အချစ်နဲ့ငွေကြေး

ムラカミFebruary 8, 20131min012

ကမာ္ဘမှာ ဆိုရိုး တခုရှိဖူးတယ်..
ဘာတဲ့ .. ပြင်သစ်ပြည်ကို သွားလည်ပါ .. တရုတ်စာကို စားပါ .. ဂျပန်မ ကိုလက်ထပ်ပါတဲ့ …

ပြင်သစ်ပြည်ကို သွားပါဆိုတာကတော့ အင်မတန်လှ အင်မတန် အနုပညာ ဖက်ရှင် ဒီဇိုင်း ရေမွှေး
စသည်ဖြင့်ပေါ့လေ ပေါကြွယ်ဝလို့တဲ့ …(မူကွဲ တချို့ မှာ ဆွစ်ဇာလန် လို့ဆိုတယ်..) ထားပါလေ
တရုတ်စာ ကို စားပါ ဆိုတာကတော့ အရသာရှိအောင် ကြံကြံဖန်ဖန် ထူးထူးခြားခြား ချက်ပြုတ်ထားတဲ့
အစားအစာတွေ မို့ပါတဲ့ .. အဲ … ဂျပန်မ ကို လက်ထပ် ပါဆိုတာကတော့ လင်သားအပေါ် ကျိုးနွံတာ
ရိုသေတာ လိုလေသေးမရှိပံ့ပိုး တတ်တာ ပြိုင်စံရှား မို့လို့ပါတဲ့ …။

ဒီဆိုရိုးကို ယုံမှတ်ပြီးတော့ လိုက်တော့ မလုပ်ကြည့်လိုက်ပါနဲ့ မိတ်ဆွေ ..ခင်ဗျား ဘဝပျက်ပါလိမ့်မယ်…
ဟုတ်ကဲ့ ..ဒီဆိုရိုး မမှန်တော့တာ အတော်ကြာ သွားပြီ..။ ပြင်သစ်… လည်လို့တော့ကောင်းဦးမှာပါ..
သို့သော် အာဖရိကဘက်က ပြောင်းခိုသူတွေများလွန်းတာ အလုပ်လက်မဲ့နဲ့ မြို့ပြ လမ်းတေလေဂျပိုး
များတာ .. ခရီးသွားတွေအတွက် အန္တရာယ်ကြီးမကင်းလှတဲ့ တိုင်းပြည် ဖြစ်လာလို့ပါပဲ …(ရောမ ခါးပိုက်နှိုက်
တွေထက်တော့ နည်းနည်းသာသေးသပေါ့ဗျာ) ။ တရုတ်စာလား …အင်း … တရုတ်ပြည်ကို ကမာ္ဘက
eating disorder ဖြစ်နေတယ် လို့ သမုတ်ကြရဲ့…။ ကြည့်ဖူးမှာပေါ့ ..ငါးအရှင်ကို အကြေးထိုး ဆီပူနှစ်
ကြော်ရင်း ပါးဟပ်လှုပ်စိလှုပ်စိ အနေအထားမှာ ခန္ဓာကို ကျက်အောင်ချက်တဲ့ လူတွေ။ စားကောင်းသည်
မစားကောင်းသည် ဘာမှမရှိ မျိုးသုန်းအောင် အစားကြမ်းတာကလား ..။ ကျုပ်တို့တိုင်းပြည်က မပွေး မဟောက်တေ
ဘယ်လောက် သွင်းနေတယ် ဆိုတဲ့ သတင်းတွေ ကြားပေမပေါ့ ..။ ကဲ ကျနော်တို့ တရုတ်စာစားပြီး ဂုဏ်ယူနိုင်သေးရဲ့လား။
ဒါဆို ဂျပန်မ ကရော …။ ကျနော် နာရီသုံးလုံး ပုံပြင် ပြောပြဖူးတာ မှတ်မိမယ် ထင်ပါတယ်။ ဒီလိုလေ
ရဲဇား၃ယောက် တပြိုင်တည်း ထားရဲ့ ။ မော်ဒယ် အတူတူ ပုံစံတူ နာရီ ကို ၃ယောက်လုံးကို ဝယ်ခိုင်းတယ်..။
၁လုံးကို ပတ်ပြီး ၂လုံးပြန်ရောင်းစားတယ်။ ဘယ်သူမေးမေး … ချစ် .. နင်ဝယ်ပေးထားတဲ့နာရီလေ …လို့ပြတတ်ရဲ့ ….။

