အီစီကလီ အမျိုးသားကြောင့် အိမ်သူသက်ထား ဂုဏ်မငယ်စေလို

TheWinner GetprizeFebruary 16, 20131min034

မြိုင် မနက်အစောကြီး (၄) နာရီလောက် နေပြည်တော်ကို ထထွက်လာရတော့ အိပ်ချင်နေမိသည်။ ဒါပေမယ့်လည်း မအိပ်လိုက်ရဲသေးပါဘူး။ ပါလာတဲ့ အဖော်နဲ့ မြိုင်တို့ တစ်ယောက်တစ်လှည့် ကားသမားကို မကြာခဏ စကားပြောပေးနေကြရပါသည်။ အများသူငါ သတိပေးသည့် ကားသမား မငိုက်ရေးအတွက်ပေါ့။ ဟုတ်တယ်လေ၊ သို့မဟုတ်ပါက သေမင်းတံခါးပေါက်နဲ့ နီးနိုင်တယ်မဟုတ်လား။

ဒီတစ်ခေါက်မြိုင်လာတာကတော့ အရင်လို အစိုးရရုံးကိစ္စ၊ အစည်းအဝေး ကိစ္စတွေလိုမဟုတ်ပါဘူး။
အစိုးရက လစဉ်နီးပါး အဆောက်အဦးတွေ၊ မြေတွေ၊ ဟိုတယ်တွေ နဲ့ ပြတိုက်တွေပါမကျန် လေလံတွေရော၊ တင်ဒါတွေပါ စုံအောင်ချနေတော့ မြိုင့်တို့ရဲ့ ဆရာသမားကလည်း အများသူဌေးများနည်းတူ ရချင်ပါလေရော။
မြိုင့်မှာလည်း ကိုယ့်ရဲ့ Responsible မဟုတ်ပေမယ့် အစုံသုတ် မြိုင်ကတော့ –
“သွားလိုက်ပါဦး၊ ဒီလေလံလေးကိုတော့” ဆိုတော့လည်း အသွားစေခိုင်းသူ မင်းဧကရာဇ်၊ ဟုတ်ပါဘူး ဆရာသမားမှာတဲ့အတိုင်း ထမ်းဆောင်ဖို့ မင်းနေပြည်တော်ကြီးကို ချီတက်ခဲ့ရတာပေါ့။

နေပြည်တော်ရောက်တော့ ခဏလောက်နားပြီး ပွဲက တမ်းစပါတယ်။ လေလံဆိုပေမယ့်လည်း တကယ့်တကယ် ဝင်ဆွဲတဲ့ သူကတော့ ကုမ္ပဏီ ၁၂ ခု လောက်ပဲ ရှိတာပါ။ အဲ မစပ်စု မြိုင်ကတော့ Service Industry သမားပီသစွာပဲ ရောက်တာနဲ့ လာတဲ့သူအကုန်လုံးကို လိုက်စပ်စုပြီးပြီလေ။ မစုလို့လည်းမရဘူးကိုး၊ ဆရာသမားက ဘယ်သူတွေ ဝင်ပြိုင်ဆွဲလည်းမေးရင် ပြောနိုင်ဖို့ မြိုင် စပ်စုနိုင်မှ ရမှာလေ။ ကဲ- အဲဒီတော့ သူတို့နဲ့ ကိုယ်နဲ့ ကဒ်တွေကိုယ်စီ လဲကြပေါ့နော်။

ကဲ – ပွဲစတယ်ဆိုရင်တော့ ထုံးစံအတိုင်း ဝင်ပြိုင်တဲ့ ကုမ္ပဏီ အသီးသီးအလိုက် မိတ်ဆက်ကြတာပေါ့နော်။
ကျွန်မရဲ့ ဘယ်ဘက်ဘေးက လူကြီးမင်းကလည်း ကုမ္ပဏီကြီး တစ်ခုရဲ့ မန်နေဂျင်း ဖြစ်သလို၊ ညာဘက်ကလည်း အတော်ချမ်းသာသော လူတစ်ဦးပါပဲ။ အားလုံးကလည်း တိုက်ပုံတွေ၊ ကုတ်တွေ၊ အဖွဲ့လိုက်တွေနဲ့ပေါ့။ အဲဒီကြားထဲမှာ မြိုင်ကလည်း အားကျမခံ လူကြီးပုံပေါက်အောင် ရင်ဖုံးအကျင်္ီ ဝတ်လို့ပေါ့။

ပွဲကတော့ တကယ့်ကို ပွဲကြီးပွဲကောင်းပါပဲ။ ဒီမိုကရေစီ စပြီး အကူးအပြောင်းမို့လားတော့ မသိပါဘူး။ “လုပ်ပွဲ မဟုတ်တဲ့ လေလံပွဲအစစ် တစ်ခုလို့” ပြောရမှာပါပဲ။ ဒါပေမယ့်လည်း အဲဒီအထဲမှာ တကယ်လိုချင်တဲ့ ကုမ္ပဏီတွေလည်း ပါသလို ဝင်ပြီး ရိုက်စားလုပ်ချင် ကုမ္ပဏီတွေကလည်း တစ်ဝက်လောက် ပါပါတယ်။
တချို့ကတော့လည်း ထိပ်ကထိုင်နေတဲ့ ညွှန်ချုပ်ကိုမှ အားမနာ-

