စက်မှုလယ်ယာတင်ဒါ( ၇.၂.၂၀၁၃) နေပြည်တော် ရုံး(၁၅)

Shwe UdaungFebruary 16, 20131min02

စက်မှုလယ်ယာတင်ဒါအောင်ပြီး မပျော်နိုင်တဲ့  ဘဝ

၇.၂.၂၀၁၃ နေ့က  စက်မှုလယ်ယာဦးစီးဌာနက နေပြည်တော် ရုံးအမှတ်(၁၅)မှာ ဒုဝန်ကြီးအဆင့် တင်ဒါဈေးဆစ်ပွဲ(နောက်ဆုံးအဆင့်) အကြောင်းလေးကိုမျှဝေချင်ပါတယ်။

ဒီပွဲမှာ ဓါတုဆေးပစ္စည်း၊ ဓါတ်တိုင်၊ စက်အပိုပစ္စည်း၊ နဲ့ မော်တော်ကားအပိုပစ္စည်း စတဲ့ ပစ္စည်းတွေအတွက်ဝင်ပြိုင်ကြတဲ့ သူတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီအဆင့်ထိရောက်လာကြတဲ့ သူတွေကိုလည်း အဘလေး(ဒုဝန်ကြီး)တွေအတွက် Gold lable Whisky တွေယူဆောင်လာကြဘို့ ညွှန်မှူး တို. ဒုညွှန်တို့ ကကြိုတင်ညွှန်ကြားထားပြီးလို့သိခဲ့ရပါတယ်(ညွှန်မှူးဆိုတာ ဒီလိုမျိုးတွေကိုညွှန်ကြားရတာ-အခုမှဘဲသိတော့တယ်)။ဒါကတော့ ဌာနတော်တော်များများမှာ ယဉ်ကျေးမှုဖြစ်နေပြီလေ   ။

အဲဒီလိုနဲ့ နောက်ဆုံးအဆင့် ကုန်ပစ္စည်းသွင်းခွင့်ရတဲ့သူတွေ ထုတ်ပြန်ပါတယ်။ သွင်းခွင့်ရတဲ့သူတွေက ပျော်နေတဲ့မျက်နှာတွေနဲ့ပေါ့။ သွင်းခွင့်မရတဲ့သူတွေကတော့ စိတ်ပျက်အားငယ်ကြတာပေါ့လေ။

ခဏကြာတော့ ဒုဝန်ကြီး ဦးအုန်းသန်းက စကားပြောပါတယ်…အဲ..မှားလို့…ဈေးစရောင်းပါတော့တယ်။

အဲဒီမှာတင်..ခုနကတင်ဒါအောင်ထားတဲ့သူတွေအားလုံး အပျော်တွေရပ်ကုန်ပြီး အီးမှန်ကုန်တော့တာဘဲဗျာ…

ဒီလို..ဒီလိုဗျ..

စိုက်ပျိုးရေးဌာန က ဖျက်သိမ်းတော့မယ့် စက်ရုံတစ်ခုမှ စထော်ဘယ်ရီယိုဘူးတွေကို တင်ဒါအောင်တဲ့ငွေပမာဏကို ကြည့်ပြီး ယိုဘူးတွေကို ဘူး ၅၀ဝ မှ ၁၀၀ဝ ကြား-မယူမနေရ အရောင်းခံရတော့တာဘဲ။ တစ်ဘူးကို(၈၀၀)ကျပ်နဲ့-၅၀ဝ ယူရတဲ့သူဆိုရင်..ငွေ (၄)သိန်းပါသွားပြီလေ။ တင်ဒါပြိုင်တာ အမြတ်တွေအများကြီးရနေတာမှမဟုတ်ဘဲ..။

အားလုံးကမာဂျင်လိုင်းပေါ်မှာ အလုပ်လုပ်နေရတာလေ။ ဒုဝန်ကြီး ဦးခင်ဇော် ကတောင် “ခင်ဗျားယိုရောင်းရင် ကျနော်က ယိုနဲ့စားဘို့ ပေါင်မုန့်ပါတွဲရောင်းရင်ကောင်းမယ်” လို့တောင်ပြောသွားသေးတယ် လို့သိရပါတယ်။

(( ဒီလိုမျိုးတွေက လုပ်ဆောင်ရန် တရားဝင်လုပ်ဆောင်ရန် အစိုးရအဖွဲ့မှာ ညွှန်ကြားမှုများရှိပါသလား))

 

Good & Clean Government ကိုကြိုးစားနေတယ့် ဆရာကြီးတို့ရေ…ဘာလုပ်ကြမှလဲ ???။

ဖြစ်သင့်ပါလား ?။

သမတကြီးကြိုးစားနေတာအားလုံးကို ကျနော်တို့ပြည်သူတွေ အသိအမှတ်ပြုပါတယ်။

ဒီလူတွေက သမတကြီးရဲ့

(၁) အစိုးရအဖွဲ့ကို အကြီးတန်စေတာလား

(၂) ပါတီကို အကြီးတန်စေတာလား

(၃) သမတက လက်နဲ့ရေးတာကို ခြေနဲ့ဖျက်နေကြတာ ဒီအတိုင်းကြည့်နေမှာလား

(၄) ကျနော်တို့ပြည်သူတွေက ဒါတွေ ယဉ်ကျေးမှုအဖြစ်လက်ခံသင်ယူရမှာလား

 

စက်ရပ်သတင်း ။  ။ ယိုဘူးဝယ်ရတော့မဲ့/မဖြစ်မနေလက်ခံရတော့မယ့် သူတွေ ထိုယိုဘူးများကို မည်သို့ဆောင်ရွက်မည်မသိဖြ စ်နေသည်။

ဈေးဆိုင်များကိုပြန်သွင်းရန်ကြိုးစားနေကြသော် ဖျက်သိမ်းမဲ့စက်ရုံက ပစ္စည်းဖြစ်လို့ ကတစ်ကြောင်း၊ expired date ကိုမသိရသောကြောင့်လည်းကောင်း အဆင်မပြေဖြစ်နေကြသည်။ ကျနော်လည်း ဒီနေရာကနေ အားလုံးအဆင်ပြေစေရန်အတွက် ဤ သို့

အကြံပြုချင်ပါသည်  “အဆိုပါယိုဘူးများကို မဖြစ်မနေလက်ခံခဲ့ရပြီးလျှင်..လွှတ်တော်အသီးသီးမှကိုယ်စားတော်ကြီးများနှင့် အစိုးရအဖွဲ့ဝင်လူကြီးမင်းများ မနက်စာ စားသုံးရန်အတွက် ပေါင်မုန့်ပါထပ်ဝယ်ထဲ့ပြီး အခန်းအနားဖြင့်လှူသင့်ပါကြောင်း “

2 comments

  • မောင်ပေ

    February 16, 2013 at 8:23 pm

    နောက်ဆုံး သက်ရောက်ချက်ကတော့
    သာမန်ပြည်သူတွေက သက်ဆိုင်ရာအတွက် စရိတ်ပိုပေးရတော့မှာပါပဲ
    ယိုဘူးမဖြစ်မနေဝယ်ရမယ့်လူတွေကလဲ ၊ အဲဒီ စရိတ်ကိုသူပြန်ထုတ်မယ့် ပစ္စည်းပေါ်မှာ ပေါင်းလိုက်မှာပေါ့

    Reply

  • padonmar

    February 16, 2013 at 11:06 pm

    စနစ်ကြောင့်မဟုတ်
    အနှစ်တစ်ထောင်ကျိန်စာ..

    Reply

Leave a Reply to မောင်ပေ Cancel Reply

Your email address will not be published.