ရယ်ရယုံ (၂၁)

etoneJuly 20, 20101min00

မြဲမြဲကိုင်

စိတ်ရောဂါကုဆေးရုံကို ပြန်လည်ပြင်ဆင် မွမ်းမံနေသည်။
ဆေးသုတ်သမားသည် နံရံကို ဆေးသုတ်နေသည်။
လူနာတစ်ယောက်ရောက်လာကာ ၎င်းကိုမေးသည်။

“ ခင်ဗျား ဆေးသုတ်တံကို သေသေချာချာ ကိုင်ထားရဲ့လား”
“ ကိုင်ထားပါတယ်”
“ ဒီလိုဆိုရင် လှေခါးကို ဖြုတ်လိုက်တော့မယ်နော်”

ချောလို ့ဟုတ်ဖူး
“ရှင်တို့ရုံးက ယောက်ျားတွေ မှန်သမျှ နှစ်ရက်လုံးလုံး
ကျွန်မဘက်ပဲ လှမ်းကြည့်နေကြတယ်ရှင့် ”

“ဘာဖြစ်လို့လဲ”

“တိုင်ကပ်နာရီချိတ်ထားတဲ့ အောက်က စားပွဲဆီ
မနေ့က ပြောင်းထိုင်လိုက်လို့လေ”

ဈေးလျှော ့ပါ
ဖိနပ်ဆိုင်တွင် ကိုချူချာ ဖိနပ်စီးကြည့်နေသည် ၊
အရောင်းသမ ကို မေးသည်။

“ဈေးဘယ်လောက်လဲ ”

“၄ဝ ပါ”

“၃ဝ ပဲထားပါဗျာ ၊ နှစ်ဖက် စလုံးယူသွားမယ်”

အမှားကောင်း

အမေရိကန်သမ္မတ ကလင်တန်လက်ထက်ကဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် မိုရီ သည်
အမေရိကန်သို့ ချစ်ကြည် ရေး ခရီးထွက် မည် ဖြစ်သည်။
ခရီးမထွက် ခင် တွင်
အဂ်လိပ်စကားပြောအနည်းငယ်သင်ကြား
နေသည်။
အတူ လိုက် ပါမည့် ဘာသာပြန် သူမှ
“ဝန်ကြီးချုပ်ခင် ဗျား သမ္မတ နဲ့ တွေ့တဲ့ အခါ မှာ လက်ဆွဲ နှတ်ဆက်ပြီး ၊
How are you?
လို့ နှတ်ဆက်ပါ၊ အဲဒီ့ အခါမှာ သမ္မ တ က
I am fine, and you.
လို့ ပြန်မေးပါလိမ့်မယ်၊ အဲဒါပြီးရင် ဝန်ကြီးချုပ် က
mee too လို့
ပြန်ပြောရုံပါ။ ကျန်တာတွေကို တော့ ကျွန် တော် ဘာသာပြန်ပေးပါ့မယ်။
ဂျပန်ဝန်ကြီးချုပ်နှင့် သမ္မတတို့တွေ့ကြသော်အခါ လက်ဆွဲ နှတ်ဆက်ပြီးနောက်

မိုရီ။ ။ Who are you? ( How are you နှင့် လွဲ၍ နှတ်ဆက်သည်)

ကလင်တန်။ ။ (ရုတ်တရတ် ကြောင်သွားသော်လည်း ဟာသပြောသည်မှတ်၍ ပြန်လည်
ဟာသနှောလိုက်သည်) Well, I am Hilary’ husband, and you?har har.

မိုရီ။ ။ Me too, har har har

Leave a Reply

Your email address will not be published.