ထားပါတော့ဗျာ .. ပြောချင်တာက ဆိုရိုးရဲ့ ရှေ့၂ခုကို ထား နောက်ဆုံး ၁ခု ကို ဆွေးနွေးချင်လို့ပါ…။
(မိဂီ ဇာတိပြဘီ..)
ဒါဟာ သိပ် အိုဟောင်းနေတဲ့ မေးခွန်းပါ.. အချစ်နဲ့ ငွေကြေး ဘယ်ဒင်းက ပို အရေးကြီးသလဲ ဆိုတာပေါ့
ဒီအတွက် အဖြေမှန် ဆိုတာ မရှိပါဘူး ..လူတစ်ဦးတစုံတယောက် တည်းပင်ဖြစ်ဖြစ် အချိန် ကာလကို လိုက်လို့
အဖြေက ပြောင်းလဲနိုင်တယ်မဟုတ်လား

ကောင်းပြီ တကယ်လို့ သင်ဟာ ၂ခုစလုံး ကြွယ်ဝတဲ့ လူဖြစ်ခဲ့မယ်ဆိုရင်တော့ ရွေးချယ်စရာ မလိုဘူးပေါ့။
(တခုတော့ရှိတယ်..လူအတော်များများအတွက်တော့ ၂ခုစလုံး ပြည့်စုံတယ်ဆိုတာ ရှားတာပါပဲ)

“All You Need Is Love” တဲ့ the Beatles ဆိုခဲ့တဲ့ သီချင်းလေး။ ကျနော်တို့ လိုက်ဆို လိုက်ညည်းနိုင်ရဲ့ ..သို့သော်
တကယ်တမ်း လက်တွေ့ဘဝ ဆိုတာ သီချင်းထဲကထက် အများကြီး ပိုရှုပ်ထွေးပါတယ်။ လက်ထပ်မှုမှာ ငွေကြေးမပါဘဲ
မဖြစ်နိုင်ဘူးမဟုတ်လား။

ဒီအကြောင်း လေ့လာစုံစမ်းဖို့ ..နာမည်ကြီး ဘဏ်တခု က ရှော့ပင်းမော တခုကို အခြေပြုလို့ တိုကီယိုက အမျိုးသမီးတွေကို
ဆာဗေးတခု ပြုလုပ်ခဲ့ပါတယ်…။

အောက်မှာ ရေးထားတဲ့ ဒီမေးခွန်း၃ခုကို အမျိုးသမီး ၅၃၂ယောက် ကို မေးခဲ့ပါသတဲ့ …။

၁. ငွေကြေးအကြောင်း မစဉ်းစားဘဲ လက်ထပ်ခြင်း

ပထမဆုံး အနေနဲ့ ဒီမေးခွန်းကို မေးဖြစ်ခဲ့ပါတယ်။
တကယ်သာ ချစ်မေတ္တာရှိခဲ့မယ် ဆိုရင် ငွေကြေးအကြောင်း မစဉ်းစားဘဲ လက်ထပ်မလား ဆိုပြီး ရိုးသားပုံရတဲ့ အမျိုးသမီးတွေကို
ယဉ်ယဉ်ကျေးကျေး ချဉ်းကပ် မေးမြန်းခဲ့ပါတယ်။
ရလာဒ်တွေကတော့ ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ။
ပျမ်းမျှ 72% သော အမျိုးသမီးတွေဟာ ပိုက်ဆံမရှိဘဲ (ပိုက်ဆံမရှိသူ) ကို လက်မထပ်လိုဘူး လို့ ဖြေပါတယ်။
ဒီနေရာမှာ အသက်အရွယ်နဲ့လိုက်ပြီး ကွဲပြား ခြားနားမှုလည်း ရှိသေးတာ တွေ့ရပါတယ်။
အသက်၂ဝ တန်းအမျိုးသမီးတွေကတော့ ဟင့်အင်းပြောတာ 78% ပါတဲ့..
အသက် ၃ဝ တန်း အမျိုးသမီးတွေမှာတော့ 68% တဲ့ ..
အဲ ..အသက်၄ဝတန်း တွေကတော့ ..67% တဲ့ ..
(ဟဲဟဲ ..ဈေးကျလာတဲ့သဘော..)

