ပြောင်းလဲခြင်း သဘောတရား

manawphyulayAugust 3, 20101min02

လောကမှ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြချင်ပါတယ်။ လူတွေရဲ့ ပြောင်းလဲမှု မြန်ဆန်ပုံလေးပေါ့။
ကောင်မလေးတစ်ယောက်ရဲ့အကြောင်းပါ။ သူဟာ လူတွေအားလုံးကို မုန်းနေတယ်။ နောက်ဆုံး သူ့ကိုယ်သူလည်း မုန်းတယ်။ ဘာလို့လဲဆိုတော့
သူဟာ မျက်မမြင်လေးတစ်ယောက်မို့လို့ပေါ့။ ဒါပေမဲ့ သူမ မုန်းတဲ့ထဲမှာ မပါဝင်တာကတော့ သူမရဲ့ချစ်သူ ကောင်လေးတစ်ယောက်ပဲရှိတယ်။
သူ့ချစ်သူဟာ သူ့နားမှာ အမြဲတမ်းနေပေးတယ်လေ။ တစ်နေ့တော့ သူ့ချစ်သူကို ပြောတယ်။ သူသာ ကမ္ဘာလောကကြီးတစ်ခုလုံးကို မြင်ရရင်
ရှင့်ကို လက်ထပ်ပါမယ်လို့ ပြောတယ်။
တစ်နေ့မှာ တစ်စုံတစ်ယောက်က သူ့မအတွက် မျက်စိတစ်စုံ လှူဒါန်းခဲ့တယ်။ သူမဟာ ကမ္ဘာလောကကြီးရယ်၊ သူ့ချစ်သူရယ် အရာအားလုံးကို
မြင်ခွင့်ရခဲ့ပြီလေ။ သူ့ချစ်သူကောင်လေးက ပြောတယ်။ အခု မင်း မြင်ချင်တဲ့ ကမ္ဘာလောကကကြီးတစ်ခုလုံးကို မြင်ရပြီနော်။ မင်း ငါ့ကို
လက်ထပ်မှာလားလို့ ပြောရှာတယ်။ အဲဒီအချိန်မှာ ကောင်မလေးဟာ တုန်လှုပ်ချောက်ချားသွားခဲ့တယ်။ ဘာလို့လဲဆိုတော့
သူ့ချစ်သူကောင်လေးဟာ မျက်မမြင်တစ်ယောက်ဖြစ်နေလို့ပေါ့။ သူမဟာ သူ အရမ်းချစ်တဲ့ သူ့ချစ်သူကို ငြင်းပယ်လိုက်ပါတော့တယ်။
ကောင်လေးဟာ စိတ်မကောင်းခြင်းများစွာနဲ့ ထွက်ခွာသွားတယ်။ နောက်တော့ စာလေးတစ်စောင်ရေးပြီး သူမဆီ ပို့လိုက်တယ်။
စာကြောင်းလေးကတော့
“Just take care of my eyes please.”  ပါတဲ့ရှင်။
အင်း လူသားတွေဟာ အမျိုးမျိုးပြောင်းလဲတတ်ကြတယ်။ အဆင့်၊ ရာထူး၊ ဂုဏ်ရှိန်အရာအားလုံးကြောင့် အမျိုးသမီးမှ မဟုတ်ဘူးနော်။

အမျိုးသားတွေလည်း ပြောင်းလဲမယ်ဆိုတာ ဒီပုံပြင်လေးက သင်ခန်းစာပေးလိုက်တာပါပဲ။ လောကမှာ နားလည်မှု၊ တစ်ဦးကို တစ်ဦး သည်းခံမှု၊
ကိုယ်ဒုက္ခရောက်ခဲ့စဉ်က အဖြစ်အပျက်တွေကို မမေ့မလျော့ဘဲ မပြောင်းလဲတဲ့ အရိုးခံစိတ်ရင်းတွေ လူသားတိုင်း ပိုင်ဆိုင်စေချင်လို့
အင်တာနက်ကနေ အင်္ဂလိပ်စာကို ကူးယူပြီး အင်္ဂလိပ်လို မသိနားမလည်တဲ့ ကျွန်မက အတတ်နိုင်ဆုံး ဘာသာပြန်ကြည့်တာဖြစ်ပါတယ်။

2 comments

  • naymyo

    August 3, 2010 at 12:33 pm

    Thanks so!!

    Reply

  • nyimalay

    September 17, 2010 at 4:24 am

    Boy is so poor.I also hate like that.Be Sympathetic.

    Reply

Leave a Reply

Your email address will not be published.