လုပ်ပိုင်ခွင့် အာဏာနှင့် ပါဝါကို အလွဲသုံးစားပြုပြီးတော့ လာဘ်ပေးလာပ်ယူပြောင်ပြောင် တင်းတင်းလုပ်စားနေတဲ့ကော့ကရိတ် ခရိုင်ရဲတပ်ဖွဲ ့မှူး

ko phyoeJanuary 13, 20131min07

လုပ်ပိုင်ခွင့် အာဏာနှင့် ပါဝါကို အလွဲသုံးစားပြုပြီးတော့ လာဘ်ပေးလာပ်ယူပြောင်ပြောင် တင်းတင်းလုပ်စားနေတဲ့ကော့ကရိတ် ခရိုင်ရဲတပ်ဖွဲ  ့မှူး ဒုရဲမှူး ကြီးမင်းဇော်ဦးနှင့် ရဲတပ်ဖွဲ ့ဝင် ဇနီးရဲမေတို ့ကို အနိုင်ကျင့်နှိပ် စက် စိတ်ဒုက္ခပေးတဲ့ခရိုင်မှူးကတော် ဒေါ်နန်းထွေးညိုတို ့ရဲ ့လုပ်ရပ်ကိုတင်ပြပေးပါတယ်။
ကော့ကရိတ်ခိုင်မှူးမင်းဇော်ဦး

သည်တရားမဝင်ယာဉ်ထိန်းခန် ့အပ်ပြီးဒုရဲအုပ်ဝင်းညွန် ့တပ်ကြပ်ကြီးသန်းထွန်းရဲပြေးအေကာင်လင်းတို ့နှင့် လက်ကိုင်တုတ်ပြူမွေးမြူပြီးတော့လိုင်စင်မဲ့ကားတွေမှာ ၁ စင်းလျှင် ၅ သောင်းကျပ်မှ ၁ သိန်းအထိ ယူ နေတယ်
လိုင်စင်မဲ့၊ဂျူတီမဲ့၊အကောက်ခွန်မဲ့ကားတွေကိုဝါဆိုဦးဘုန်းကြီးကျောင်းလမ်း၊ခိုးလမ်းမှသွားခိုင်းပြီးလိုင်းကြေးပိုတောင်းပါတယ်၊
ရဲအုပ်ဇော်တင့်ကြိုင်ကို နကသလွှတ်ပြီးပေါင်းစားနေကြတယ်။
ခရိုင်မှူး ကို်ယ်တိုင်လိုင်စင်မဲ့ကား ( ဘ/၇၈၈ဝ )စီးနေတော့ရဲကိုယ်တိုင်ဥပဒေချိုးဖောက်နေတော့မြို ့သားအားလုံးကဥပဒေချိုးဖောက်တာလိုက်လုပ်ကြတာပေါ့၊
ငါခရိုင်မှူးဆိုပြီး ခနိမ်းမူဂိတ်ခုမှာ အဆင်း၁ရက်ကိုခရိုင်မှူးအတွက် ၅ သောင်း၊ ရုံးရံပုံငွေ ၅ သောင်း၊ မိ/စည်းအတွက် ၅ ထောင် သွင်းနေရတယ်။ ငွေတွေ ကစာရင်းမပြပဲ ကြိုက်သလိုစိတ်တိုင်းကျလုပ်နေတယ်၊ ခရိုင်မှူး ကိုယ်တိုင်ရုံး ၁၁နာရီမှာတက် ၊၂ နာရီမှာပြန်ဆင်းဆိုတော့ရုံးချိန်မမှန်၊ ရဲတွေနဲ ့စာရေး တွေကထမင်းစားချိန်မမှန်၊အစာအိမ်ရောဂါဖြစ်ပေါ့၊ကျန်းမာရေးထိခိုင်တယ်လေ။
ရဲတပ်ရင်းကခေါ်လာကြတဲ့ဖြိုးဝေထွန်းကိုယာဉ်ထိန်းပေးပြီး လိုင်းသွင်းတယ်။ အိမ်မှာပဲခိုင်းစားတယ်။
တပ်ရင်းကခေါ်လာတဲ့ အောင်ဆန်းဦးကို ကလေးထိန်း၊ ရဲအလုပ်မလုပ်ရဘဲ တပ်ဖွဲ ့လခ ညာစားနေတယ် အိမ်စောင့်ပေါ့၊
ခေါ်လာတဲ့ ရဲတပ်ရင်းကဒုတပ်ကြပ်ဝင်းလှိုင်တော့ အိမ်မှာရေထမ်း ခိုင်း၊အရက်သောက်ခွင့်ပေးပြီးတော့ လူမိုက်မွေးထားတယ်။
ရဲပြေးအောင်လင်းကယူနီဖောင်းမဝတ်၊ရုံးမတ်က၊ဂိတ်ဆင်း၊ကားချိတ်၊ကားပွဲစားလုပ်အရပ်သားလို ခရိုင်မှူးကိုလုပ်ကျွေးပြီးနေရာယူထားတယ်။ရဲတပ်ဖွဲ ့လစာ ညာစားလိမ်စား ကြတယ် အခွင့် အရေးတွေကို သူများ တွေထက်ပိုယူတယ်။
ခရိုင်မှူး ကေတော်ဒေါ်နန်းထွေးညိုကဘုရားစာကိုဓမ္မာရုံမှာလပြည့်၊လကွယ်တိုင်းရွတ်ခိုင်းသူများတွေကိုပဲ နန်းကြီးသုတ်ကျွေးခိုင်း ကိုယ်တိုင်တော့ မကျွေးပဲ၊သူများဟာကိုပဲ၊လိုက်စားနေတယ်။
စားသောက်ပြီးလဲမပြန်ဘူး၊ဓမ္မာရုံထဲမှာပဲနှိပ်ခိုင်းတယ်၊ယပ်ခပ်ခိုင်းတယ်၊ကျွန်တွေလိုဘဲနှိပ်စက် ခိုင်းတယ်။အိမ်မှာလဲလုံးဝမချက်ဘူးမသူဇာ(ယာဉ်ထိန်းအောင်စိန် မိန်းမ)ကိုချက်ပြုတ်ခိုင်တယ် ကျုံဒိုးတပ်ကြပ် အောင်ကြိုင်သမီးကိုအိမ်မှာ အခိုင်းအစေ အဖြစ်ခေါ်ထားတယ်။
နန်းထွေးညိုက ညနေတိုင်း လမ်းလျှောက်ထွက်တွေ ့သမျှ ရဲတပ်ဖွဲ ့ဝင်ဇနီးတွေကို မလိုက်ချင်လဲ နောက်ကတကောက်ကောက်လိုက်ခိုင်း၊ဒုရဲအုပ် ၁ ဦးအိမ်ရှေ့မှာငုတ်တုတ်ထိုင် ၊ မိုးချုပ်မှပြန်တော့အားလုံးအလုပ်ပျက်ကြတယ်တွေ ့ရင် ရှောင်မှဖြစ်မယ်လို ့ပြောပြီး ပုန်းနေကြရတယ်။
နန်းထွေးညိုက ပြောင်းလာတဲ့အချိန်မှာ တပ်ဖွဲ ့ဝင် ဇနီးတွေ ရွှေဝတ်တာမကြိုက်ဘူးလို ့ပြောတော့ မဝတ်ရဲဘဲချွတ်ထားကြရတယ်။ အလွမ်းသင့်သူကိုနေရာပေးပြီးအားလုံးကိုနှိပ်ကွပ်တယ်။
ရဲအုပ်ဇော်တင်ကြိုင်ဇနီး မအေးမြင့် ကအားလုံးကို ပါဝါပြပြီးပါးရိုက်မယ်နားရိုကမယ် ဆဲဆိုကြိမ်းမောင်းလို ့အားလုံးမျက်ရည်ကျဘူးတယ်။ စားဝတ်နေရေးအဆင်ပြေ၊စိတ်ချမ်းသာရင်တော့ နေပျော်တာပေါ့။အခုတော့စားဖို ့အဆင်မပြေ၊စိတ်ဆင်းရဲနေရတော့ပြေးချင်တယ်။နှိပ်စက်အနိုင့်ကျင့်တာရပ်ပါတော့။ကြောက်လို ့တောင်းပန်ပါတယ်။
ကိုယ်ကျိုးစီးပွားတစ်ခုအတွက်အောက်တန်းကျကျလာဘ်ပေးလာဘ်ယူတွင်ကျယ်စွာကျင့်သုံးပြီးဇနီးကသိက္ခာမောက်မာစွာဆက်ဆံပြုမူပါတယ်။