 

loveormoney

 

ဒီရလာဒ်က စာရေးသူကို အံ့အား သင့်စေပါသတဲ့ .. သူသိထားတာက (အများလက်ခံထားတာက)
ငယ်သေးတဲ့ ရူးမိုက်သေးတဲ့အရွယ်မှာ “love can conquer all” လို့ မှတ်တတ်ကြတယ် မဟုတ်လား ….။
(ခုတော့ ဇောက်ထီး…)

ဟင့်အင်းပြောတဲ့ အမျိုးသမီးအချို့ ရဲ့ စကားတွေကို ပြန်ပြောရရင်..အိမ်ထောင်ပြုခြင်းဟာ နေ့စဉ်ဘဝ လက်တွေ့ကျမှု ပါတဲ့
ပျော်စရာတွေချည်းသက်သက်မဟုတ်ပါဘူးတဲ့ .. ၂ယောက်သားနေဖို့ နေရာ(အခန်း) လိုမယ် စိတ်ပိုင်းဆိုင်ရာရော ငွေကြေးပိုင်းပါ
ပြည့်စုံမှုရှိရမယ်.. အဲ ပြီးတော့ ကလေးရှိလာခဲ့မယ်ဆိုရင် ငွေကြေးပိုမိုကျပ်တည်းလာမယ် လိုအပ်လာမယ် မဟုတ်လား တဲ့။
တဖက်မှာလည်း Yes ဖြေတဲ့ မမတွေရဲ့ အဖြေကို လေ့လာကြည့်ခဲ့ပါတယ်။
လက်ထပ်မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ် ကျင်းပဖို့မလိုပါဘူး ..၂ယောက်စလုံးသာ အလုပ်လုပ်မယ် ဆိုရင်
လောက်ငှပါတယ် ငွေတောင် စုနိုင်ပါလိမ့်ဦးမယ်.. တဲ့ .. တကယ်တော့ ဟုတ်ကဲ့ဖြေသူတွေဟာ သူတို့ရဲ့ ငွေကြေးဆိုင်ရာ
အယူအဆအားဖြင့် အကောင်းမြင်သူများလို့ ဆိုနိုင်ပါတယ်။ ငွေကြေးမပါဘဲ အိမ်ထောင်မှု စတင်မယ် ဆိုရင်တော့
တဖက်လူဟာ အမှန်တကယ် ချစ်ခင်နှစ်သက်သူသာ မဟုတ်ဘူးဆိုရင်တော့ လွယ်ကူမှာ မဟုတ်လို့ဘဲ ဖြစ်ပါတယ်။
၂. စံထားတဲ့ သတို့သားရဲ့ လစာငွေ

ဒုတိယမေးခွန်းကတော့ စံပြအနေနဲ့ သတ်မှတ်တဲ့ သတို့သားရဲ့ လစာ ကို ဘယ်လောက် လို့ မှန်းသလဲဆိုတာပါ။
ဒါဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့မေးခွန်းဖြစ်ပြီး လစာနဲ့ပါတ်သတ်တဲ့မျှော်လင့်ချက်ကို ဖြေရတာ များလွန်းရင် လောဘကြီးတယ်
အထင်ခံရနိုင်ပြီး နည်းလွန်းရင်လည်း သိပ်တော့ အဆင်မပြေဘူးမဟုတ်လား
အများစုသော အမျိုးသမီးတွေ ဖြေတာကတော့ တနှစ်လစာ ယန်း၆သန်း လောက်လို့ ဖြေပါတယ်။
(မြန်မာငွေ သိန်း၆၀၀ဝ ပါ တလ သိန်း ၅ဝ ပေါ့.. အခွန်တွေ ဘာတွေ မနှုတ်ရသေးတဲ့လခ ကို ပြောတာ ဖြစ်ပါလိမ့်မယ်…
တလ ငွေသားသက်သက် အကုန်နှုတ်ပြီး ယန်း ၃သိန်း လောက် မြန်မာငွေ သိန်း ၃ဝလောက် ဝင်သူကို ဆိုလိုတာပါ)

ဒီလစာငွေ မျှော်မှန်းမှုဟာ မဖြစ်နိုင်စရာကောင်းတယ် (အတန်ငယ် များနေတယ်) လို့ ယူဆ စရာရှိပါတယ်။
ဂျပန်နိုင်ငံရဲ့ အခွန်အတုတ် ဈေးကြီးမှုဟာ ၂၀၁ဝ ကစလို့ ..အသက် ၃၀-၃၅ ကြားကို ၄.၃၂သန်း အသက် ၃၆-၄ဝကို ၅.၀၅သန်း
ယောက်ျားသားတွေကိုအခွန် ပေးဆောင်စေတဲ့ စနစ်နဲ့ အများကြီး သက်ဆိုင်နေပါတော့တယ်။ ဆိုတော့ ..မျှော်မှန်းချက်နဲ့
လက်တွေ့ဘဝ ကွာခြားမှုကြီးလို့ …စင်ဂယ်တွေ ပေါနေတယ်ပေါ့ဗျာ..။

