ဝက်ခြံ စု တု ပြု

BMTM MdyFebruary 1, 20131min09

Ance

ဝက်င်္ခြ

ဝက်ခြံ ဖြစ်နေသူများ ကိုဒါ တွေ ဆန်းစစ်ခိုင်းလိုက်ပါ။

၁။ သူ အသက် ကဘယ်လောက်လဲ ။ကျားတွေမှာ အသက်  14 15 …20 အတွင်းမှာ  hormone changes ဖြစ်နေချိန်မှာ ဝက်ခြံ ဖြစ်နိုင်ပါတယ်။

၂။ အိပ်ရေးပျက် များ အပင်ပန်းခံများလွန်းသူများ မှာလည်း side effect အနေနဲ့ဝက်ခြံ ထွက်တက်ပါတယ်။

၃။ stress တွေ အရမ်းများ နေတာက. ဆက်တိုက်ဖြစ် နေတယ်ဆိုရင် ဒါက ဝက်ခြံဖြစ်စေတဲ့ အဓိက အကြောင်း ရင်းတစ်ခုပါပဲ။

၄။ နောက်တစ်ခု က သုံးတဲ့ cosmetic တွေကိုဆန်းစစ်ခိုင်း လိုက်ပါ။ အရမ်းပြင်းတဲ့ဆပ်ပြာလား။ အဆီအရမ်းများ တဲ့ make up လား။ဆန်းစစ်ပြီးသေချာရွေးချယ်ခိုင်းပါ။

၅။မျက်နှာကို လက်နဲ့ ခဏခဏ ကိုင်တွယ်တက်သူများ၊မျက်နှာ ခဏခဏ သစ်တဲ့ သူတော်တော် များများမှာလည်း ဝက်ခြံဖြစ်တတ်ပါတယ်။

၆။ဖုန်မှုန့်၊ အမှိုက်မီးခိုးတွေ၊ညှော် တွေခံရသူ၊နေပူဒဏ်ခံရသူ၊ ခရီး ခဏခဏ ထွက်ရ သူတွေမှာလည်း ဝက်ခြံထွက်တက်ပါတယ်။

၇။ဆံပင်တော်တော်များများ မှာ ဖုန်တွေနဲ့ အဆီတွေ bacteria တွေကပ် နေတဲ့ အတွက် ဆံပင်ကို မျက်နှာနဲ့ မထိအောင်ထားတာပိုကောင်းပါလိမ့်မယ်။မိတ်ကပ် လိမ်းတဲ့ brush ကို

တစ်ပတ်တစ်ခါဆေးပါ။ခေါင်းအုံးစွပ်လဲပါ။

၈။ အပူ အစပ် ငရုတ်သီး တွေ ၊ငါးပိငါးခြောက်တွေ ငံပြာရည်တွေ ဓညင်းသီးတွေ နောက် ကြာရှည် ခံအောင်လုပ်ထားတာ တွေအစားများလွန်း ရင်လည်းဖြစ်တက်ပါတယ်။

၉။ ဝမ်းခဏခဏ ချုပ်တက်သူတွေ ၊ မီးယပ်မမှန်သူတွေမှာလည်းဖြစ်တက်ပါတယ်။

၁၀။ ပုံမှန် မီးယပ် မလာခင်မှာလည်း hormone changes ကြောင့်ဖြစ်တက်ပါတယ်။

ကုသနည်းများ

အပေါ်ကဖြစ် စေတက်တာ တွေကိုရှောင်ရှားခိုင်းပါ။

၁။ ဝက်ခြံကမပြင်းထန်ဘူးဆိုရင် သူကို ည အိပ်ခါနီးမှာ ရေနွေးနွေး နဲ့ မျက်နှာသစ်ခိုင်းပါ။ ဆပ်ပြာ ပျော့ပျော့ နဲ့ပဲသစ်ခိုင်းပါ။

၂။ဝမ်းချုပ် မခံပါနဲ့ ။အရည်ရွှမ်းတဲ့ အသီးနှံတွေ များများစားပါ။ဟင်းသီးဟင်းရွက်များများစားပါ။အိပ် ရေးပျက် မခံပါနှင့်။စိတ် ကိုပျော်ရွှင်အောင်နေပါ။လက်ဖက်ရည် ကော်ဖီလျော့သောက်ပါ။ စိတ်ဖိစီး မူတွေ လျော့ချပါ။နေလောင်ဒဏ် နဲ့ဖုန်တွေပိုးမွှား တွေကို လျော့ ချပါ။ ကျန်း မာရေး လေံကျင့်ခန်း များပြုလုပ်ပါ။ရေများများသောက်ခိုင်းပါ။

