ကျနော်နှင့် ရေချိုးစီး ဖိနပ်တစ်ရံ

awra-choFebruary 21, 20131min012

ကျနော်နှင့် ရေချိုးစီး ဖိနပ်တစ်ရံ

            ရီရပါသည်။ သည်လိုပဲ ဦးလှဝင်း(လေသူရဲတဦး) လိုအစပျိုးရမလား။ နီကိုရဲလိုလို ဘာလိုလိုနဲ့  အေးစက်ခြောက်သွေ့ပြီး တိတ်ဆိတ်နေတဲ့ ကျိုင်းတုံရဲ့ ဒီဇင်ဘာ နေ့တနေ့မှာ ကျနော်ဟာ ယောင်လည်လည် နဲ့ရောက်လာခဲ့ပါတယ်၊  လို့ အစပျိုးရ မလား။

ဘာပဲပြောပြော ၂၀၀၉ ရဲ့ ဒီဇင်ဘာ နှောင်းပိုင်း တိတိကျကျဆို (၂၆)ရက်နေ့ မှာ သစ်ဖြူပင် တစ်ပင် ထီးထီးကြီးရှိတဲ့ ကျိုင်းတုံကို ရောက်လာခဲ့ပါတယ်။ အရင်ဘဝက ဘုရင့်နောင်ရဲ့ တပ်မှာ တပ်မှုး များဖြစ်ခဲ့လေသလား ၊ အနည်းဆုံး ထမင်းချက်များ ဖြစ်ခဲ့လေသလား မသိ၊ ကျိုင်းတုံနဲ့ ရေစက်ကဆုံလွန်းလှတယ်။

အရင်တစ်ခေါက် ရောက်ဖူးလို့ မစိမ်းပေမယ့် ငါးနှစ်လောက် ကြာခဲ့ပြီဆို တော့ မရင်းနှီးတော့သလိုုတော့ ခံစားရတာပေါ့ဗျာ၊ အရင်ကလည်း လေးငါးလ လောက်ပါ ခဏပါဆိုပြီး လွှတ်လိုက်တာ တနှစ်ကြာသွားပါရောလား၊ အခုတော့ ဘယ်လို နေမယ်မသိ၊ ပါတ်ဝန်းကျင်ကို ကျွမ်းဝင်အောင် ဟိုကြည့်ဒီကြည့်ပေါ့။ တခြားမြို့တွေသာ ပြောင်းလဲချင်လဲမယ် ကျိုင်းတုံက ဒီတိုင်းဒီတိုင်းပါပဲလား။ မြန်မာ သမိုင်းမှာတော့ ကျိုင်းတုံက အစဉ်အလာနဲ့လေ၊ ဒီနောက်ပိုင်း မှာတောင် တာဝန်ကျ သွားတဲ့ တိုင်းမှုးအဆက်ဆက်က အညွန့်တလူလူနဲ့ အခုထိ တိုင်းပြည်ကို အုပ်ချုပ်နေ တုန်းဆိုတာ ဘယ်သူမှ ငြင်းမရဘူးလေ၊ သူတို့လောကမှာ တော့ အောင်မြေလို့ ပြောကြ ဆိုပဲ။ ဩရတို့တော့ သိပါဘူး လွှတ်လို့သာလာရ ဘယ်အချိန်ပြန် ရမလဲ ချောင်းနေတာပါ။ စိတ်ထဲတော့ ခဏပေါ့။

ပြောင်းလာတုန်းက လူလွတ်ဆိုတော့ အဝတ်လေးပဲ နည်းနည်းပါတာပါ။ သိတဲ့ အတိုုင်းအများစု ယောကျင်္ားလေးတွေ အတိုင်း သယ်ရမှာပျင်းတယ်လေ၊ ကျိုင်းတုံက ထိုင်းပစ္စည်းပေါတော့ မီးပူ၊ ပေါင်းအိုး၊ ပြန်ဝယ်မယ်ပေါ့။ ငါခဏပဲ နေရမှာပါလေ၊ ဈေးပိုပေါတဲ့ တရုတ်တွေပဲ ဝယ်တာကောင်းတယ် ပျက်မှာနဲ့ ပြောင်းမှာနဲ့ ကွက်တိပဲ၊ အဲလိုအဲလို၊ စဉ်းစားတာလွဲပုံ ပြောပါတယ်။ ရေချိုးစီး ဖို့ဖိနပ်ဝယ် တော့လည်း ဒီလိုပဲ၊ ဖိနပ်ဘာဖြစ်လဲ မဟောင်းခင်တောင် ပြောင်းရမှာ အရောင်လဲ ရွေးမနေတော့ ဘူးဆိုပြီး တွေ့တဲ့အရောင် ကြောင်တောင်တောင် ကြီးဝယ်ပလိုက်တယ်၊ အခုတော့ ဟုတ်ပါဘူး ကိုယ့်တွက်ကိန်းနဲ့ တခြားစီ ၊ မကြိုက်တဲ့ အရောင်နဲ့ တနေ့ကို တခါ လောက်ပဲ ရေချိုးရင်စီးတဲ့ ဖိနပ်က ပြတ်တော့မယ်၊ တည်းတည်းလေး ကျန်တော့တယ်။ ထမင်းပေါင်းအိုးက အခြေအနေ မကောင်းတော့ဘူး။ ဒါတောင် သူများနဲ့ကပ်စားလို့ ကိုယ့်ဟာကိုယ် တခါတလေမှ ချက်တာ။ အခုတော့စဉ်းစားနေမိပြီ၊အော်ငါ ဒီမှာပဲ ပင်စင်ယူရ တော့မှာလားမသိ လို့။ ဒီလိုမှန်းသိ ရောက်တဲ့အချိန်တုန်းက ရာဘာ စိုက်ထားပါတယ်ကွာ စိုက်ထားရင် အခုဆို အစေးတောင် ခြစ်လို့ ရတော့မယ်၊ အော်ဘွဘွ

