ကဗျာ့မြစ်ဖျား

Nan ShinFebruary 14, 20131min02

မလက်ဆက်နုိုင်တော့မှန်းသိတဲ့

 

ဘိုုးသုိုးဘက်သက် အဟောင်းစက်စက်

 

ရင်ခုုန်သံကြီးကိုုပဲ ထက်ခါတလဲလဲ နမ်းရှိုက်ရင်း

 

လရောင်ကိုု ဖမ်းသောက်လိုုက်တယ်..။

 

 

 

ရင်ဘက်ထဲက ပင်လယ်ပြင်ဟာ

 

စာလောင်တဲ့အကြည့်တွေနဲ ့ လ ျှာတစ်ခြမ်းကိုု နှစ်သိမ့်တတ်ပေမဲ့…

 

 

 

သားမမှားဘူး မေမေ…ဗီဇကမှန်နေမှတော့

 

ကျနော်ဆိုုတာ ဘယ်ရောက်ရောက်

 

ငါးပုုတ်ကိုု ပါမုုန် ့ထောပတ်သုုတ်ထက်ကြိုက်တယ်…။

 

 

 

သား…အများကြီးကိုု ရှာဖွေခဲ့ပါတယ် မေမေ…

 

စာကြည့်တိုုက် ပြတိုုက် ..အဟောင်းဆိုုင်နဲ ့

 

မြို ့ကြီးပြကြီးတွေကိုု နှံ ့လိုု ့…

 

ဒါပေမဲ့…မေမေရယ်….

 

သားရခဲ့တာဟာ အဝေးဆုုံးတစ်နေရာက ညနဲ ့မတူတဲ့ ညတွေရယ်….

 

ဓူဝံကြယ်ပေါ်က မချစ်တတ်တဲ့ နှလုုံးသားတစ်စုုံရယ်…

 

အသက်နဲ ့ရင်းပြီးဝယ်ခဲ့ရတဲ့ တန်ဖိုုးနည်း အတွေ ့ကြုုံတွေရယ်….

 

ပြီးတော့….

 

မိတ်ဆွေတံဆိပ်နဲ ့ရန်သူစိတ်ပေါင်းစပ်ပြီး

 

မကြာခင် ခြံစည်းရိုုးပေါင်းများစွားအခတ်ခံရတော့မဲ့

 

ပိန်ပါးပါး ရှည်မြောမြောလေးနဲ ့မှောင်ပြပြတစ်နေရာဟာ

 

သားရဲ ့စတင်ရာပါလားလိုု ့ပြန်သိလိုုက်ရတဲ့ အသိလေးတစ်ခုုရယ်ပါ…။

 

 

 

ဘာဖြစ်ဖြစ်မေမေရယ်

 

ကျနော့်ရဲ ့မေ ျှာ်လင့်ချက်ဆိုုတာက ကမ္ဘာပြိုတောင် သူအိုမှာမဟုတ်ဘူးလေ..

 

ဟုတ်တယ်မေမေ

 

သားရဲ ့အသက်ဟာ လေပြေတစ်ချက် ချောင်းတဟတ်နဲ တင် လွင့်ထွက်သွားနိုင်ပေမဲ့

 

လေတိုက်လို ့ကြွေကျမဲ့ သရက်သီးလေးတွေကို လိုက်ကောက်စားချင်သေးတယ်…

 

ခြေမတစ်ချောင်းနဲ ့လက်ညှိုးလေးတစ်ချောင်းသား နေရာရတဲ့ ဘက်စ်ကားကိုလဲ တိုးစီးချင်သေးတယ်…

 

ဘေးအိမ်ကတောင်းလို ့ရတဲ့ ငါးပိရည်အဖြူသည် ခပ်ကြဲကြဲလေးနဲ ့ခြံတစ်ပတ်လိုက်ခူးလို ့

 

ရလာမဲ့ အရွက်စုံတို ့စရာလေးတွေကိုလဲ မြိန်ယှက်ယှက်စားချင်သေးတယ်…

 

ရွာဦးကျောင်းကအလှူပွဲမှာ ဖိနပ်ကိုခါးကြားထိုးပြီး ငါးခြောက်ထောင်းနဲ ့ပြာဟင်းချိုကိုလဲ သောက်ချင်သေးတယ်မေမေ…

 

ဒီလိုပါပဲ မေမေ…အဲ့ဒိမျှော်လင့်ချက်တွေက မေ့မေ့ရင်ခွင်က ထွက်ပြီး

 

နှစ်ယောက်မြောက်ကတည်းကစတင်ခဲ့တာပါ…။

 

 

 

တကယ်တော့လဲ သုခုမဆိုတာက ဩဠာရိကထက်ကို ကြမ်းလွန်းခဲ့ပါတယ်…

 

နောက်ဆုံးမှာ ငတ်လွန်းမကငတ်လာတော့

 

ကိုယ့်နှလုံးသားကို ကိုယ်ပြန်ညှစ်ပြီး..အစာပြေသောက်ရင်း

 

ကဗျာတွေနဲ ့သာ အလွမ်းကျောက်စိုင်တွေကို အရည်ဖျော်နေရတာပါမေမေ..။

 

 

 

နန်းရှင်

 

၁၊၂၄၊၁၃။

2 comments

  • Mr. MarGa

    February 14, 2013 at 9:25 pm

    ကဗျာကို ဝင်ပြီး ဝေဖန်လိုက်ရင် အရသာ ပျက်သွားမစိုးလို့
    ဖတ်ရုံသာ ဖတ်သွားပါကြောင်းပါဗျာ

    Reply

  • ရွှေတိုက်စိုး

    February 15, 2013 at 8:58 am

    ကဗျာဆရာရဲ.ဘဝ နဲ. ခံစားချက်ကို သိသိသာသာ ခံစားလိုက်ရပါတယ်…
    ဒီကဗျာလေးကောင်းတယ်ဗျ… ကြိုက်တယ်…

    Reply

Leave a Reply to Mr. MarGa Cancel Reply

Your email address will not be published.