၃။ ဝက်ခြံသက်သာစေရန် ရှားစောင်းလက်ပတ် အတွင်းသားကိူယူပါ.ရေတွင်ဆေးပါး ပြီင်္းလျှင် မျက်နှာပေါ်တွင် အဝတ်ပါးခံပြီး နောက်  5 မိနစ်ခန့် အုံထားပေးပါ။ ပြီးနောက်မျက်နှာသစ်ပါ။ ည အိပ်ရာဝင်တွင် ပြုလုပ်ပါ ရက်ခြားပြုလုပ်ပါ။

၄။ ဝက်ခြံ ပေါ်တွင် သနပ်ခါး စက် ကပ်ပေးနိုင်ပါသည်။မီးယပ်သွေးကြောင့်ဖြစ်ပါက ရှားေစောင်း လက်ပတ်ချက်ဆေးကျွေးနိုင်သည်။ပိုးသေစေရန် လက်ဖက်ရည်နွေး နွေးနှင့် ဖန်ဆေးပေးနိုင်သည်။

၅။ဆိုးဝါးပါ က သောက်ဆေးနှင့် အတူစားနိုင်ရန် ဆရာဝန်ဆီသွားပါ။

မြန်မြန်သက်သာပျောက်ကင်းရန်

ရေနွေးဖြင့်တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးပါ။

ဝက်ခြံ ရှိနေပါက Mild Soap Made for People with Acneဟုစာတန်းထိုးထားသော မျက်နှာသစ် ဆပ်ပြာ အပျောစားနှင် မျက်နှာ သန့်စင်ပေးပါ။

မျက်နှာအရေပြား ပေါ်မှာရေအနည်းငယ်ဖြင့် စက်ဝိုင်းပုံ ဖိကာငြင်သာစွာ သန့်စင်ပေးပါ။ လွန်ကျွန်စွာသုံးပါက အရေပြားကသိကအောက်ဖြစ်စေတက်ပါတယ်။

ထိုသို့သန့်စင်ပြီးပါက အဆီဓာတ်နှင့်ဘတ်တီးရီးယား ကင်းစေရန် benzoyl peroxide ပါဝင်သော lotion ကိုလိမ်းပေးနိုင်ပါသည်။ အဆီပြန်တာနဲ့ bacteria နည်းစေပါတယ်။

နောက်တစ်ချက်က မသန့်ရှင်းသောလက်နှင့် ဝက်ခြံမညစ်ပါနဲ့။ အရမ်းနာကျင်ကိုက်ခဲရင် အမာရွတ်ကျန်တက်ပါတယ်။

9 comments

  • အိုကေ …
    ဝက်ခြံ ဘယ်လိုတွေကြောင့် ထွက်တတ်တယ် ..
    ဘယ်လိုမျိုး မထွက်အောင် ကာကွယ်ရမယ်ဆိုတာ ..
    ဖတ်မှတ်တွားဒယ် ..

    ဒါထက် .. စကားစပ်တုံး ပြောရရင် ..
    ဟော်မုန်းချိန်း ဖြစ်နေချိန်မှာ …
    လှကလည်း လှချင်ပါလျက်ကယ်နဲ့
    ဝက်ခြံတွေ ထွက်လာတတ်တာ …
    အတော်လေးတော့ ဆိုးတဲ့ ကိစ္စပေါ့ဗျာ …
    ကျုပ်ကတော့ အဲ့ဒီ အသက်အရွယ်ကို ကျော်လွန်ခဲ့ပါပြီ ….