“ကျွန်တော်တို့ တစ်ဦးကို သိန်း (၄၀) စီ ပေးပါမယ်ခင်ဗျာ၊ ဒီ Project ကျွန်တော်တို့ ယူလိုက်ပါမယ်” ဆိုပြီး ပေါ်တင်ပဲ ဈေးခေါ်ညှိပါတယ်။

ဟုတ်တာပေါ့နော်။ သူတို့ ပေးချင်တဲ့ ဈေးကို မြိုင်တို့က အပြိုင်လိုက်မပေးပဲ “လုပ်ပွဲ” ဖန်တီးလိုက်လို့ကတော့ သူတို့ပေးချင်တဲ့ ဈေးနည်းနည်းလေးနဲ့ သူတို့လည်း ရသွားမယ်၊ မြိုင်တို့လည်း တစ်ဦးကို သိန်း (၄၀) စီ ရမယ်။ ဒါပေမယ့် သူတို့ကတော့ အခုချက်ချင်းသာ ဝင်ဆွဲတဲ့ ၁၁ ယောက်အတွက် သိန်း (၄၄၀) ကုန်တာလေ။ နောက်ပိုင်း နိုင်ငံတော်ကို သွင်းရမယ့် လစဉ် ငှါးရမ်းခကျတော့ အတော်လေးကို သက်သာသွားမှာကိုး။ ပြီးတော့ ဒါက နှစ်အရှည်ကြီး သွားရမှာဆိုတော့ သူတို့အတွက် အတော်လေးကို တွက်ချေကိုက်ပဲလေ။
အင်း – မြိုင်တောင် လေလံအတွေ့အကြုံ အတော်တိုးတက်လာပြီပဲ။ စိတ်ထဲက ကြိတ်တွေးလိုက်မိပါသည်။

ဒါပေမယ့် အဲဒီ Project ကို တကယ်လိုချင်တဲ့ ကုမ္ပဏီ (၃) ခုလောက်က ပါနေတော့ သူတို့ ဘယ်လိုမှ ညှိမရဘူးဖြစ်နေပါတယ်။
မြိုင်ကလည်း ဝင်ဆွဲတယ်သာ ပြောတာပါ၊ အမှန်တော့ ဖုန်းဖွင့်ထားပြီး မြိုင့်ဆရာသမားပေးတဲ့ ဈေးကို ဒီဘက်မှာ ထိုင်အော်ပေးနေယုံပါပဲ။ ဒါပေမယ့် သူပေးတာ တဖြည်းဖြည်းများလာတဲ့ အချိန်မှာတော့ မြိုင်က ဂဏန်းပေါင်းစက် တစ်လုံးကိုင်ပြီး “တစ်လ ငှါးရမ်းခကို ဒီဈေးထိ ဈေးပေးနေရင် တစ်နေ့ဆို ဘယ်လောက်ဖြစ်နေပြီနော်” ဆိုတာတော့ သတိပေးမိနေလေရဲ့။

ဈေးပြိုင်ပေးလာရာကနေ Amount တစ်ခုအရောက်မှာတော့ မြိုင်တို့က ရပ်လိုက်ပါတော့တယ်။
ကျန်ခဲ့တာကတော့ မြိုင့်ရဲ့ ဘယ်ဘက်ဘေးက လူကြီးမင်းရယ်၊ မျက်နှာချင်းဆိုင်က လူကြီးမင်း (၃) ဦးပါတဲ့ ကုမ္ပဏီရယ်ပါ –
သိန်း (၉၀၀)
သိန်း (၁၀၀၀)
သိန်း (၁၃၀၀)
သိန်း (၁၈၀၀)
ဘုရားရေ။ အားလုံးနည်းနည်း မျက်လုံးပြူလာကြပါတယ်။ ထိုင်နေတဲ့ ညွှန်ချုပ်ကတောင် အပိုင်ပေးတာ မဟုတ်ဘူးနော်။ တစ်လ ငှါးရမ်းခနော် ဆိုတာကို ဘေးကနေ ပြန်ပြီး သတိပေးယူရတဲ့ အထိပါပဲ။
မြိုင်ခုနနေက မြိုင့်ဆရာနဲ့ ဖုန်းပြောနေရင်းနဲ့ တနေ့ ငှါးရမ်းခကို တွက်နေတာမြင်တဲ့ ဘယ်ဘက်က အဲဒီလူကြီးမင်းက သူဈေးပြိုင်ပေးနေရာကနေ ဂဏန်းပေါင်းစက်ကိုင်ထားတဲ့ကျွန်မကို –
“ဒါဆို တနေ့အတွက် ဘယ်လောက်ဖြစ်သွားပြီလဲ နည်းနည်းလောက်တွက်ပေးပါလား” ဆိုတော့ မြိုင်လည်း ကူညီပေးလက်စနဲ့ ပြီးတဲ့အထိ ဘေးကနေ ဂဏန်းပေါင်းစက် ထိုင်ခေါက်ပေးနေမိပါတယ်။

