အားလုံးရဲ့အမေ

manawphyulayJuly 21, 20101min00

ကမ္ဘာမြေပေါ် ခြေမချခင်ကတည်းက
ကိုးလလွယ် ဆယ်လဖွား
မငြီးမငြူ စောင့်ရှောက်ခဲ့တဲ့အမေ
သားသမီးတွေအတွက် အမေဟာ
စမ်းချောင်းကလေးတစ်ခုပေါ့။

အေးမြမေတ္တာ အကြင်နာတွေ အမြဲပေးတဲ့
အမေ့ရဲ့အရိပ် လွှမ်းမိုးနေခဲ့
လောကမှ အမေဆိုတာ
သားသမီးတွေအတွက် မရှိမဖြစ်
ရေကြည်တစ်ပေါက်ပေါ့။

ဘဝလှိုင်းထန် ဘယ်လိုပင်ကြမ်းကြမ်း
အပြုံးမပျက် မေတ္တာဖက်လျက်
သားသမီးမျက်နှာ တစ်ချက်မညှိုုးအောင်
ပြုစုစောင့်ရှောက် လမ်းတစ်လျှောက်ပေါ့။
သားသမီးဆို လိမ်မာ ဆိုးပေ မခွဲခြားပဲ
မေတ္တာမပျက် ဆက်ချစ်လျက်ပေါ့။

အမေရဲ့မေတ္တာဟာ
စမ်းချောင်းလေးဆိုတဲ့အတိုင်း
တသွင်သွင် တငြိမ်ငြိမ်အေးချမ်းတဲ့အသွင်နဲ့
အစဉ်အမြဲ စီးဆင်းနေစမြဲပေါ့။

အမေဟာ
သားသမီးတွေရဲ့အရိပ်
သားသမီးတွေရဲ့ဘဝ
ဘုရားရှင်သော်မှ အမေ့ကျေးဇူး
နို့တစ်လုံးဖိုးသာ ကျေအောင်ဆပ်နိုင်ခဲ့တယ်တဲ့
သာမန်သားသမီးတွေအတွက်တော့
မြင်းမိုရ်တောင်မက ကျေးဇူးကြီးလှ
မာတာမိခင် ကျေးဇူးရှင်ကို
ကျေးဇူးကျေအောင်
ဘယ်လိုဆပ်မည်နည်း….

Leave a Reply

Your email address will not be published.