    Reply

    • P chogyi

      February 1, 2013 at 11:17 am

      မောင်အံက ကြက်ခြံပဲထွက်တော့တယ်။

      Reply

  • ဆူး

    February 1, 2013 at 2:33 pm

    ဖြစ်နိုင်ရင် ဆံပင်ကျွတ်တဲ့ အကြောင်းလေး ဘာလေး ရေးပေးပါလား

    Reply

  • Traditional Medicine

    February 1, 2013 at 2:44 pm

    ဟုတ်ကဲ့ နောက်တစ်ရက် မျှော်ပါ ဆူး တက် နိုင်သလောက်စု တု ပြု ပေးပါ့မယ် နော်

    လေးစားစွာဖြင့်
    ွှTM
    (အကျင့်ပါနေလို့ မထည့်ရင်မရေးတက်တော့ဘူး)

    Reply

  • padonmar

    February 1, 2013 at 9:50 pm

    တိုင်းရင်းဆေးလည်း စိတ်ဝင်စားပါတယ်။
    အလှအပကတော့ ပိုစိတ်ဝင်စားတာပေါ့။
    တိုင်းရင်းဆေးမှာမှ သိပ္ပံနည်းကျ ဘာဆေးက ဘယ်လို အာနိသင်ရှိလို့ ဘာရောဂါကို ဘယ်လိုကောင်းစေပြီး ဘယ်လို ဆောင်ရန်ရှောင်ရန်ရှိတယ်ဆိုတာပါ ရေးပေးရင် ပိုကောင်းပါတယ်။
    အားပေးနေပါတယ်။

    Reply

  • Mobile

    February 1, 2013 at 10:35 pm

    ငွေရနည်း နှင့် မိန်းမရနည်း ကိုတွဲဖက် စိတ်ဝင်ဂါ အသဲအသန် လေ့လာနေသူဗါ။
    (ဘွပေးအခြေအနေအရဗါ) ငွေရှာတယ် မိန်းမရှာတယ် ဆက်စပ်မှုရှိပါတယ်ခင်ဗျ။
    လူကတော့ ရိုးရိုးသားသားလေးပါ။ အခုမှသတိရတယ် တကယ်ဖြစ်ချင်တာက
    ဗိန်းဒေါးဆရာပါ။ မဖြစ်မနေယုံပေးပါ။
    ငွေရှာနည်း နှင့် မိန်းမရှာနည်း အကြံပေးနိုင်သမျှပေးကြပါ။ (သိချင်တာ မသိရရင်
    ပျော်ပါသလား)
    +++++++++++++++++++
    ်ဝမ်းပို့စ် ဆိုဒေါ့ဂါ နယူးမန်ဘာ ဖြစ်မယ်နဲ့တူဒယ်နော် ရွာရဲ့စည်းကမ်းအရ
    မိမိ၏ မူရင်းဒါ့ပုံ နှင့်တကွ နေရပ်လိပ်စာ အမည် အသက် အိမ်ထောင်ရှိမရှိ အပြည့်အစုံ
    ရေးပြီး ပို့စ်တစ်ပုဒ်တင်ပေးပါ။
    မှတ်ချက်။ ။ အမျိုးသားဆိုရင်ဒေါ့ တင်ဖို့မလိုပါဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    Reply

  • ရွာသူ jujuma .

    February 2, 2013 at 2:34 pm

    မှတ်သားသွားပါတယ်…..
    မျက်နှာပေါ်မှာ မှဲ့စွန်း (မှဲ့ခြောက်) ကို ဘယ်လို ကာကွယ်ရမလဲဆိုတာလဲ ..
    သိရင် ဝေမျျှပေးပါနော် … ရှဲရှဲ :hee:

    Reply

  • နွေဦး

    February 2, 2013 at 2:59 pm

    အော်.. ဝက်ခြံ ဆိုလို့ ဝက်သားအကြောင်းရေဖို့ ကုန်ကြမ်းရပြီဆိုပြီး..ဝင်ဖတ်ပါတယ်..ခုတော့မျက်နှာက အဖုဖြစ်နေတာက်ိုး

    Reply

  • မွန်မွန်ကတော့ အရမ်းပင်ပန်းပြီး စိတ်ဖိစီးမှုများလာရင် အဖုတွေထွက်လာတတတ်တယ်.. ဝက်ခြံတော့မဟုတ်ဝူး.. ညဘက်တော့ မျက်နှာသစ်ပြီးရင် ဘာမှမလိမ်းတော့ဘူး…
    သူငယ်ချင်းတွေကို ပြောပြဖို့ မှတ်သွားပါတယ်လို့..

    Reply

Leave a Reply

Your email address will not be published.