7 comments

  • အေးဝတီ ကြီး

    January 13, 2013 at 8:34 pm

    ငါလည်း ငါတို ့မြို ့က ရဲစုတ်တွေအကြောင်း တင်ပေးရဦး
    မှာကွာ။သိရမှာ အသေအချာ။

    Reply

  • Thu Wai

    January 14, 2013 at 11:31 am

    ဖတ်ရတာ ဗြိတိသျှကိုလိုနီခေတ်ပြန်ရောက်သွားသလိုပဲ

    Reply

  • marga thagyar

    January 23, 2013 at 10:29 am

    Dismiss these unfair police.authorities are biased.

    Reply

  • ကိုသင်း

    February 2, 2013 at 12:54 pm

    အဲ့သလိုအကျင့်ပျက်နေရင် အချိန်ရက်စွဲနဲ့ တိတိကျကျ
    မှတ်သားထားပြိးတိုင်ရမယ် မဟုတ်ရင်ပစ်စာပဲဖြစ်သွားမှာ
    တိတိကျကျနဲ့ သက်ဆိုင်ရာဝန်ကြိးဆိကိုလိပ်မူပြိး ဒေသ
    အာဏာပိုင်တွေဆိကို မိတ်တူပေးသင့်ပါတယ်

    Reply

  • Thet Aung

    February 5, 2013 at 1:52 am

    ကျွန်တော့်ဆီမှာတော့ အတိအကျရှိတယ်။ ဒီလိုမှန်းသာ စောစောကသိရင် ငါ့တို ့မြို ့မှာခံနေကြရတဲ့ ပြည်သူ
    တွေအတွက် ဒီမှာတင်ပေးပါတယ်။ခုမှသိတာနောက်ကျတယ်။

    Reply

  • myanmar oscar

    February 7, 2013 at 2:08 pm

    တကယ်ဟုတ်နေရင်တော့အရေးယူသင့်တဲ့ အမှုတွေပေါ့

    ဒါပေမဲ့တစ်နိုင်ငံလုံး
    မှာလဲဖော်ထုတ်သင့်ပါတယ်

    Reply

  • mintonemin

    February 24, 2013 at 2:16 pm

    I don’t like police

    Reply

Leave a Reply to Thu Wai Cancel Reply

Your email address will not be published.