နောက်ဆုံးမှာတော့ မြိုင့်ဘေးက လူကြီးမင်းက လေလံအောင်သွားပါတယ်။ ကဲအားလုံးပြီးတော့ လေလံအောင်သူသာ လက်မှတ်ထိုးဖို့၊ ငွေသွင်းဖို့ ကျန်ခဲ့ပြီး အားလုံးကတော့ အသီးသီး နှုတ်ဆက်ပြီး ပြန်လာကြတာပေါ့။

လေလံပွဲက ထင်တာထက်ပိုကြာတော့ တဂွီဂွီ မြည်နေတဲ့ ဝမ်းကို ဖြည့်ဖို့ အဲဒီရုံးနားလေးက ကန်တင်းမှာပဲ ထမင်းဝင်စားလိုက်ပါတယ်။
ထမင်းစားပြီး ပြန်ထွက်လာတော့မှပဲ ပွဲထဲမှာတုန်းက ဖုန်းကို Ring Off လုပ်ထားတာကို သတိရမိပြီး ဖုန်းကိုကြည့်လိုက် မိတယ်ဆိုရင်ပဲ –
miss-call ၅ ကြိမ် ကို နံပါတ်တစ်ခုတည်းက ခေါ်ထားတာတွေ့ပါတယ်။ ဒါနဲ့ ခုနလူတွေထဲက တစ်ဦးဦးပဲလို့ ထင်လိုက်ပြီး သူတို့ပေးထားတဲ့ကဒ်တွေနဲ့ ပြန်ထုတ်တိုက်ကြည့်လိုက်တယ်။ ဘေးနားက လေလံအောင်တဲ့ လူကြီးမင်းရဲ့ နံပါတ်ဖြစ်နေပါတယ်။

ဒါနဲ့ မြိုင်လည်း တစ်ခုခုများ ပြောစရာရှိမလားလို့ ပြန်ခေါ်လိုက်ပါတယ်။
သူ့ဖုန်းက busy ပဲဖြစ်နေတယ်။ တစ်ခေါက်ဝင်သွားတော့ ကိုင်သလိုဖြစ်ပြီး ပြန်ကျသွားတယ်။ မြိုင်လည်း (၅) မိနစ်လောက်ထိ စောင့်တဲ့ ထိ
ပြန်ခေါ်မရတော့ Message ပို့လိုက်တယ်။ ဟုတ်တယ်လေ မြိုင်က အခုပဲ ရန်ကုန် ပြန်ဆင်းတော့မှာကိုး။

“I’m trying to call you back. But, your phone is busy.”

ဒါလေးပါပဲ။ တခြားမပါပါ။ မြိုင့်တာဝန်ကျေပြီမို့ရော၊ နေပြည်တော်မှာလည်း တခြားလုပ်စရာ မရှိတာကြောင့်ရော မြိုင်တို့ ရန်ကုန်ပြန်ဆင်းဖို့ မောင်းလာလိုက်ကြသည်။

အဲတော့ – သိပ်မကြာပါဘူး။ မြိုင့်ဆီကို ဖုန်းတစ်လုံးဝင်လာပါရော။ ကြည့်လိုက်တော့ နံပါတ်အစိမ်းတစ်ခုပဲ။
ကိုင်လိုက်တော့ အမျိုးသမီးတစ်ဦးပါ။

“ဒါဘယ်သူ့ဖုန်းလဲ”၊
ဘုရားရေ၊ မေးတဲ့လေသံကလည်း တယ်မာပါလား။

“ဟုတ်ကဲ့ ကျွန်မမြိုင်ပါ။ အမဘယ်ကိုဆက်တာပါလဲ”

“ဒီနံပါတ်ကိုပဲ ဆက်တာ၊ ဒါဘယ်သူ့ဖုန်းလဲ သိချင်လို့”

“မြိုင့်ဖုန်းပါ၊ ဘာလို့လဲရှင့်”

ဟောတော့ ဘာမှလဲ မပြောပဲနဲ့ ဖုန်းချသွားတယ်။ ဟင် – ဘာလဲဟ ကြောင်တောင်တောင်နဲ့ လို့တွေးလိုက်မိပါသေးသည်။
ခဏနေတော့ ပြန်ခေါ်လာပြန်ပါရော။

“ဟယ်လို” မြိုင်ထူးလိုက်တယ် ဆိုရင်ပဲ၊

“ဟဲ့ – ခဏကိုင်ထား”၊ ဘုရားရေ အတော်ရိုင်းတဲ့ အမျိုးသမီးပဲ၊

“ပြောလေ…. ရော့ …. ရှင့်ဆီခေါ်တဲ့ ရှင့်ကောင်မတွေနဲ့ ရှင်ပြောလေ …. ရော့ ….”။

သွားပါပြီ။ မြိုင် ကိုင်ထားရင်းကနေ လက်က တဆတ်ဆတ်တုန်လာသည်။ မြိုင်အထင်လွဲခံလိုက်ရပြီဆိုတာ သဘောပေါက်လိုက်ပါပြီ။ မြိုင့်ဘဝမှာ တစ်ခါမှ ဒါမျိုး အစော်ကားမခံရဖူးတော့ မြိုင်ဘယ်လို ပြန်ပြောရမယ်မှန်းလည်း မသိတော့ပါ။ အင်မတန်ပေါက်ကွဲနေတဲ့ အဲဒီအမျိုးသမီးကိုလည်း မြိုင်စိတ်တိုရမှာလားလည်း မြိုင်နားမလည်တော့ပါ။ မြိုင်ဘာလုပ်လိုက်မိမှန်းလည်း မသိတော့ပါ။
ဒါပေမယ့် မြိုင်လုပ်မိတာကတော့ မြိုင်ရှက်လွန်းလို့ ဖုန်းသာ ချလိုက်မိပါသည်။

