လူပျောက်သတိပေးကြေညာချက်

စဆရ ႀကီးJanuary 28, 20131min022

အားလုံးပဲ မောနင်းဗျို့
နှုတ်ဆက်ပြီးအိပ်တော့မှာမို့ ဒီနေ့အဖို့ စိတ်ဝင်စားစရာကောင်းနိုင်မယ့် ခေါင်းစဉ်လေးတစ်ခု ပေးခဲ့ချင်တယ်

ပေါက်ဖော်(သို့) ဗိုက်ကလေး ဘယ်ရောက်နေသလဲ သိချင်ပါတယ်။ ကမ္ဘာပျက်မယ့်နေ့က လူတစ်ယောက် ကမ္ဘာပျက်သွားတယ်ဆိုတာ ရွာထဲမှာ သတင်းကြားလိုက်မိတယ်။
ဒီလောက်ရွာထဲမှာ သောင်းကျန်းနေတဲ့သူ ပျောက်နေတာတော့ ဘယ်သူမှ အဖက်လုပ်မေးကြတာမတွေ့လို့ သေချာပေါက် ကိုပေါက်ဖော်ပဲလို့ သိနေလို့ သတင်းမေးလိုက်ပါတယ်။ တစ်ခြားသူတွေတော့ မသိဘူးပေါ့ဗျာ။ ကျွန်တော်ကတော့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးမသိပေမယ့် သူပျောက်နေတာတော့ သတိထားမိပါတယ်။

ဘပုဆိုရင်တော့ ချီးပန်းရင်း ဘဝပြောင်းသွားသလိုလို၊
အူးကြောင်ဆိုရင်တော့ ဘူးမောင်လို့ သိထားသမို့ ဘယ်သူကများ မခံနိုင်လို့ အပြတ်ရှင်းသွားသလိုလို၊
ကိုကမ်းဆိုရင်တော့ သူ့နံရိုးလေး သူများအရက်နဲ့ မြည်းသွားလို့ ဘဝချင်းလဲသွားသလိုလို၊
အီးတုန်းဆိုရင်တော့ သူ့ကိုကိုနဲ့ အဆင်မပြေတုန်း အရက်မူူးပြီး ဆေးရုံရောက်သွားသလိုလို၊
အေးဝတီကြီးဆိုရင်တော့ နောက်ကွယ်က ဘယ်သူလဲဆိုတာသိသွားလို့ ကိုစံလှကြီးတို့၊ ကိုတိမ်မည်းတို့ကပဲ အပျောက်ရှင်းလိုက်သလိုလို၊
ကိုပေဆိုရင်တော့ သူ့ပွဲကြိုတွေကြောင့် ဘဝပျက်သွားသူတွေက ပြန်ပေးဆွဲသွားသယောင်ယောင်၊
အဘဖောဆိုရင်တော့ အဆဲခံချင်လို့ရေးနေတာ မဆဲချင်ကြတော့လို့ ဘာပဲဖြစ်သွားသယောင်ယောင်၊
ကိုပေါက် (အူးပေါက်) ဆိုလျင်တော့ ချောင်ကြိုချောင်ကြား တစ်နေရာရာမှာ ပုံသွားရိုက်နေသယောင်ယောင်၊
ဆွိဆိုလျင်တော့ ဒီတစ်သက်ယောကျာ်းမရမယ့်တူတူ မယ်သီလရှင်ပဲ ဝတ်သွားသယောင်ယောင်၊
နူးဘာဂီကတော့ ပြောမနေတော့ဘူး၊ သူ့အကြောင်းနဲ့သူ
ချာတူးလန်ဆိုလျင်လည်း သူ့လောင်တော်မင်နဲ့ပဲ ဟန်းနီးမွန်းနေသယောင်ယောင်၊
… ဆိုလျင်လည်း… နေသယောင်ယောင်
…. ဆိုလျင်လည်း …. နေသယောင်ယောင်

ရှိစေတော့..
လိုရင်းကတော့ ရွာအချစ်တော်တစ်ယောက် ပျောက်ချင်းမလှပျောက်နေတာကို ဘယ်သူမှ သတိတရမပြောကြတာ ထောက်ပြချင်တာပါ။