လက်တွေ့ဘဝဟာ ကြမ်းတမ်းချင် ကြမ်းတမ်းပေလိမ့်မယ် အချစ်နဲ့ ပါတ်သတ်မိရင် ပိုပြီး ကြမ်းတမ်းရုန်းကန်ရပါလိမ့်မယ်။
ဂျပန်နိုင်ငံရဲ့ စီးပွားရေးနဲ့ ပါတ်သတ်လို့ သိပ်ပြီး အကောင်းမမြင်မိတာ အမှန်ပါပဲ။ ဘဝလုံခြုံမှု ဘက်ကပြောရရင်တော့
လက်ထပ်ဖို့အတွက် မိန်းမတွေ လစာမြင့်တဲ့ယောက်ျားလိုချင်တာကို သိပ်အပြစ်မမြင်မိတော့ပါဘူး ..။

၃။ လက်ထပ်ဖို့ ငွေစုသလား
တတိယမေးခွန်းကတော့ လက်ထပ်ဖို့အတွက် ငွေကြေး စုဆောင်းထားခြင်းရှိမရှိဆိုတာပါပဲ.. ။

တဝက်လောက်နီးနီးကတော့ စုဆောင်းပါတယ်လို့ ဖြေပါတယ်။
(ကျုပ်တို့ဆီကလို ၁၀၀% ယောက်ျားလေးဘက်က ထုတ် ဆိုတဲ့ ကာလချာမဟုတ်ပါ…. မိဘဆီကလည်း မယူကြပါ…
ကိုယ့်ဟာကိုယ် အလုပ်လုပ်ရင်း ယောက်ျားလေးဘက်ကတော့ ၇၅% လောက်ရှိမပေါ့လေ… ကိုယ်စီကိုယ်ငှ စိုက်ထုတ်ကြတဲ့
ဓလေ့ကို ကျင့်သုံးပါသည်။ ချွင်းချက်ရှိပါသည်။)

မေးကြည့်လို့ ဟုတ်ကဲ့ စုပါတယ် ဖြေတဲ့ မမတွေ ဘယ်လောက်စုသလဲဆိုတော့ ပျမ်းမျှ ယန်း ၂သန်း ကနေ ၅သန်း ပါတဲ့ ..
(မြန်မာငွေ သိန်း ၂၀ဝ ကနေ သိန်း ၅၀ဝ ကြား)
ထူးထူးခြားခြား သိန်း ၂၀၀ဝ စုသူလည်း ပါဝင်နေပါသတဲ့လေ…။(သေချာတယ် ရုပ်ဆိုးမယီး ဖြစ်မှာ..)
ဒါတွေဟာ ၅၃၂ယောက်သော တိုကီယိုမြို့က အမျိုးသမီးတွေ ဖြေကြားခဲ့တဲ့ တကယ့် အဖြေအစစ်အမှန်တွေဖြစ်ပါတယ်။

ကိုယ်ပိုင်အမြင်အားဖြင့် အမျိုးသမီးတွေအပေါ် လေးစားသမှု ထားရှိပါတယ်။ သူတို့ဟာ အိမ်ထောင်ပြုလိုစိတ်ရှိပြီး အသေအချာ
ပြင်ဆင်တတ်တယ် မဟုတ်လား ။ ဒါပေမယ့် ဝင်ငွေတခုတည်း ဦးစားပေးကြည့်တတ်ရင်တော့ အိမ်ထောင်ပြုဖို့ မိသားစု
ထူထောင်ဖို့ ဆိုတာ အနှီအမျိုးသမီးအတွက် အကောင်းဆုံးသော အတွေးအမြင် မဟုတ်ဘူး ထင်မိပါတယ်။

တကယ်တော့ တဖက်မှာလည်း ငွေကြေးချောင်လည်ခြင်းမရှိပေမယ့်လည်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်တွေ တပုံတပင် ရှိသေးတယ်
မဟုတ်ပါလား။
ကောင်းပါပြီဗျာ .ကျနော့်မှာ အဖြေမရှိပါဘူး ။ စာဖတ်သူသင့်ကိုလည်း အချစ်နဲ့ငွေကြေး တခုခုရွေးချယ်ခိုင်းနေတာလည်းမဟုတ်ဘူး
ရွေးချယ်နိုင်မယ်လို့လည်း မယူဆပါဘူးလေ