ဒေါသတွေလည်း တရိပ်ရိပ်တက်လာပြီး အခြေအနေက ဘာတွေ ဘယ်လို ဖြစ်သွားလဲကို မြိုင်လည်း နားမလည်နိုင်ပါ။
ဟိုလူကြီးလူကောင်းဆိုတဲ့ အဲဒီလူကြီးက မြိုင်နဲ့သူ ဘာမှ မဆိုင်တာ၊ လေလံပွဲမှာပဲ အလုပ်နဲ့ ပက်သက်လို့ တွေ့ကြတာကို ဘာလို့ သူ့အမျိုးသမီးကို မပြောပြတာလဲ။
ပြောပြရဲ့သားနဲ့ သူ့အမျိုးသမီးက နားမလည်တာလား။
ဒါဆိုရင် သူ့အမျိုးသမီးက မြိုင့်ကို ဖုန်းခေါ်ပြီး ပြောလို့ ပြောတဲ့ အချိန်မှာ အလုပ်ကိစ္စအတွက် မြိုင့်ကိုခေါ်ထားတာ ဆိုရင် သူဘာလို့ မြိုင့်ကိုပြောဖို့ ဆွံ့အနေတာလဲ။
အလုပ်ကိစ္စ မဟုတ်ရင်ရော ဘာလို့ မြိုင့်ဆီကို ဖုန်း (၅) ခါလောက် ခေါ်ထားတာလဲ။
မြိုင်မစဉ်းစားတတ်တော့ပါ။

မြိုင်တွေးရင်၊ တွေးရင်းနဲ့ အဲဒီအမျိုးသမီးကို မြိုင်နားလည်ပေးလို့ ရလာသည်။ သူမကို သနားမိလာသည်။
“အော် စိတ်မချရတဲ့ ယောကျင်္ားကြောင့် သူမရဲ့ ဒေါသနဲ့အတူ သူမဘယ်အဆင့်ထိ ဖြစ်သွားလဲကို သူမ မသိတော့ပါလား။ ငါဆိုရင်ရော အဲလို ဖြစ်မိမှာလား” ဆိုပြီး တွေးရင်းနဲ့ အတော်လေးကို စိတ်မကောင်းလည်း ဖြစ်မိသွားပါသည်။

မောင်မင်းကြီးသား ထိုလူကြီးမင်းကတော့ တယ်မလွယ်ဘူးကိုး –
မြိုင်တို့ တောင်ငူနားလောက်အရောက် ဖုန်းမိတဲ့ နေရာရောက်တော့ ဖုန်းထပ်ဝင်လာပါတယ်။ ပါလာတဲ့ မြိုင့်အဖော်က ပေါက်ကွဲလွန်းလို့ ကိုင်ပြီး ပက်ပက်စပ်စပ်ပြောပစ်လိုက်ဖို့ မြှောက်ပေးပါတယ်။

ကိုင်လိုက်တော့ – အတော့်ကို ရယ်ရတဲ့ သူပဲ – အသံက တုန်ချင်ယောင်ဆောင်တာလား၊ တကယ်ပဲ တုန်တာလားတော့ မသိပါဘူး။

“မြိုင်၊ ညီမလေး၊ ကိုယ်တောင်းပန်ပါတယ်နော် တဲ့။ ကိုယ့်အမျိုးသမီးက အဲလိုပဲ အမြဲဆိုးတယ်တဲ့။ ကိုယ် KTV က လူတွေနဲ့ ရှုပ်တယ်ထင်ပြီး အမြဲလို သဝန်တိုနေတာတဲ့။ မြိုင့်ကို သက်သက်လာတွေ့ပြီးလည်း တောင်းပန်ပါရစေတဲ့”။

အသံရော ပြောပုံကိုပါ မြိုင် ရွံလွန်းလို့ ဆက်နားမထောင်တော့ပါဘူး။ ပက်ပက်စက်စက်ပြောမယ့် စိတ်ကိုလည်း ပြန်ထိမ်းလိုက်ပါတယ်။

မြိုင်ပြောလိုက်မိတာကတော့ –
“ကျွန်မတို့က မိကောင်းဖခင်သားသမီးပါ။ ကျွန်မမှာလည်း မိသားစုနဲ့ပါ။ ကျွန်မကို တောင်းပန်မယ့်အစား ရှင့်အမျိုးသမီးကိုသာ ရှင် တောင်းပန်လိုက်ပါ၊ ကျွန်မကို နောက်ဘယ်တော့မှ ထပ်မဆက်ပါနဲ့တော့။”
အဲဒီနောက်မှာတော့ မြိုင်ဖုန်းချလိုက်ပါတော့သည်။