 

(ဘာမှဟုတ်ပါဘူးဗျာ၊ ဖတ်စရာလဲ MG မှာ မတွေ့လို့ ကိုယ့်ဟာကိုယ် မရေးတတ် ရေးတတ် လျှောက်ရေးတာပါ၊ ရေးတတ်သူများ ရေးပြီးတင်ကြဗျို့ မရေးရင် အားလုံး ဒီလိုစာတွေ ချည်းပဲ ဖတ်ရမယ်မှတ်… ဟင်းဟင်း)

 

       ဩရချို

12 comments

  • ဩရချို လားဗျ …
    အစကတော့ သိဝူးးး အဝါချို ဆိုပြီး ဖတ်ဖတ်နေဒါ .. :mrgreen:
    ခုမှဘဲ သိဒေါ့ဒယ် ….

    ပို့စ်နဲ့ ပတ်သက်လို့ ပေါရရင်ဒေါ့ဂျာ …
    ဘွ ဆိုဒါ ဂလိုဘာဘဲလို့ …
    သဝေထိုး နငယ် ရေးချာ ငသတ် တဝင်းပူ …
    လူဒိုင်း နီးဘား တွေ့ဂျရဒါဘဲ …
    ကျုပ်ကဒေါ့ ဒါဘဲ ကြောဒတ်ဒယ် …

    အားပေးသွားဘာဒယ်ပေါ့ …

    Reply

  • မောင်တင့် တယ်

    February 21, 2013 at 5:27 pm

    ဖတ်ချင်တာတွေ ရှိရင် အောင့်ထားပါဗျို ့
    ပိုစ့်တစ်ခုက ရတနာတစ်ပါးလိုပဲ ရှားတယ်ဗျ…(ဟုတ်မဟုတ်မသိပါ)
    ပေါက်တတ်ကရ ရေးတာတော့ တူတူပဲ..ဦးကြီးရေ…
    သားလည်း ဒီလိုပဲ.. (တော်သေးဘီ)

    Reply

  • nozomi

    February 21, 2013 at 5:58 pm

    အပေါ်က ခြောက်မျက်နှာကြီး ပြောသလို အဝါချို လို့ ထင်နေတာ
    ဩရချို ဆိုတော့ ဩရသ နဲ့ တော့ အမျိုးတော်မယ်ထင်တယ်
    ဦးလှဝင်း ရဲ့ ပရိတ်သတ်ပဲ ထင်ရဲ့ သူစာအုပ်တွေကို ကျွန်တော်လဲ ကြိုက်တယ် ပါပီလွန်ကတော့ အကြိုက်ဆုံးပဲ

    ကျိုင်းတုံ တောင် မရောက်တာ ကြာပြီ
    သစ်တစ်ပင်တောင်ရယ် နောင်တုံကန်ရယ် ရှမ်းမချောချောလေးတွေရယ်ကိုတော့ မှတ်မိနေသေးတယ်

    ရှမ်းပြည်ဘက်က လူနေမှုဘဝ အကြောင်းလေးတွေ ရှမ်းဘက်ကမ်းက ပြန်လာတဲ့ ကောင်မလေးတွေရဲ့ ဘဝ တွေ အကြောင်းတွေ ရေးပြပါဦး