Source: RBBToday

ဘာမှမဟုတ်ပါဘူးဗျာ … ဒီဆောင်းပါးလေးတွေ့တော့ မနေ့ညက တန်ဖိုးနည်းအိမ်ယာ သိန်း၂၀ဝ ဆိုတော့
အိမ်ပိုင်ဖို့ခက်ကြောင်း ဝန်ထမ်းတယောက်ရဲ့ ပင်စင်သွားချိန်ထိ ရမယ့် လစာ စုငွေ ဒါတွေကို တွက်ပြထားတဲ့ပုံလေး
ဖေ့စဘုတ်မှာ တွေ့တာနဲ့ဆက်စပ် စဉ်းစားကြည့်ရင်း … ကျနော်တို့ဆီမှာလည်း အိမ်ထောင်မပြုနိုင်သေးတဲ့
သူငယ်ချင်းစုံတွဲတွေအကြောင်း စဉ်းစားကြည့်ရင်း ..စဉ်းစားကြည့်ရင်း ..စဉ်းစားကြည့်ရင်း

တော်သေးဘီ…
(အထူး)မှတ်ချက်။ ။ မိန်းမမရလို့ စိတ်ထိခိုက်ပြီး ရေးတဲ့ပိုစ့်မဟုတ်ကြောင်း ရဲရဲကြီး အာမခံပါသည်။

12 comments

  • nozomi

    February 8, 2013 at 12:36 pm

    ဆာဗေးလေး သဘောကျတယ်
    ဘာလုပ်လုပ် သေချာသိထားတော့ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်လို့ ရတာပေါ့

    မြန်မာပြည်မှာလဲ အဲဒီလိုမျိုးလေး ရှိသင့်တယ်
    ဦးကျောက်တို့ အတွက် အထောက်အကူရတာပေါ့

    တကယ်တော့ နှစ်ခုလုံး အရေးကြီးတာပဲ

    Reply

    • Ghi Ghi ThE KiD

      February 8, 2013 at 12:58 pm

      ဦးနိုရေ ..တကယ်တော့ ဒီဂဏန်းက ဘာကို ပြောသလိုဆို
      မိန်းမ၄ယောက် ရဲဇားဇဂါးသွားပြောရင် ၃ခါပါးချခံရမယ့် ကိန်းပါဗျာ ..
      အော်… ၂၅% လည်း မနည်းပါဘူးကွယ်..
      တနေ့နေ့ပေါ့..

      :528:

      Reply

  • ခိုင်ဇာ

    February 8, 2013 at 12:46 pm

    အ ချစ် သည် လည်း မ မြဲ…………………
    ငွေ ကြေး သည် လည်း မ မြဲ………………..
    သူ လည်း မ မြဲ ……………………….
    ကိုယ် လည်း မ မြဲ……………………….

    ဘာ မှ မ မြဲ တာ တွေ တွေး တွေး ပြီး ငို ချင် တာ ပါ ပဲ အေ။

    :byae:

    Reply

    • Ghi Ghi ThE KiD

      February 8, 2013 at 12:56 pm

      can i listen to this song .. without crying
      can i listen to these words … without dying
      may be good times are remembered …
      bad times for ignored….
      i don’t wanna be like your black rain cloud ..anymore

      :byae:

      Reply

  • Wow

    February 8, 2013 at 2:25 pm

    တဂယ်ဆိုရင် ငွေပဲလိုဒယ်…လား
    ကိုယ့်ကိုယ်ကိုရောင်းကုန်လိုမခံဇားရဝူးလို့ယုံကြည်ရင် ကဲရီးအွန်…
    ှဂယ်ဆိုရင် ခြစ်ပဲလိုဒယ်… ဆို
    ဘွကိုရင်ဆိုင်နိုင်ရင် ဂိုးအဟက် … ဒီလိုနဲ့ပဲ… :eee:

    Reply

  • Shwe Ei

    February 8, 2013 at 2:51 pm

    ဂျပန်မနဲ့ပတ်သတ်တဲ့ ဥပမာကတော့ သိပ်မဟုတ်ချင်ဘူးအေ။
    ဂျပန်တမျိုးထဲ အိုက်ဂလိုလုပ်တတ်တာမှ မှုတ်တာ။
    ကိုယ်တွေ့နဲ့ယှဉ်ပြီး စိတ်နာနေတာ ဖြစ်ရမယ် ခစ်ခစ်။ :kwi:

    Reply

  • Traditional Medicine

    February 8, 2013 at 4:04 pm

    စစ်တမ်းလာကောက်ရင်တော့ 78 % ထဲ မှာပါမှာပါ။

    Reply

  • 78% ထဲမှာ ပါပါလိမ့်မယ်… နှစ်ယောက်ပေါင်းပြီး ဘဝတစ်ခု ထူထောင်ဖို့ဆိုရင် အချစ်တစ်ခုတည်းနဲ့လည်း မရသလို.. ငွေကြေးတစ်ခုတည်းနဲ့လည်း မရပါဘူး.. နှစ်ခုစလုံးအချိုးကျမှ ပျော်ရွှင်တဲ့ဘဝဖြစ်မယ်ထင်တာပဲ…

    ဘယ်လောက်ပဲချစ်ချစ် ပြည့်စုံမှုမရှိဘဲ အိမ်ထောင်မပြုနိုင်သလို…ဘယ်လောက်ပဲ ပိုက်ဆံချမ်းသာနေပါစေ..မချစ်မနှစ်သက်တဲ့သူကိုလည်း လက်မထပ်နိုင်ပါဘူး..

    ဆိုတော့ နဂိုအတိုင်း တစ်ယောက်တည်းက ပိုကောင်းမလားလို့.. :mrgreen:

    Reply

  • pooch

    February 8, 2013 at 6:05 pm

    ဖြစ်ရလေ …..
    တယောက်ထဲ နေလည်း ပြသာနာ ..
    နှစ်ယောက်နေတော့လည်း ပြသာနာ ဘယ်လိုနေနေ ဘယ်လိုမှ ကို မလွတ်ပါလား…

    အသားလွတ်ကို ပြောချင်ဆိုချင်နေကြတော့တာပဲ

    တကယ်ဆို သူက သူ ကိုယ်က ကိုယ်
    ကိုယ့်ဘဝနဲ့ ကိုယ် နေပျော်ရင် ပြီးတာပဲ

    ဂျပန်တွေ ဆူရှီ ကြိုက်ပေမဲ့ မြန်မာတွေ ငပိကြိုက်ချင် ကြိုက်မှာပဲ လေ

    ဆာဗေးလည်း မယုံဘူး လာပြောလည်း မယုံဘူး :mrgreen:

    ကိုယ့်ဟာ့ကိုယ် အမှိုက်ကောက်ပြီး တောင်တက်နေတဲ့ဘဝကပဲ သာယာပါတယ်လေ

    Reply

  • uncle gyi

    February 8, 2013 at 10:47 pm

    မောင်ဂီရေ
    အန်ကယ်တို့လှေခေတ်လှည်းခေတ်ကလူတွေကတော့
    ကျွန်ကလားမယားတောသူပဲသိသကွဲ
    အခုမောင်ဂီတို့အင်တာနက်ခေတ်ရောက်မှ
    ကမ္ဘာ့ဆိုရိုးဆိုပြီးဂျပန်မလက်ထပ်ရမယ်ဖြစ်တာ
    ထူးပေစွ

    Reply

  • panpan

    February 8, 2013 at 11:29 pm

    ဂျာပွန်မလက်ထပ်မယ်ဆိုရင်တော့ ကုန်ကျဇရိတ်ကြီးလေးဂျင်း…

    ဒါနဲ့ကိုကိုဂီရေ
    အောက်ဆုံးက အထူးဆိုပြီး ပိုမည်းမည်းရေးထားတဲ့စာက သတိထားမိအောင် ငြင်းတာလားဟင်င်င် 😆

    Reply

  • kai

    February 9, 2013 at 2:32 am

    ယောကျာ်းသားများအတွက်..
    လေဒီတွေ.. သူ့ဖာသူဘာပြောပြော.. ဘာယုံကြည်ကြည်… ကိုယ်ကချစ်ရင်..အနုနည်း..အကြမ်းနည်း.. ဇောက်ထိုးနည်း..ပြောင်းပြန်နည်း.. နည်းပေါင်းစုံနဲ့.. ရအောင်ယူ.. ။
    ချစ်ရင်.. စွန့်လွတ်တယ်..ဘာညာကွိကွတွေက.. ယုံတမ်းစကားလှ..

    ဒါဗြဲ…။

    Reply

Leave a Reply to Ghi Ghi ThE KiD Cancel Reply

Your email address will not be published.