အပြန်လမ်းတလျှောက်မှာတော့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေကို အထပ်ထပ်တွေးရင်း မြိုင့်ရင်ထဲမှာ အထပ်ထပ် ပြောနေမိတာကတော့ –

“စိတ်မချရတဲ့ အီစီကလီ အမျိုးသားကြောင့် အိမ်သူသက်ထား အမျိုးသမီးများကို ကိုယ့်သိက္ခာကိုယ် အကျမခံကြပါနဲ့လို့။”

34 comments

  • ခိုင်ဇာ

    February 16, 2013 at 12:49 pm

    ဒါပေမဲ့ ဒီလို အမျိုးသမီးတွေ အများကြီးပါကွယ်။
    ကိုယ့် ယောင်္ကျားအကြောင်းသိလို့ပဲ သူတို့ အပေါက်ဆိုးရသလား။
    သူတို့ ဒီလိုတင်းကြပ်လွန်းလို့ပဲ ယောင်္ကျားတွေ ထွက်ပေါက်ရှာသလား ဆိုတာ ကြက်ဥကြက်မ ပြသနာမို့ မပြောချင်ပေမဲ့လည်း
    ခုလို ဘာမှ မဆိုင်တဲ့ အမျိုးသမီးတစ်ယောက်ကို အထင်လွဲ ပြောဆိုမိတာတော့ လွန်တယ်ထင်ပါ၏။။
    သူတို့ဟာသူတို့ ရှုပ်တဲ့ အထဲ သူများကိုပါ အဲလို စော်ကားမိတာတော့ မကောင်းပါဘူး။
    (အိ!! :opps: ကိုယ့် အနာနဲ့မို့ စိတ်လိုက်မာန်ပါပြောမိရင် ခွင့်လွှတ်ပါ ညီမလေး။)

    Reply

  • ဦး ကျောက်ခဲ

    February 16, 2013 at 1:21 pm

    အဟမ်း

    အဲသည့် ကိုယ့်ခင်ပွန်းကိုယ်မထိန်းနိုင်ပဲ တဖက်သားကိုပတ်ရမ်းတဲ့ အမျိုးသမီးကလည်း ဆိုးလွန်းလှသလို…
    ကျုပ်ပြောဖူးတဲ့ ယောက်ျားအီကြာကွေးဆိုတာ အဲဒီလိုလူမျိုးပေါ့ဗျာ…
    အင်း… ခေတ်ကြီးကိုက အချိုးမပြေ..
    :chee:

    Reply

    • TheWinner

      February 16, 2013 at 5:55 pm

      ဦးကျောက်ရေ၊
      ခေတ်ကြီးဆိုပေမယ့် ဦးကျောက်ပြောတဲ့ အဲဒီ ယောက်ျားအီကြာကွေးတွေဆီမှာ မြန်မာအမျိုးကောင်းသမီးလေးတွေ မသာယာမိဖို့တော့ လိုတယ်နော်။

      Reply

  • TheWinner

    February 16, 2013 at 5:50 pm

    မခိုင်ဇာရယ်၊ ပြောသာပြောပါရှင်။ အမပြောသလိုပဲ အဲဒီ မုန့်လုံးစက္ကူကပ်တဲ့ဇာတ်က တယ်မလွယ်ပါဘူးနော်။
    ဒါပေမယ့်လည်း မိန်းမချင်းမို့ ခံစားမိတာကတော့ စိတ်မချရတဲ့ သူများအတွက်တော့ လိုက်ပါခံစားရင်း ကိုယ့်ဂုဏ်သိက္ခာ မကျစေချင်ပါဘူး။

    Reply

  • မောင်ပေ

    February 16, 2013 at 7:26 pm

    မှန်လိုက်လေ မဝင်းရယ်
    အဲ့ကိစ္စမျိုးဆိုတာ ကိုယ်တိုင်ကြုံရမှ ဘယ်လောက်ဆိုးဝါးတယ်ဆိုတာ သိကြရတာကလား
    မဝင်း ကို ခင်မင်စွာနဲ ့အကြံ လေး ပေးချင်တာကတော့
    ကိုယ့်ရဲ ့မိသားစုဝင်တွေ ၊ ဆွေမျိုးတွေ ၊ ကိုယ်နဲ ့စီးပွားဖက် အလုပ်လုပ်ဖော်လုပ်ဖက်တွေ ရဲ ့ဖုန်းနံပါတ်တွေကို သေချာမှတ်ထားပြီး ၊ ဖုန်းစိမ်းရင် မသိတဲ့ဖုန်းနံပါတ်ဆိုရင် မကိုင်တာ အကောင်းဆုံးပါပဲ
    ရံဖန်ရံခါ မသိတဲ့ ဖုန်းကိုင်မိချိန်မျိုးဆိုရင် ၊ စိတ်အနှောင့်အယှက် ဖြစ်ရတတ်တာကလား