သိသူများ သိသလောက်ပြောပြကြပါရန်နှင့် မသိသူများ သတိမူမိကြစေရန် ရည်သန်လျက်။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

22 comments

  • မောင့်ကျက်သရေ ဂီ့

    January 28, 2013 at 7:32 am

    ကိုဗိုက် လက်ကျိုးနေတယ်လေဗျာ…
    မမန့်နိုင် မရေးနိုင်ရှာဝူး…
    အနားမတော့ ဘဘဘလက်တို့ ဦးပါတို့ ရှိတယ်
    လို့ ယူဆရတာပါပဲ..ဒီရက်ပိုင်း သတင်းပြတ်နေတာတော့အမှန်
    ကျုပ်တို့လည်း သတိရပါတယ် ကိုဗိုက်ရေ….

    :byae:

    Reply

  • ခိုင်ဇာ

    January 28, 2013 at 8:08 am

    ပေါက်ဖော်ဆိုတာ ဗိုက်ဗိုက်ကို ပြောတာလား။
    ဟိုနေ့က ကို သတိရသေးတယ်။ ဘယ်လိုအခြေအနေတုန်းလို့။
    အဆက်အစပ်မရှိတော့ သီတင်းတော့ ဘာမှ မကြား။ ကြားသူများ သီတင်းပေးကြပါ။

    ဒါနဲ့ ရှင့်ဟာရှင် ပို့(စ) ရေးတာ ရေးတာပေါ့လေ။ ကျုပ်ကိုတော့ သီလရှင်မဝတ်ခိုင်းပါနဲ့ဦး။
    ဒီလူတွေ နာ့ မှာ သားတွေ ယောက်ကျားတွေ (အဲလေ) သားတွေ ရှိတယ်ဆိုတာ မယုံကြသေးဘူး။
    :mrgreen:

    Reply

  • P chogyi

    January 28, 2013 at 8:24 am

    ရှူံးနိမ့်ခြင်းများနဲ့လူကို အနိုင်ရအောင်လုပ်ပေးဖို့
    စဉ်းစားနေတာနဲ့ မအားလို့ မမေးမိတာပါ ခွေးလွှတ်နော်
    တွေ့ဆုံပွဲနေ့ကတော့
    ပွဲမတက်နိုင်ကြောင်း သူ့သတင်းကိုပြောတာကြားလိုက်ရပါတယ်။

    Reply

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    January 28, 2013 at 9:02 am

    စိန်ပေါက်ပေါက်က လက်နှစ်ဖက်လုံး အက်စီးဒန့်ဖြစ်လို့ သွင်သွင်ကျိုးသွားပေမယ့်
    မန်းဂဇက်မှာ စာပြန်ရေးဖို့ ကီးဘုတ်ကို ခြေထောက်ဖြင့်လည်းကောင်း၊ ခြေထောက်နားတွင်ရှိသောအရာဖြင့် လည်းကောင်း (ခြေမျက်စိ)၊ စာရိုက်လေ့ကျင့်လျက်ရှိကြောင်း နောက်ဆုံးသတင်းရရှိပါသည်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    Reply

  • Mon Kit

    January 28, 2013 at 9:15 am

    ထုတ်ဖေါ် သတင်းမမေးမိပေမဲ့ စိတ်ထဲမှာ ဘီအီးဥူးဗိုက် ကို ရွာသူားတွေနဲ့ ထပ်တူ သတိယ နေပါတယ်လို့..
    :byae:

    Reply

  • တိမ်မည်း

    January 28, 2013 at 10:14 am

    ကြားရတဲ့ သတင်းအတွက် စိတ်မကောင်းပါဖူးဗျာ….
    အထူးသဖြင့် ကိုဖက်ကတ်ပြောတဲ့
    လက်သွင်သွင်ကျိုးသွားတဲ့ စိန်ပေါက်ပေါက်အတွက် အထူးဝမ်းနည်းမိပါကြောင်း…..
    :byae:

    :buu: စကားမစပ်………
    :chee: ဟို ရှုံးနိမ့်သူကြီး…..
    :eeee: အခုနေများ အေးဝတီကြီး သေရင် ကျုပ်က လူသတ်တရားခံဖြစ်အုံးမယ်ဗျာ…..
    :kwi: ဒါပေမယ့် အနဲဆုံး စံလှကြီးတော့ ကြံရာပါပေါ့…..
    :harr: ကျုပ်ကတော့ ဆိုင်ရာမှာ နောက်ကနေ ကြိုးကိုင်သူဟာ ရှုံနိမ့်သူကြီးလို ့ ဖော်ထုတ်ရမှာပဲ……

    Reply

  • ဦးကြောင်ကြီး

    January 28, 2013 at 10:49 am

    ဗိုက်ကလေး
    ဂိုက်ပေး
    ကြိုက်ဈေး
    ရိုက်မေး
    နှိုက်ပြေး
    လိုက်ငေး
    ပိုက်ထွေး
    သိုက်ရွေး..

    Reply

  • Mobile

    January 28, 2013 at 12:39 pm

    ဗိုက်ကလေး ဘယ်ရောက်နေလဲတော့မသိဘူးဗျ
    ဓနုဖြူဆွေမင်း ကွယ်လွန်သွားပီးဒဲ့ နောက်ပိုင်း ကျုပ်လည်း မြိုင်ရာဇာတွတ်ပီ
    ကာကွန့်စာအုပ်တွေ မဖတ်ရတာကြာနေလို့ ဗိုက်ကလေး တို့ဘာတို့ မေ့တောင်
    မေ့နေပြီ။

    Reply

  • ရွာသူ jujuma .

    January 28, 2013 at 2:16 pm

    ပေါက်စိန်ဗိုက်ကိုတော့ ….
    ဂဇက်ထဲမှာ ကွန်မန့် တွေက သူနဲ့ အရင် စပြီးရင်းနှီးခဲ့တာဆိုတော့ ..
    ပျောက်နေပါလားဆိုပြီး သတိတရရှိနေခဲ့တာ ..
    တွေ့ဆုံပွဲ မှာ နေမကောင်းဘူးဆိုတာ သိခဲ့ရတော့ … စိတ်မကောင်းဖြစ်ခဲ့ရတယ် ..
    အမြန်ဆုံးနေကောင်းပါစေလို့ ဆုတောင်းပေးပါတယ် …

    Reply

  • ဦးဦးပါလေရာ

    January 28, 2013 at 2:20 pm

    ကျုပ်လဲ စိန်ဗိုက်ကို မတွေ့ရတာ ကြာပြီ။
    သူ့လက်တော့ ကောင်းသွားလောက်ပြီ…
    သွားတွေ့ဖို့ ဘယ်သူများအဖေါ်စပ်မလဲလို့စောင့်နေတာ…။

    Reply

  • အရီးခင်လတ်

    January 28, 2013 at 3:30 pm

    တကယ်တော့ မောင်ဗိုက်ပျောက်တဲ့ အကြောင်းကို Post တစ်ခုနဲ့တောင် ရေးလို့ တော်တော်များများ သိပါတယ် မောင်ရှုံးရယ်။
    လုံးဝ တကယ်ပျောက်နေတဲ့အထဲမှာ ကဘုန်းကျော် လဲ ပါတယ်။

    Reply

    • etone

      January 28, 2013 at 4:37 pm

      အရီးလတ်ရေ …
      ကိုဘုန်းကျော်ကိုတော့ .. သူ့ ဖွဘုတ်က … ဓါတ်ပုံတွေ ၊ စာတွေ ကော့မန့်တွေ အရ… လတ်တလော S’pore ရောက်နေတယ် ထင်တယ် … ။ တလောက မြန်မာ ပြည်ပြန်လာပါသေးတယ် … သူ့ ဘော်ဒါတွေ နဲ့ သွားတွေ့တာလည်း ဓါတ်ပုံတွေ ကြည့်လိုက်ရတယ် …. ။ မှတ်မှတ်ရရ .. ကိုးရက် ဘုန်းကြီးဝတ်တာလည်း ဓါတ်ပုံတွေ မြင်လိုက်ရပါသေးတယ် .. အဟီး .. ဘုန်းကြီးဝတ်နဲ့ … ဖွဘုတ်မှာ စာတွေ တက်လာသေးလို့ .. သမီးတောင် အစွဲကင်းဖို့ … ဝင်နောက်လိုက်ပါသေးတယ် …

