ကန်တော်ကြီးက တိမ်တွေကတဲ့ ပွဲ

တကယ်ဆို မလာတော့ဘူး လုပ်ထားတာ (ကျွန်တော် လှိုင်သာယာ သွားတော့မလို့ အလုပ်ရှိလို့)

အောင်မိုးသူက လှမ်းခေါ်လို့ .. ဝါဝါလည်း ရှိနေတယ် ဆိုတော့ .. သူနဲ့ လည်း ပြောစရာလေး ရှိတာရောပေါ့ …

ရွာမှာ စာသာ ရေးတယ် .. အဖတ်နည်း အပြောကျဲလို့ နည်းနည်း စိမ်းနေတယ်။

ရွာသားတွေရဲ့ ပွဲမှာ ကျွန်တော်နဲ့အဆင်မှ ပြေပါ့မလားလို့ တွေးမိသေးတယ်။

မထင်မှတ်ဘဲ ရောက်လာပြီး .. အေးအေးဆေးဆေးလေးနဲ့ နွေးထွေးစရာ ကောင်းတဲ့ ပွဲ တစ်ပွဲ ဖြစ်ခဲ့တာရယ်

တစ်ချို့ များများက လူကြီးပိုင်း ရောက်နေလို့ ကျွန်တော့်လို လူငယ်တစ်ချို့ရဲ့ ခေတ်ပြိုင် ခေတ်လွန်

(ဘာမှန်းမသိ) စာတွေကို ဖတ်ပေးခဲ့ကြလို့လည်း ကျေးဇူးတင်ရပါတယ်။

ဆုရဖို့ တော်တော်နီးစပ်နေတယ်လို့ အားပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ဒီဆုတွေက ဖတ်ရွေးအဖွဲ့ရဲ့ အကြိုက်ဆုံး ပို့စ်တွေပါ .. အကောင်းဆုံး မဟုတ်ပါဘူးလို့ ပြောသွားတာကို

သဘောကျမိတယ်။ ဒီလိုပဲ ဖြစ်သင့်ပါတယ်။

ကျွန်တော်က အကောင်းဆုံး တွေကို မဖန်တီးတတ်ပါဘူး။

တကယ်ဆို ဒီမှာ ကျွန်တော် ရေးခဲ့တာတွေက ဒီ site နဲ့ အဆင်ပြေမှာကို တော်တော်ရွေးတင်ရတယ်။

ဒီလူတွေ သဘောကျနိုင်မယ့် ဖတ်ရှုဖို့ အဆင်ပြေမှာမျိုးကို ကျွန်တော် အမြဲ ရွေးတင်ခဲ့တယ်။

ဘာပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။

နောက်ဆို ကျွန်တော် မရွေးတော့ဘူး … တင်တော့မယ်။ ရွာသားတွေ မကြိုက်လည်း မကြိုက်ကြောင်းသာ ပြောသွားကြပါ။

ကျွန်တော် တင်ပြီပဲ .. (ဖတ်ဖို့လည်း အချိန်ပေးမယ်။ ဝေဖန်ဖို့လည်း အချိန်ပို ပေးနိုင်အောင် ကြိုးစားသွားမယ်)

ဘာပဲ ဖြစ်ဖြစ် ကျွန်တော့်ကို ဝေဖန် အကြံပေးနိုင်တယ်။ လိုအပ်တာဆို ကျွန်တော် လက်ခံ ပြင်ဆင်သွားမှာ သေချာတယ်။

 

—– ရင် နင့် အောင် ————

 

13 comments

  • Thu Wai

    January 21, 2013 at 12:23 pm

    ကိုရင်နင့်အောင်ရေ အဲဒီနေ့ကလာတဲ့လူငယ်တွေထက် လူကြီးတွေကိုပိုသဘောကျတယ်
    လူငယ်တွေကို နေရာပေးတတ်တဲ့လူကြီးတွေဖြစ်နေလို့
    နောက်ပြီး လူငယ်တွေကိုလဲ နားလည်မှုရှိတဲ့လူကြီးတွေဖြစ်နေလို့
    နောက်ပြီး ခေတ်နောက်ပြန်မဆွဲပဲ လူငယ်တွေနဲ့ တန်းတူ ပျော်နိုင်တဲ့လူကြီးတွေဖြစ်နေလို့
    အားလုံးက အသက်ကြီးဝါကြီးဆိုပြီး ခပ်တည်တည်ကြီးတွေလုပ်မနေပဲ လူငယ်တိုင်းကို လှိုက်လှိုက်လှဲလှဲ နုတ်ဆက်ကြ ပြောကြဆိုကြ စကြနောက်ကြတာတွေ ပြန်တွေးတိုင်း ပီတိပြုံးလေးပြုံးမိလို့။

    Reply

  • ဦး ကျောက်ခဲ

    January 21, 2013 at 12:57 pm

    ကိုယ့်ညီရေ

    မောင်ရင်တို့လူငယ်တွေ စာရေးတာ၊ စာဖတ်တာကို ဦးလေးတို့က ဝမ်းသာဂုဏ်ယူနေရတာပါ…..
    အသိဉဏ်တိုးစေဖို့ စာများများရေးကြဖတ်ကြပါ…..
    ဦးလေးတို့လဲ ဖတ်ပေး မန့်ပေးပါ့မယ်….