    Reply

  • TheWinner

    February 16, 2013 at 7:52 pm

    လေးပေအကြံပေးတာ ကျေးဇူးနော်။

    Reply

  • padonmar

    February 16, 2013 at 11:34 pm

    အခုက ဖုန်းတွေကိုလည်း ထပ်ထပ်ချပေးနေတော့ မသိတဲ့ နံပါတ်ကို မကိုင်ရင် အလုပ်မဖြစ်ဘူးလေ။
    ကိုယ့်ကို တကယ်ဆက်သွယ်ချင်တဲ့ မိတ်ဆွေဟောင်းတွေဆို ဘယ်လိုလုပ်မလဲ။
    အဲတော့ ရိုင်းတဲ့သူဟာ ကိုယ်မဖြစ်ဖို့ပဲလိုပါတယ်။
    ……
    စိတ်မချနိုင်တဲ့ အိမ်သူနဲ့ စိတ်မချရတဲ့ အမျိုးသားကတော့ နောင်လည်း အမြဲရှိနေမှာပါပ။
    မိုးပေါ် တံတွေးမော့ထွေးကြတဲ့သူတွေ လို့သာ သဘောထားလိုက်။

    Reply

    • TheWinner

      February 17, 2013 at 3:02 pm

      အဲတော့ ရိုင်းတဲ့သူဟာ ကိုယ်မဖြစ်ဖို့ပဲလိုပါတယ်။
      မိုးပေါ် တံတွေးမော့ထွေးကြတဲ့သူတွေ လို့သာ သဘောထားလိုက်။

      အရမ်းကြိုက်သွားပြီး အမပဒုမ္မာရေ—

      Reply

  • nozomi

    February 17, 2013 at 2:06 am

    အိမ်ထောင်ဖက် ဆိုတာတော့ ကိုယ်နဲ့ ထိုက်တန်တာ ကို ရမှာပေါ့
    ကိုယ့်အိမ်တွင်းရေး လင်မယားချင်း မရှင်းပဲ တခြားလူတွေ ပါ ဆွဲထည့်တာတော့ တော်တော်ဆိုးတာပဲ

    Reply

    • TheWinner

      February 17, 2013 at 3:04 pm

      မညိုမီပြောတဲ့ ကိုယ်နဲ့ထိုက်တန်တဲ့ အိမ်ထောင်ဖက်ဆိုတာ သူတို့လိုမျိုးဖြစ်မယ်ထင်တယ်နော်။

      Reply

      • padonmar

        February 17, 2013 at 6:34 pm

        ကွန်မန့်တွေ မေးလ်ကနေလာနေတာ ဖတ်ရတော့ ရွာထဲမှာ ဘယ်က မညိုမီရောက်လာပါလိမ့်လို့။
        ကွန်ပူတာကြီးပေါ်တက်ကြည့်တော့မှ လေထဲက မှိုဆရာ ကိုနိုဇိုမီ တစ်ယောက် ဘဝပြောင်းသွားတာသိလိုက်ရတယ်။

        😛

        Reply

        • nozomi

          February 18, 2013 at 12:51 pm

          ညိုမီ့ ဘဝ နဲ့ ညိုမီ့ ကံ ပဲ ရှိပါစေ အန်တီလေး ရယ် 😀

  • လုံမလေးမွန်မွန်

    February 17, 2013 at 11:01 am

    ယောက်ျားတစ်ယောက်ကို ထိန်းသိမ်းခြင်း အတတ်ပညာ… :mrgreen:
    ကိုယ့်ယောက်ျားကို အပြင်မှမရှုပ်အောင် မထိန်းသိမ်းတတ်ဘဲနဲ့ တစ်ဖက်မိန်းကလေးကို ဘလိုင်းကြီး လာစော်ကားနေတယ်… သနားတော့သနားပါတယ်.. ဒါမယ့်..အဲလိုတွေကြောင့်ပဲ ယောက်ျားက စိတ်ကုန်နေတယ်ထင်ပါ့…

    ဆိုတော့… အော်မေ့ဂိုဏ်းဝင်လုုပ်တာပဲ ကောင်းပါတယ်… :kwi:

    Reply

    • TheWinner

      February 17, 2013 at 3:05 pm

      မလုပ်ပါနဲ့ လုံမရယ်။ အဲလိုမဟုတ်တဲ့ ယောက်ျားတွေလည်း အများကြီးပါ။ အထူးသဖြင့် ရွာထဲက လူတွေပေါ့။

      Reply

  • သကြားလုုံးကြော်

    February 17, 2013 at 12:35 pm

    လူမှားတာပဲဆိုုတော့ စိတ်ပင်ပန်းခံပြီး ခေါင်းထဲမထားပါနဲ့။ ဒါနဲ့ဘာလေလံပွဲဖိုုတာ သိချင်လိုု့ ပြောပြလိုု့ရမလား။

    Reply

  • TheWinner

    February 17, 2013 at 3:07 pm

    ဦးသကြားလုံးကို ပြောဖို့ မြိုင့်ကို ပြန်မေးလိုက်ဦးမယ်နော်။

    Reply

    • TheWinner

      February 17, 2013 at 3:35 pm

      မှားလို့နော်၊ အမသကြားလုံးကြော်။

      Reply

  • surmi

    February 17, 2013 at 3:13 pm

    ထင်ရာဝင်ပြောလိုက်ဦးမယ် အန်တီမမသကြားလုံးကြော်ခင်ဗျ
    အဆောက်အအုံ လေလံလို ့ထင်မိပါတယ် ။
    ဒါနဲ ့ မြိုင်ရဲ ့ဘေးကလူကြီးကကျုပ်မဟုတ်ဘူးနော် ……..
    :harr:
    နောက်တာပါ ။
    အတည်ပြောရရင်တော ့ လူကြီးလူကောင်းမျက်နှာဖုံးနဲ ့လူတွေ က
    ပိုဆိုးမယ်ထင်တယ် ။
    တော်တော်ညံ ့တဲ ့သူ ။သူ ့စကားပြန်ပြောတာနဲ ့ပဲ ဒီလိုထင်ရလေသလားး ။

