Global Warming!!

politicalviewJuly 20, 20101min00

ယခုနှစ်အတွင်း လွန်ခဲ့သည့်ဇွန်လတွင် နှစ်ပေါင်း ၁၃ဝ အတွင်း၌ ကမ္ဘာ့ရာသီဥတု အပူနွေးဆုံး စံချိန်တင်ခဲ့သည့်လဟု အမေရိကန်အစိုးရရာသီဥတုမှတ်တမ်းပြုစုရေးဌာနမှ အစီရင်ခံ တင်ပြထားပါသည်။ ဤစံချိန်အား ကမ္ဘာ့မြေပြင်အပူရှိန်နှင့် သမုဒ္ဒရာရေပြင်အပူရှိန် နှစ်ခုစလုံးကို ပျမ်းမျ၍ တိုင်းသာခဲ့ခြင်းဖြစ်သည်။

ယင်းကမ္ဘာ့ရာသီဥတုအပူချိန်တိုင်းသာမှုအား လွန်ခဲ့သည့် ၁၈၈ဝ ခုနှစ်မှ စတင်၍ မှတ်တမ်း ပြုလုပ်ထားခြင်းဖြစ်ပြီး၊ ၂၀၁ဝ ခုနှစ်သည် အပူပြင်းဆုံးနှစ်ဟု National Oceanic and Atmospheric Administration (NOAA) မှ လွန်ခဲ့သည့် ကျာသပတေးနေ့ (ဇူလိုင် ၁၅ ရက်) က ထုတ်ပြန်ခဲ့သည်။

ပျမ်းမျအပူရှိန်ထက် ပို၍ ပူပြင်းသည့်ဒေသများမှာ ကမ္ဘာတဝန်းလုံးနီးပါးဖြစ်ပြီး၊ ပီရူးနိုင်၊ အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းနှင့် အရှေ့ပိုင်းပြည်နယ်များနှင့် အရှတိုက် အရှေ့ဘက် ပိုင်းနှင့် အနောက်ဘက်ပိုင်းဒေသများ အစရှိသည့်နေရာဒေသများတွင် ပိုမိုလွန်ကဲစွာ ပူပြင်းနေသည်။

ကမ္ဘာ့ရာသီဥတုဖေါက်ပြန်မှုများဖြစ်ပွားရာတွင် တချို့နေရာ၌ စံချိန်တင် ပူပြင်းနေချိန်တွင် စပိန်နိုင်ငံကမူ ၁၉၉ရ ခုနှစ်ကတည်းက ယခုနှစ်ဇွန်လသည် အအေးဆုံးလ စံချိန်တင်ခဲ့သည်။ ထို့အတူ တရုတ်နိုင်ငံတောင်ပိုင်း ကွယ်ဇိုးပြည်နယ် (Quizhou)၊ စကင်ဒီနေးဗီးယားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုရှိ အနောက်မြောက်ဒေသရှိပြည်နယ်များတွင် အအေးဓာတ် ပျမ်းမျထက် ပိုအေးသည်ဟု NOAA မှ ဖေါ်ပြထားသည်။

Leave a Reply

Your email address will not be published.