    Reply

  • surmi

    January 21, 2013 at 1:42 pm

    တဝိုင်းတည်း ထိုင်ခဲ ့ကြပေမဲ ့ အချိန်နဲလို ့ ဘာမှမပြောခဲ့ရဘူး
    နောက်တစ်ကြိမ် ဆုံချင်ပါသေးတယ် ။
    ဖတ်ဖြစ်ပေမဲ ့ သိပ်မမန် ့ဖြစ်တာပါ
    ကောင်းကောင်းရင်းနှီး သိကျွမ်းပြီး အားပေးနေပါတယ် ။

    Reply

  • ရင်နင့်ရေ ဝါဝါနဲ့တော့ တစ်ကြိမ်တွေ့ပြီးထပ်မတွေ့
    ဒါပေမယ့်အဆက်အသွယ်တော့ မပြတ်ခဲ့။
    ဒီတစ်ခါရန်ကုန်လာရင်တွေ့ဘို့ကြိုးစားပါမည်။

    Reply

    • ရင် နင့် အောင်

      January 21, 2013 at 2:13 pm

      နောင်တော်ရေ .. တွေ့ချင်ပါတယ်။ ကျွန်တော် မန်းရောက်ရင်လည်း လာတွေ့ပါဦးမည်။

      Reply

  • အရီးခင်လတ်

    January 21, 2013 at 4:49 pm

    ဒါကြောင့် ဟိုမင်းသား မောင်ဝါ ပြောတာ “ရွာမှာ လူကြီးတွေ ပေါတယ်တဲ့”။ 👿
    ကထူးဆန်း ဘာသာပြန်ပေးမှ သိတော့တယ်။
    ဒင်းတော့ ပြန်လာဖြေရှင်းပေး။ 😆

    ရင်နင့်အောင်ရေ ရေးသာရေးပါ။ ဖတ်ကြပါတယ်။
    ထင်တာတော့။ မင်းကလဲ one of the သူကြီး ဖေးဘရိတ် လို့ ထင်တာဘဲ။ 😉

    ဒါထက် ပွဲမှာ မျောက်က/ ဘီလူးက ကပြသွားသွားတဲ့ တိမ်တွေရော ရှိခဲ့လား။ :kwi:

    Reply

    • ရွာသူ jujuma .

      January 21, 2013 at 5:04 pm

      မျောက်က ၊ ဘီလူးကတော့တွေ့မိပါဘူး အရီးရေ …
      ပြုံးပန်းပွင့်တဲ့ အကလေးတွေနဲ့တော့ အားလုံးနီးပါး ကသွားကြလေရဲ့ … :hee:

      Reply

      • အရီးခင်လတ်

        January 21, 2013 at 5:25 pm

        ကျေးဇူးပါ ဂျူဂျူ ရေ။
        သမီးကရော ဘူသူလေးလဲ။
        နာမည်လေးတွေ ဘဲ ရင်းနှီးနေတော့ လူတွေကိုလဲ သိချင်တယ်။
        အခါခါလူလုံးပြနေတဲ့ သူတွေဆို သူကြီး က ထပ်ဆင့်တောင် ရာထူးတိုး ပေးဖို့ကောင်းတယ်။ 😉

        Reply

  • Mr. MarGa

    January 21, 2013 at 8:20 pm

    ကိုရင်နင့်အောင်ကို သေချာနှုတ်မဆက်လိုက်ရဘူးဗျ
    ဘာပဲဖြစ်ဖြစ်ပါ
    တင်သာတင်ပါဗျာ
    ဖတ်ဖို့ အသင့်ပါ လို့

    Reply

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    January 21, 2013 at 8:33 pm

    တိမ်တွေကတာထက် ကျုပ်သူငယ်ချင်း ရွှေတိုက်ကတာ ပိုကြည့်ကောင်းပါတယ်ဗျ
    ကြုံမှ ယူကျုလင့်ပေးပါဦးမယ်

    ခင်မင်လျက်
    ကြောင်ဝတုတ်

    Reply

  • padonmar

    January 21, 2013 at 9:33 pm

    ရင်နင့်အောင်လည်း ကြာရင် ဒီရွာက မခွာနိုင်ဖြစ်သွားမှာ သေချာတယ်။
    ဂဇက်ရဲ့ ညှို့ချက်ပေါ့။
    ရွာကို အချိန်ပိုပေးတော့မယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။

    Reply

  • kyeemite

    January 22, 2013 at 9:07 am

    ကိုရင်နင့်အောင်ကို နှုတ်ဆက်လိုက်ပေမဲ့
    စကားတွေအများကြီးမပြောဖြစ်လိုက်ဘူးဗျ…
    တင်တဲ့စာတွေကိုအချိန်ရတိုင်းဝင်အားပေးနေပါတယ်ဗျာ..

    Reply

    • ရင် နင့် အောင်

      January 22, 2013 at 9:17 am

      အားပေးတာ ကျေးဇူးပါ နောင်တော်။ း) စကားတွေ အများကြီး ပြောချင်ပါသေးတယ် း))))

      Reply

Leave a Reply to padonmar Cancel Reply

Your email address will not be published.