    Reply

  • TheWinner

    February 17, 2013 at 4:01 pm

    ဒါဆို မြိုင့်ဘယ်ဘက်ဘေးက ဦးကြီးက ဦးဆာမိပဲ ဖြစ်ရမယ်။
    ဟုတ်ပါ့ရှင် – အဲဒီ မျက်နှာဖုံးတွေက ပိုပြီး——-တယ်နော်။

    Reply

  • TheWinner

    February 17, 2013 at 4:02 pm

    ဒါဆို မြိုင့်ဘယ်ဘက်ဘေးက ဦးကြီးက ဦးဆာမိပဲ ဖြစ်ရမယ်။ madam surmi နဲ့ တိုင်ပြောပါ့မယ်။
    ဟုတ်ပါ့ရှင် – အဲဒီ မျက်နှာဖုံးတွေက ပိုပြီး——-တယ်နော်။

    Reply

  • အစ်မရေ ၃ခေါက်လောက်ပြန်ဖတ်လိုက်ရတယ်
    မျက်စိရှန်းပြီး
    (အီစီကလီ အမျိုးသားကြောင့်)ဆိုတာကို (အီတလီ အမျိုးသားကြောင့်)လို့ပဲ ထင်နေပြီး
    ဘယ်လိုလုပ် အီတလီအမျိုးသားကပါနေတာလဲ
    မြန်မာလိုပြောတာလား အီတလီလိုပြောတာလား ပြန်စဉ်းစားလိုက်
    ထပ်ဖတ်လိုက်နဲ့ ၃ခါလောက်ကျမှ အမှန်ပြန်ဖတ်မိတယ်
    :kwi:
    အက်ဂလောက် ရှန်းတာ
    ပို့စ်ကောင်းလေးအတွက်ကျေးဇူးပါရှင်။

    Reply

    • weiwei

      February 18, 2013 at 10:08 am

      နန်းတော်ရာသူနဲ့ ရှန်းတာချင်းတူသွားတယ် … အီတလီ်အမျိုးသားလို့ချည်းဖတ်မိနေတာ … :kwi:

      လေလံပွဲတွေက စိတ်ပျက်စရာကောင်းပါတယ် … လေလံအောင်ပြီးတိုင်းလဲ တစ်နှစ်စာအဆင်ပြေပြီ မထင်လိုက်ပါနဲ့ … အားလုံးပြီးသွားမှ မပေးတော့ဘူးဆိုပြီး သူတို့လူသူတို့ ပြန်ပေးတာမျိုးရှိဖူးပါတယ် … လေလံသွင်းတာတဲ့ပိုက်ဆံပြန်ပေးတယ် … ဒါပေမယ့် လေလံအောင်ခဲ့တဲ့သူက လေလံဖိုးချည်းပဲ ကုန်တာမဟုတ်ဘူးလေ … လေလံဈေးညှိတုန်းက ပေးခဲ့ရတဲ့ငွေတွေ အကုန်ဆုံးကုန်တာပေါ့ …

      Reply

    • TheWinner

      February 18, 2013 at 5:32 pm

      နန်းတော်ရာသူနဲ့ ဝေဝေရေ၊
      အမခေါင်းစဉ်ပေးတာ တော်ချက်ကတော့နော်။ ဂလိုဂလို ဖြစ်သွားတာပေါ့နော်။
      အင်း – လေလံအောင်ပြီးမှ မရတဲ့သူတွေလည်း ရှိသလို၊ လေလံမှာ ဈေးအမြင့်ဆုံးနဲ့ ယူလိုက်ပြီး နောက်မှ မကိုက်လို့ပါ၊ ပြန်လျှော့ပေးပါ (သို့) ဘယ်လတွေတော့ ကင်းလွတ်ခွင့် ပြုပါဆိုပြီး ပြန်လည် ရိုက်စားလုပ်တဲ့ သူတွေလည်း ရှိသကွဲ့။
      ဟီး – ဆရာလုပ်ကြည့်တာ—-

      Reply

  • kyeemite

    February 18, 2013 at 11:31 am

    ရသမြောက်အောင်ရေးတတ်ပါပေရဲ့ဗျာ…
    စကားမစတ်..အဲနေ့လေလံပွဲတော့ ကျနော်မတက်ဖြစ်လိုက်ဘူးဗျာ :kwi:

    Reply

    • TheWinner

      February 18, 2013 at 5:33 pm

      အော် – ကုတ်ကြီးနဲ့ ချောမောလှပနေတာ ဦးကြီးမိုက်လားလို့။ ဟိ – ဟုတ်ဘူးလား။

      Reply

  • awra-cho

    February 18, 2013 at 12:22 pm

    ကမ်းနားက အကွက်လေလံထင်ပါ့ ၊ဖတ်ကောင်းကောင်းနဲ့ ဖတ်နေတာ လေလံအကြောင်းပဲဆိုပြီး ၊ပြီးမှ တခြားကိစ္စ ပါလာတယ်၊ စာရေးကောင်းပါ့ဗျာ။ လေးစားပါတယ်။

