မန်းလေး မှဂေဇက်မန်ဘာများနှင့်တွေ့ဆုံလို ကျေးဇူးများစွာတင် ရှိ

်မန်းလေးမှ ဂေဇက်မန်ဘာများနှင့် ၁ဝ ရက်နေ့ တနင်္ဂနွေနေ့တွင် ကျနော် သော်ဇင် တွေ့ဆုံချင် ပါသည်။ အဆင်ပြေသည့် မန်း မန်ဘာများ ကိုပေါက် နှင့်ဆက်သွယ်ပေး လိုပါသည်။ ကျနော် မမြင် ဖူးသော ကျနော့်ကိုလည်း မမြင် ဖူးသော မန်ဘာများနှင့် စကားစမြည်ပြောရင်း ခင် မင် ရင်းနှီးချင် ပါသည်။ ၁၁ ရက်နေ့တွင် လွိုင်ကော်ပြန်မည် ဖြစ်သောကြောင့် အားချင်း တွေ့ချင်ရခြင်းဖြစ်သည်။ မိခင်ဖြစ်သူအား လွိုင်ကော်ဆေးရုံသို့ လွဲပြောင်းကုသရမည်ဖြစ်ပြီး ကျန်းမာရေးအ ခြေ အ နေမှာ ပြင် ပ ဒဏ် ရာမှအပ စိုးရိမ်စရာ မရှိတော့ပါကြောင်း ဝိုင်းဝန်း ကူညီဆုတောင်းပေးကြ သော မန်ဘာများအား အသိပေးအပ်ပါသည်။

မိခင် အတွက် ဆေးကုသစရိတ်အား ကူညီထောက်ပံ့ လှူဒါန်းပေးပါသော ကိုရွှေတိုက်စိုး  ကိုပေါက်နှင့် တကွ နောက်ကွယ်မှ  ဂေဇက် မန်ဘာများ အား ထပ်လောင်းကျေးဇူး တင် ရှိပါကြောင်း  ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါသည်။

3 comments

  • ဂန္ဓာရီ ဆြာအုပ်

    February 9, 2013 at 11:30 pm

    ကိုသော်ဇင် အမေ သက်သာသွားပြီးဆိုလို့ ဝမ်းသာပါတယ်ဗျာ
    ဒါပေမယ့် ဒီလိုလေးရေးရင် ပိုမကောင်းဘူးလားခင်ဗျာ..
    မန်းလေးမှ ဂေဇက်မန်ဘာများအား ၁ဝ ရက်နေ့ တနင်္ဂနွေနေ့တွင် ကျနော် သော်ဇင်မှ တွေ့ဆုံ ခွင့်ရချင်ပါသည်။

    Reply

  • Swal Taw Ywet

    February 12, 2013 at 10:52 am

    ဂလိုဆိုရင် ဒီတစ်ခါလည်း လွဲပြန်ပြီပေါ့ကိုသော်ဇင်ရေ။
    ကျနော်က ရရက်နေ့ ညကားနဲ့ရန်ကုန်ကိုဆင်းလာရတာ ၁၃ရက်နေ့ ည ကားနဲ့ မန္တလေးပြန်တက်မှာမို့ပါ။
    မိခင် သက်သာလာပြီဆိုလို့ ဝမ်းသာရပါတယ်။
    မန်း ဂဇက်ရွာသားချင်းမို့…..ဆုံကြဦးစို့ရဲ့။
    With respect,
    Swal Taw Ywet.

    Reply

    • အင်းဗျာ ကျွန်တော်က လွဲပြီးရင် လွဲတော့တာပါပဲ
      ဆရာမောင်ပေနဲ့လဲ လွဲ
      ကိုစွယ်တော်ရွက်နဲ့လဲ လွဲ
      အဲဒီနေ့က ဆရာ ကိုပေါက်(မန္တလေး)နဲ့ပဲ တွေ့လိုက်ရပါတယ်ဗျာ။ ကျန်တဲ့ သူတွေ မဆက်သွယ်လာကြဘူးဗျာ။ နောက်များမှာတော့ တွေ့ချင်ပါသေးရဲ့ဗျာ။

      Reply

Leave a Reply

Your email address will not be published.