ခြောက်လအတွင်း လျှပ်စစ်ဓါတ်အား ခိုးယူသုံးစွဲမှု ၉၄မှု ပေါ်ပေါက်

klnJuly 21, 20101min02

ရန်ကုန်မြို့တော်အတွင်း တရားမဝင်ဓါတ်အားသုံးစွဲမှုများအား စစ်ဆေးဖော်ထုတ်ခဲ့ရာ ပြီးခဲ့သည့် ခြောက်လအတွင်း အမှုပေါင်း ၉၄မှုအား ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည်။ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ တရားမဝင်ဓါတ်အား ရယူသုံးစွဲမှုများအတွက် လျော်ကြေးငွေ(ဒဏ်ငွေ) များပေးဆောင်စေခဲ့သည်။ မသမာသော နည်းအမျိုးမျိုးဖြင့် လျှပ်စစ်ဓါတ်အား ပျောက်ဆုံးမှုလျော့နည်းစေရေးနှင့် ဝင်ငွေတို်းတက်စေရေးတို့အတွက် တရားမဝင်ဓါတ်အား ရယူသုံးစွဲနေသူများအား တာဝန်ရှိသူများက စစ်ဆေးဖော်ထုတ်၍ လျော်ကြေးငွေ(ဒဏ်ငွေ) ပေးသွင်းစေခဲ့သည်ဟု ဆိုသည်။ ယင်းအမှုများအား လျော်ကြေး(ဒဏ်ကြေး)အဖြစ် စုစုပေါင်း ၅၂,၄၉၆,၈၆ဝ ကျပ်နှင့် အမေရိကန်ဒါ်လာ ၃၀၆ ဒသမ ရအား လျော်ကြေးငွေအဖြစ်တောင်းခံရရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ မသမာသောနည်းဖြင့် ဓာတ်အားရယူသုံးစွဲနေသူများအား ပထမအကြိမ်အဖြစ် ယခုကဲ့သို့ ဒဏ်ငွေကောက်ယူကာ နောက်နောင်ယခုကဲ့သို့မပြုလုပ်ရန် ဝန်ခံကတိလက်မှတ်ဖြင့် သတိပေးခဲ့သည်။ နောက်နောင် ထိုသို့ပြုလုပ်ပါက ဌာနမှနေ၍ ရာသက်ပန်လျှပ်စစ်ဓာတ်အားသုံးစွဲမှု ဖြတ်တောက်ပစ်မည် ဖြစ်ကြောင်း အသိပေးစာဖြင့် တရားဝင်ထုတ်ပြန်ကြပ်မတ်ခဲ့သည်။ မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုမှုတွင် အိမ်သုံးမီတာဖြင့် လုပ်ငန်းလုပ်ကိုင်ခြင်း၊ ဓာတ်အားလိုင်းနှစ်လိုင်းချိတ်ဆက်သုံးစွဲခြင်းနှင့် ဆင့်ပွားသုံးစွဲခြင်း၊ မီတာမရှိဘဲ တိုက်ရိုက်ခိုးယူသုံးစွဲခြင်းနှင့် မီတာမရောက်မီ အဝင်မှသုံးစွဲခြင်း၊ သတ်မှတ်ထားသော မြင်းကောင်ရေထက် ပိုမိုသုံးစွဲခြင်း၊ အထွေထွေတရားမဝင်သုံးစွဲခြင်း စသည်များပါဝင်ကြောင်း သိရသည်။

2 comments

  • လင်းဝေကျော်

    July 21, 2010 at 8:09 am

    ကြာပေါ့ ဒါတွေ၊
    မီးလိုင်းသမားတွေ အပိုဝင်ငွေ ဘယ်က ရတယ်ထင်တုန်း။
    အခုလုပ်လည်း ခဏပေါ့….တစ်ခုခုတော့ ပြန်ခွင်ဖန်မှာပါပဲ…
    မလုပ်လို့မှ မဖြစ်တာကိုး…. တကယ်လုပ်မရရင် အကုန် အလုပ်ထွက်ကြမှာပဲ။

    Reply

  • Pyaung Gye

    July 21, 2010 at 9:39 am

    ပေါင်းလိုက် စားလိုက်
    စားလိုက် ပေါင်းလိုက် နဲ့လုံးချာလိုက်နေတဲ့ ခေတ်မှီနိုင်ငံတော်ကြီးလေ

    Reply

Leave a Reply

Your email address will not be published.