    Reply

    • TheWinner

      February 19, 2013 at 12:27 pm

      Awra-cho ရှင့်၊
      ကမ်းနားလမ်းဟုတ်ဘူးနော်။ လေလံအောင်တဲ့ လူကြီးမင်းအကြောင်းမို့ ကျွန်မစာက မဟုတ်တဲ့သူကို ထင်ယောင်မှားမိမှာ ဆိုးလို့ပါရှင့်။

      Reply

  • Mon Kit

    February 18, 2013 at 1:36 pm

    အားပေးသွားတယ်နော် TheWinner ရေ….
    အရမ်းဖတ်လို့ကောင်းတာဘဲ..
    ထပ်မျှော်နေမယ်.. ဖြစ်ရပ်မှန်လေးတွေ ရေးပေးပါအုံး…
    ယခု ခေတ်ကာလ အကြောင်းတွေ ကို….
    အားပေးလျှက်..

    Reply

    • TheWinner

      February 18, 2013 at 5:23 pm

      အားပေးတဲ့ Mon Kit နဲ့ awra-cho တို့ကြောင့် ထပ်ရေးဖို့ အင်မတန် အားရှိသွားပါပြီ။

      Reply

  • TheWinner

    February 18, 2013 at 5:16 pm

    ပတ်ဝန်းကျင်လေ့လာမှုအားနည်းသော၊ မှတ်ညာဏ်မကောင်းသော ကျွန်မ မှားမိ အပြစ်ရှိပါ၏။
    ကိုနိုဇိုမီနှင့် တကွ အစ်ကို၊ အမများအားလုံးမှ နားလည်ပေးလို့လည်း ကျေးဇူးတင်ပါ၏။
    အမှန်ထောက်ပြသော အန်တီလေးကိုလည်း ကျေးဇူးပါနော်။

    Reply

  • etone

    February 19, 2013 at 4:45 pm

    အစ်မရေ ဖတ်ရင်းနဲ့တောင် စိတ်တိုချင်သလိုလိုဖြစ်လာတာ ၊ ကိုယ်တိုင်ဆိုလျှင်တော့ တွေ့သမျှလျှောက်ပြောနေတဲ့ အကျင့်ပျောက်အောင် ပြန်အော်မိမလားတောင် မပြောတတ်ဘူး ။ ယောကျာ်းကို စိတ်မချရတဲ့ မိန်းမတစ်ယောက်ဘဝ သနားစရာကောင်းပါတယ် ဆိုပေမယ့် … သနားစိတ်နဲ့ မထိုက်တန်လောက်အောင်ကို ပတ်ရမ်းနေတာက ချဉ်စရာဖြစ်နေတယ် ။
    အိမ်ထောင်ဖက် လင်ယောကျာ်းအဖြစ်နဲ့ ရှိနေတာတောင် မထိန်းသိမ်းနိုင်ဘူးဆိုလျှင် … သူမ အရည်ချင်း မရှိလို့ ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိလို့ပဲလို့ ထင်မိပါတယ် ။

    Reply

  • အန်တီ ခည …
    တီတီ ခည ….
    အန်တီ တီတီ The Winner ခည …. :mrgreen:

    ” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ အတွက် …
    လက်မှတ်လေး လာပေးတာပါ ခည ….
    ရောက်ပီးလည်း နောက်တစ်ခေါက် ထပ်လာရမယ်နော် .. ဒါဗျဲ …

    အခု တားတား လက်ထဲမှာ ဖိတ်စာတွေ ကိုင်ထားရဒါလည်း နည်းဝူးးး
    ညောင်းလာဘီ ….
    ဟော .. ဟိုက တီတီ တူမလေးကို တားနဲ့ ထည့်ပေးလိုက်ပါလားဟင်င်င် …
    ((ဘာမှလည်း မဆိုင်ဝူးးး)) :mrgreen:

    ဒု – အတွင်းရေးမှူး
    မဟာအံ

    Reply

  • Char Too Lan

    March 15, 2013 at 1:02 pm

    ပိုစ့်ကကူးသိမ်းထားတယ် မဖတ်ရတေးဝူး
    ခေါင်းစဉ်တစ်ကြောင်းက ဘာမှထပ်ပြောစရာမလိုအောင်ကို ပီးပြည့်စုံသွားလို့
    အရမ်းကြိုက်ပါတယ်ဗျာ ….

    Reply

    • etone

      March 15, 2013 at 2:38 pm

      ယောကျာ်း ချိတဲ့ လူတွေ ဆင်ခြင်ဘာ ..မတိုမိအောင် …. ဂလို မျိုး သူများ အပေါ် မပြစ်မှားမိအောင် …ခွိခွိ …

      (ကြပ်ရတာ ပျော်လိုက်ထှာ … :kwi: )

      Reply

Leave a Reply to TheWinner Cancel Reply

Your email address will not be published.