအဝေးကို
    သွားရော့လဟယ်………………………………………………

    Reply

    • ဗုံဗုံ

      March 1, 2013 at 5:24 pm

      တိုင်မှာ တိုင်မှာ အန်တီ့ကိုတိုင်အုံးမှာ ဖေပေါက်ဘာကြီးလွှင့်ပစ်လိုက်တာလဲ :mrgreen:
      မမွန် မွန်းကြပ်နေရင် လာခဲ့နော် စစ်ကိုင်းချောင်သွားရအောင် :mrgreen:

      Reply

    • ပလုံ..ရေထဲကျသွားတယ် လေးပေါက်.. 🙂

      ဗုံလေး.. စစ်ကိုင်းချောင်ကျတော့ သိပ်တိတ်ဆိတ်လွန်းလားလို့.. မွန်မွန်က အဲ့လောက်အေးချမ်းနေရင် အိပ်ငိုက်လာရော… ဖစ်ဝူးထင်ဒယ်… :mrgreen:

      Reply

  • မောင် ပေ

    March 1, 2013 at 7:32 pm

    ပေ့ကိုပေ အမိန် ့ပေးလိုက်တယ်
    ဒီကွန်မင့်ကို မန် ့ဖို ့
    မွန်လေးကို ခြစ်တယ်

    Reply

  • Mr. MarGa

    March 1, 2013 at 7:38 pm

    ရပ်လိုက်ပါတော့ကွယ်
    မဖြစ်နိုင်တဲ့ ကိတ်ချကို ဆက်မလုပ်ပါနဲ့
    ရပ်လိုက်ပါတော့ကွယ်
    မိန်းကလေးဆိုတော့ မျှော်တော်ယောင်ပဲ ကောင်းပါသကွယ့်
    ရပ်လိုက်ပါတော့ကွယ်
    ကိုယ့်ဘွနဲ့ ကိုယ် ဆက်လျှောက်ပါတော့
    ရပ်လိုက်ပါတော့ကွယ်
    သူများကို သွားပြီး ဒဏ်ရာတွေ မပေးသင့်တော့ဘူးးးးးးးး
    ***********************************************
    ဗုံးသံ အမြောက်သံတွေ ကြားလာသလိုပဲ လစ်မှ :mrgreen:
    :kwi:

    Reply

  • အလင်းဆက်

    March 1, 2013 at 8:53 pm

    ခံစားချက်ကတော်တော်ပြင်းပုံ ရတယ် ။

    Reply

  • Silver Twig

    March 1, 2013 at 10:44 pm

    မိန်းကလေးဆိုတဲ့ ခေါင်းစဉ်အောက်
    ထွက်ပေါက်ပျောက်နေတဲ့ နှလုံးသား
    နံရံပါးကြားမှာ မွန်းကျပ်နေပြီ…

    “I think gender is not an issue to show your affection”. “Girl also must be little bit flirty if you find him tempted ” that was once my granny told me. Otherwise, you will be all alone.

    Reply

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 1, 2013 at 11:09 pm

    အိပ်မပျော်တာနဲ့ ရွာထဲဝင်လာတယ်….
    လုံဂလေးရဲ့ ပို့စ်တွေ့လို့ ဝင်အားပေးလိုက်အုံးမှပဲ ဆိုပြီးဝင်ဖတ်တယ်….
    ဂဂျာဂျီး ဖစ်နေဒယ်……………..
    အောက်မှာပေါးထားဒါဂ ဘာဒဲ့
    ချစ်တဲ့
    မွန်မွန် ဆိုဘာရားးးးးးးးး
    ++++++++++++++++++
    ချစ်တဲ့
    ဘိုမိုင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    Reply

  • ရွှေ ကြည်

    March 2, 2013 at 12:19 pm

    ကျေးဇူးပြုပြီး..
    နင့်ဘက်ကလည်း ရပ်ထားပေးပါ
    ငါမျှော်လင့်မိမယ့် အရာတွေ
    ရေးရေးလေးတောင် မလိုချင်တော့လို့
    ခဏတာပျော်ရွှင်မှုရဲ့ နောက်က
    ခံစားရမယ့် ငါ့ဘဝ
    အတော်လေး သနားမိနေလို့…
    ကျေးဇူးပြုပြီး…
    ရပ်ပစ်ပေးပါ…။ ။

    သိပ်ကြိုက်တယ် အမွန် …… 😆

    Reply

  • မရပ်ဘူးကွာ …
    မရပ်တော့ ဘာဖြစ်ချင်လဲ …
    သတ္တိရှိရင် တိမ်ပေါ်ကို တက်ခဲ့ …
    ဒါဘဲ …. :mrgreen:

    Reply

Leave a Reply to ခိုင်ဇာ Cancel Reply

Your email address will not be published.