mgy.exe Virus ကိုက်ခံရလျှင်

Yin Nyine NwayJuly 20, 20101min00

mgy.exe Virus တိုက်ခိုက်ခံရသော ကွန်ပျူတာသည် ..

(၁) ကွန်ပျူတာသည် နှေးကွေးသွားခြင်း။


(၂) Memory Stick များတွင်းမှ Folder များပျောက်သွားက ထိုပျောက်သွားသော Folder


များ၏ အမည်များဖြင့် .exe File များအစားထိုးဝင်ရောက်နေခြင်း.

(၃) Folder Option၊ Taskmanager ပျောက်သွားခြင်း။

(၄) cmd.exe ဖွင့်လိုက်သည်နှင့် ချက်ချင်းပြန်ပိတ်သွားခြင်း။

(၄) .vbs script များ Run ၍မရခြင်း။

(၅) Desktop ၏ ညာဘက်အောက်ထောင့် ( အချိန်ဖော်ပြသောနေရာ ) တွင် အထက်ပါ

ဖော်ပြထားသော Magway Fc ပုံ တက်တက်လာခြင်း တို့ပဲဖြစ်ပါသည်။

ထိုသို့ mgy.exe Virus တိုက်ခိုက်ခြင်းခံနေရပါက ..

(၁) ကွန်ပျူတာတွင် ရှိသော AntiVirus ကို ခေတ္တ ပိတ်လိုက်ပါ။

(၂) Virus ကိုဖယ်ရှားခြင်းပြုလုပ်ရာတွင် System ကို Restart

ပြုလုပ်ရန်လိုအပ်သည့် အတွက် လုပ်လက်စအလုပ်များရှိပါက Save ပြုလုပ်ထားရန်လိုအပ်ပါသည်။

(၃) Virus ဝင်ရောက်ခြင်းခံထားရသော Memory Stick များကို ကွန်ပျူတာတွင် တပ်ဆင်ထားပါ။

(၄) mgyVirusRemoval.exe ကို Runလိုက်ပါ။

(၅) System Restart ဖြစ်၍

ပြန်လည်တက်လာသည့် အချိန်အတွင် mgy.exe Virus သည် သင့်ကွန်ပျူတာတွင်းနှင့်

Memory Stick များတွင်းမှ ရှင်းလင်းပြီးဖြစ်သွားသည်ကို တွေ့ရပါလိမ့်မည်။

(၆) Nod32

AntiVirus အသုံးပြုသူများအနေဖြင့် Nod32 ကို Virus မှ

နေရာဝင်ရောက်ယူသွားသဖြင့် Nod32 ကိုပြန်လည် ထည့်သွင်းပေးရန် လိုအပ်ပါသည်။

MgyVirusRemoval.exe Download

Leave a Reply

Your email address will not be published.