      Reply

    • မောင့်ကျက်သရေ ဂီ့

      January 28, 2013 at 4:41 pm

      ရန်ကုန်ပြန်နေလေရဲ့
      အံမယ် ဘုန်းကြီးတွေ ဘာတွေတောင် ဝတ်လိုက်သေး ဖေ့စ်ဘုတ်ပေါ်တော့ စာတိုပေစ ရေးရေးနေသားဗျာ.

      Reply

  • etone

    January 28, 2013 at 4:33 pm

    ကိုရှုံးရေ …

    ရွာထဲကလူတွေ …သာရေး ၊ နာရေး တိုင်း မမေ့လျော့ပဲ စည်းစည်းလုံးလုံး ရှိခဲ့ကြပါတယ် …
    ဗိုက်ကလေးကို .. ဦးချောကလက်ကြီး ၊ ဦးဦးပါလေရာ ၊ ဦးကြီးမိုက်တို့ သွား သတင်းမေးခဲ့ကြောင်းလည်း သိရပြီး .တချို့ လူကြီးတွေဆို … အမြဲတစေ သတင်းသွားမေးကြကြောင်းလည်း သိရပါတယ် ။ တခြားသော ရွာသူားတွေလည်း ကိုယ့်အစီစဉ်နဲ့ သွားမေးကြောင်းလည်း သိထားပါတယ် ။ အဟီးးးးး .. ကျွန်မကတော့ ဆေးရုံတက်နေစဉ် ညကြီးမိုးချုပ် တစ်ခေါက်ပဲရောက်ပြီး သတင်းမေးခဲ့ဖြစ်ပါတယ် .. အိမ်ပြန်ဆင်းသွားတဲ့အချိန်တော့ လူနာကို အားနာလို့ အိမ်အထိသတင်းလိုက်မမေးဖြစ်တာရော … ၊ စုပြီးသွားဖို့ ဘာညာကျတော့လည်း တခြားလူတွေနဲ့ တိုင်ပင်ဖို့ …မဆုံဖြစ်တာကြောင့် .. သွားသတင်းမေးဖို့ ပျက်ကွက်ခဲ့ပါအိ .. ။
    ဆေးရုံတက်ပြီး အော်ပရေးရှင်းလုပ် စတီးရိုးပတ်ပြီး ပြန်ဆင်းရပေမယ့် .. လက်က ကျောက်ပတ်တီးကိုင်ထားရတဲ့အပြင် ညာဘက်လက်လည်း ဖြစ်နေတာကြောင့် …. လတ်တလောတော့ စာရေးနိုင်မယ် မထင်ဘူး ။

    Reply

  • Wow

    January 28, 2013 at 6:00 pm

    မြန်မြန်နေကောင်းလာဖို့ဆုတောင်းပါအိ..
    ရွာ့အချစ်တော် တစ်ယောက်မို့ မမေ့တဲ့သူများပါတယ် :byae:

    Reply

  • ရွှေ ကြည်

    January 28, 2013 at 8:28 pm

    ရွှေကြည်ကတော့ပျောက်နေတာပဲသတိထားမိတယ်တယ် အဲလိုဖြစ်မှန်းမသိဘူးရယ် ကိုယ့်ကိစ္စနဲ့ရှုပ်နေတာနဲ့
    အူးဗိုက်တယောက်အမြန်ဆုံးပျောက်ကင်းပါစေ။ ကျန်းမာရွှင်လန်းပါစေ။

    Reply

  • kai

    January 29, 2013 at 2:02 am

    ရွာသူားတွေထဲ… အခုလိုသတိတရရှိကြတာ.. ဝမ်းသာစရာပါနော..။
    စကားအတင်းစပ်..
    အစ္စရေးက..မြန်မာပြည်ပြန်တဲ့ မှီမမတယောက်လည်း.. ပျောက်နေတာတော်တော်ကြာပြီ…။
    .. မွေးတဲ့.. ကလေးနဲ့နဘမ်းများသတ်နေရသလားမသိ..။ :kwi:

    Reply

    • etone

      January 29, 2013 at 2:52 pm

      အဲ .. မမှီလည်း … ဖွဘုတ်ပေါ်မှာ ..တွေ့ပါတယ်ချင့် … ။ လေးငါးနှစ်အရွယ် သားကြီးနဲ့ ဝမ်းလျားထိုးအရွယ် သမီးငယ်ပုံလေးတွေနဲ့ ဝေဝေဆာဆာတွေ့ပါတယ် … ။ ကလေး ဝေယျာဝစ္စနဲ့ လုံးပမ်းနေတယ်ထင်ပါတယ် … ။ ဖွဘုတ်ပေါ်မှာ အလျဉ်းသင့်သလို ရယ်စရာကော့မန့်လေးတွေ ပေးပြီး ပျောက်ပျောက်သွားတတ်တယ် … ။
      တစ်ခါတစ်လေ .. ဂျီတော့ကနေ တက်လာပြီး … တိုတိုတုတ်တုတ်တော့ စာရိုက်လာပြီး နှုတ်ဆက်တတ်ပါတယ် ။

      Reply

      • padonmar

        January 29, 2013 at 9:45 pm

        မှီက မှော်ဆရာ့ဖေ့ဘွတ်မှာ ကျမဖိတ်တဲ့စာတွေ့လို့ မေးလာပါသေးတယ်။
        ရက်နီးတော့ ဆူးကို တွေ့ဆုံပွဲတက်ဖို့ ဖုန်းနဲ့ ဖိတ်ခိုင်းမှ ကလေးနေမကောင်းနေလို့ မလာနိုင်ဘူးလို့ သိရပါတယ်။
        ခုလို ရွာသူသားတွေ အချင်းချင်း သတိရကြတယ်ဆိုတာ ကြားကြရင် သတိရခံရတဲ့ ရွာသူားတွေလည်း ပီတိဖြစ်ရမှာပါ။
        ဦးဖက်တီးတော့ တုံတုံရှာတွေ့ထားပြီလို့ သတင်းရပါကြောင်း။

        Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 29, 2013 at 7:44 pm

    ( ဘပုဆိုရင်တော့ ချီးပန်းရင်း ဘဝပြောင်းသွားသလိုလို )
    မာမီတို့က အသက်ကလေးထောက်လာဘီလေ
    ဂလက်ဒီယေဒါတွေလို စီးချင်းမထိုးနိုင်တော့ဘူး
    ဒါ့ကြောင့် စနိုက်ပါသမားတွေလို ခိုးကြောင်ခိုးဝှက်လုပ်နေရဒယ် :mrgreen:
    ဟင်းဟင်းဟင်း
    ထမင်းထမင်းထမင်း
    မောင်ရှုံး မောင်ရှုံး မောင်ရှုံး
    သင်းကလေးကိုလေ
    လူဂျင်း တွေ့တော့မှ
    ကေတီဗွီ က ကြက်တွေကို ကြွတ်ကြွတ်ကျော်ဘို့လော်ဆော်ဦးမယ်

    Reply

  • ဦးကြောင်ကြီး

    January 31, 2013 at 11:21 am

    စီတုံးဂေးလည်း ပျံလာမယ် ပုံပြောသွားတယ်။ သူလာမှ စက်လည်မယ်ဆိုပြီး စောင့်နေတာ သံချေးတောင် အတော်ကိုက်နေပြီ..။ လာမှ ကောင်းကောင်း ဆေးခိုင်းရမယ်…. နေနှင့်အုံးပေါ့ကွာ။

    Reply

  • min thutha

    February 15, 2013 at 11:23 pm

    ဒီရွာမှာနေရင် ပျော်စရာကောင်းမှာသေချာတယ် နေမယ်နော် သားကရယ်စရာတွေ ကြိုက်တယ် ဦးဦးတို့ ဒေါ်ဒေါ်တို့သားကိုပြောပြနော် သားနာထောင်ချင်လို့

    Reply

Leave a Reply to ရွာသူ jujuma . Cancel Reply

Your email address will not be published.