    Reply

  • MaMa

    February 21, 2013 at 6:41 pm

    ဟုတ်ပါရဲ့။
    အင်္ဂလိပ်လို ရေးထားတော့ နာမည်ကို အဝါချိုလို့ပဲ ထင်နေတာ။
    အောက်ဆုံးက မြန်မာလို ရေးလိုက်လို့သာ တော်တော့တယ်။
    ဒီလို စာဖတ်ရလည်း မနည်းပါဘူး။
    ကိုယ်တိုင်တော့ စာရေးဖို့ နေနေသာသာ
    စာဖတ်ဖို့တောင် မနည်း ကြိုးစားနေရတာမို့…
    ရေးနိုင်သူကို အားပေးပါတယ်။
    ကျိုင်းတုံရဲ့ သဘာဝရှု့ခင်းတွေ ဓလေ့စရိုက်တွေကိုလည်း စောင့်မျှော်အားပေးနေပါတယ်။ :hee:

    Reply

  • Mr. MarGa

    February 21, 2013 at 7:38 pm

    အွမ်
    ဩရချိုလား
    ဦးမာဃလဲ အဝါချိုလို့ပဲ ဖတ်နေတာ
    ဗျို့ ကိုဩရ
    ကျိုင်းတုံမှာ ပင်စင်ယူရမယ်ဆိုလဲ
    တန်အောင်လို့ ကျိုင်းတုံအကြောင်းလေးများ အားရပါးရ ရေးထားပါဗျာ
    ဗဟုသုတဖြစ်ဖွယ်များပေါ့

    Reply

  • မောင် ပေ

    February 21, 2013 at 8:31 pm

    ရေချိုးစီး
    ငွေတိုးညီး
    ကေခိုးပြီး
    စေမျိုးကြီး
    တေညှိုးမီး
    ခွေရိုးထီး

    Reply

  • padonmar

    February 21, 2013 at 11:03 pm

    ဟယ် ..အကုန်လုံး အဝါချိုလုပ်နေကြလို့ စိတ်ညစ်သွားပါ့မယ်။
    အန်တီက အစကတည်းက ဩရချို လို့ ဖတ်ပါတယ်။အားမငယ်ပါနဲ့။(ဖားထားတာ၊နောက် ၅နှစ်လောက်ကျရင် ကျိုင်းတုံ လာလည်ရင်ကောင်းမလားလို့)
    တော်ကြာ ကြိမ်းမောင်းထားတဲ့ စာလေးတွေတောင် မတင်ရဲမှာ စိုးပါတယ်။

    Reply

  • kai

    February 22, 2013 at 6:05 am

    ကျုပ်များ.. ကျိုင်းတုံမပြောနဲ့.. ရှမ်းပြည်တောင် တခါမှမရောက်ဖူးဘူး..
    ကံကောင်းတယ်မှတ်.. :kwi:

    စကားအငတ်းစပ်..
    ချောလားဟင်..
    ရေချိုးခမ်းကြမ်းပြင်ပြောပါတယ်.. :kwi:

    Reply

  • Shwe Ei

    February 22, 2013 at 9:07 am

    အော် တရုတ်ပစ္စည်းမကောင်းတာကိုစိတ်ညစ်တာလား
    အကြာရီးနေရလို့စိတ်ညစ်တာလား
    ဂဇက်မှာဖတ်စရာမတွေ့လို့ စိတ်မကျေနပ်တာလား….
    စဉ်းစားလိုက်တော့ အကုန်လုံးဗြဲပေါ့နော် :mrgreen:

    Reply

  • Wow

    February 22, 2013 at 11:50 am

    တရုပ်ပစ္စည်းက အကုန်မကောင်းတာလား.. စီလုပ်မလေးဒွေကော :mrgreen:
    လားရှိုးနဲ့ ပြင်ဦးလွင်ကတော့ ပျော်ဖို့ကောင်းပါတယ်.. ညဘက်ဆို ချမ်းစိမ့်စိမ့်လေးနဲ့ ညဈေးမှာ မုန့်သွားစားရတာ ပျော်ဇယာ…

    Reply

  • kyeemite

    February 22, 2013 at 1:13 pm

    အောင်မယ်..အောင်မယ်..မရေးတတ်ပေလို့ပဲ
    ခုလောက်လေးရေးတာတောင်သူ့အဖွင့်နဲ့ သူ့အပိတ် ကွက်တိ..
    ဂွတ်ပါတယ်ကိုဩရရေ..ဆက်ဒူးပါ.. :kwi:

    Reply

  • awra-cho

    February 22, 2013 at 3:31 pm

    eng က အဲလိုကျွမ်းတာ၊ ကိုယ်ထင်တာကိုယ်လုပ်တာကိုးဗျ၊ အားပေးကြလို့ ကျေးဇူးတင်ပါတယ်ဗျို့။ ဟိုဖက်ကမ်း (ယိုးဒယား ပြောတာပါ) ရောက်မှ ပုံလေးတွေ တင်မယ်ဗျို့၊

    Reply

Leave a Reply

Your email address will not be published.