`မကွေးမြို့နယ် လျှောင်းတော်ဦးကျေးရွာ မူကြိုကျောင်းလေး ပြိုပျက်နေတာ (၂)နှစ်ခွဲကျော်ကြာ ပြုပြင်ရန်လိုအပ်´

winkyawaungFebruary 10, 20131min03

SDC10038

“ မကွေးမြို့နယ် လျှောင်းတော်ဦးကျေးရွာ အမှတ်(၂၅) မူလတန်းကျောင်းဝိုင်းထဲက မူကြိုကျောင်းလေးပြိုပျက်နေတာ (၂)နှစ်ကျော်ကြာခဲ့ပါပြီ။ ဒီကျောင်းလေးကို UNDP (ကမ္ဘာ့ကုလသမ္မဂ အဖွဲ့) က လွန်ခဲ့တဲ့(၈)နှစ်လောက်မှာ ဆောက်လုပ်ပေးခဲ့တာပါ။ ၂၀၁၃ ဖေဖော်ဝါရီ(၁)ရက်နေ့ အုပ်ချုပ်ရေးမှူးအသစ် ဦးရွှေညိုတက်လာတော့ သူ့ကို လိုက်လံပြသ ပါတယ်။ ယခင် အုပ်ချုပ်ရေးမှူးဟောင်း ဦးရွှေလုံးနဲ့ ယခင်မူလတန်းကျောင်းအုပ် ဦးသိန်းထွန်းတို့ရဲ့ ပစ်စလက်ခတ် ထားခဲ့တဲ့ မူကြိုကျောင်းပျက်လေးပါ။ ဒီလိုကြီး မပြုမပြင်ဘဲထားလာခဲ့တာ (၂)နှစ်ကျော်ကြာလာပါပြီ။ ဒါကြောင့် ယခု လျှောင်တော်ဦးကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ဦးရွှေညိုကို အားကိုးပါရစေ..။ လိုအပ်တဲ့ငွေကို ကျွန်တော်တို့ ကျေးရွာလူထုက ဝိုင်းဝန်းကူးညီပါ့မယ်။ မှန်မှန်ကန်ကန်နဲ့ ဦးဆောင်ပေးကြပါခင်ဗျာ..။´´ ဟု လျှောင်းတော်ဦးရွာသား လူငယ်တစ်ဦး မှ ပြောသည်။
မကွေးမြို့နယ် လျှောင်းတော်ဦးကျေးရွာ အမှတ်(၂၅) မူလတန်းကျောင်းပိုင်း ပစ္စည်းများနှင့် စုဆောင်းငွေများကိုလည်း ယခင်ကျောင်းအုပ် ဦးသိန်းထွန်း နှင့် လျှောင်းတော်ဦးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေလုံးတို့မှ စာရင်းမရှင်းလင်း၊ မအပ်ဘဲ အလွဲသုံးစားပြုထားသော ကိစ္စများအား မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ (၂၇-၁-၂၀၁၂) နေ့က တိုင်ထားသော စာအား မဇ္ဈိမကို ပြသည်။ ယနေ့အထိအရေးယူဆောင်ရွက်ပေးခြင်းမရှိဟု သိရ၏။ ၎င်းစာတွင် လျှောင်းတော်ဦး ကျေးရွာ အမှတ်(၂၅) မူလတန်းကျောင်းပိုင် ပစ္စည်းများမှာ (၁) တရုပ်နီ၁၂/၁၃ အင်ဂျင်မီးစက်တစ်လုံး။ (၂)ECCD ဝင်ငွေအတိုးငွေများ။ (၃) ECCD အတွက်အလှူခံရရှိသော(၂၁)လက်မ တီဗွီ(၁)လုံး။ (၄)ကျောင်းဆောင်ဟောင်းမှ သွပ်ပြား(၆၄)ချပ် နှင့်လက်သမားသုံးပစ္စည်းများ။ (၅)အပ်ချုပ်စက်များ။ (၆) အသံချဲ့စက်တစ်လုံးတို့ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ စာရင်းမရှင်း မလွှဲမပြောင်းသော ကိစ္စများ နှင့် ပျက်စီး ယိုယွင်းနေသော မူကြိုကျောင်းဆောင်လေးအား လျှောင်းတော်ဦးကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် ဦးရွှေညို မှ ရပ်မိ ရပ်ဖ လူငယ်များနှင့် ပူးပေါင်းပြီး ဆက်လက်၍ ဖြေရှင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောသည်။

3 comments

  • winkyawaung

    February 10, 2013 at 10:18 pm

    မရောက်တာကြာသော်လည်း မန္တလေး ဂေဇက်ဝိုင်းတော်သားများကို အမြဲသတိရ ခင်မင်လေးစားလျှက်ပါ။

    Reply

  • ဦးကြောင်ကြီး

    February 11, 2013 at 12:43 am

    မရောက်တာကြာ
    ပျောက်တာငါ
    ဆောက်ပါတာ
    အဖျောက်ရွာမှာ
    ထောက်မြှာခါ
    ဒေါက်သာယာ
    မှောက်စာနာ
    အောင့်ညှာတာ..။

    Reply

  • kyeemite

    February 11, 2013 at 10:13 am

    တရားဝင်တိုင်ကြားထားပြီးပီဆိုတော့လည်း
    အဆင်ပြေအောင်ဖြေရှင်းဆောင်ရွက်ပေးလိမ့်မယ်ထင်ပါတယ်ဗျာ..
    ဒါမှမရရင်တော့ မကွေးတိုင်းဒေသကြီးအစိုးရအထိတက်ဗျာ.. :chee:

    Reply

Leave a Reply

Your email address will not be published.