ဆုရပို့စ်များအပေါ် ဆရာ ဦးအောင်သင်းပေးသော မှတ်ချက်များ – အောင်သင်း

black chawJanuary 10, 20131min031

အောင်သင်း၏ မုဒိတာ စကား

မန္တလေးဂဇက် ဝက်ဆိုက်၏ ဆုရဝတ္ထုတိုများကို ကျွန်တော်သေချာ ဖတ်ကြည့်ပါသည်။
ဖတ်ကြည့်နေရင်း ရင်တွင်းက ကျေနပ်နေမိသည်ကို ဝန်ခံပါသည်။
သူတို့အားလုံး စာစိတ်ပေစိတ်ရှိကြသည်ဟု ဆိုခြင်းထက်
မေတ္တာစိတ်၊ ကရုဏာစိတ်၊ မုဒိတာစိတ် ရှိနေကြသည်ဟု ကျွန်တော် ဆိုလိုက်ချင်ပါသည်။
သူတို့အားလုံး ထိုစိတ်ကိုမွေးလျက် ဆက်လက်ရေးသားကြမည်ဆိုလျှင် ကလောင်စွမ်းထက်လာကြလိမ့်မည်ဟု ကျွန်တော် ယုံကြည်မိပါသည်။
ဆက်လက်ပြီး ဝတ္ထုတိုတွေ ရေးသားကြပါဦးဟုလည်း တိုက်တွန်းလိုက်ရပါသည်။
အောင်သင်း

2012 July အကောင်းဆုံး ပို့စ်ပိုင်ရှင် ဝင့်ပြုံးမြင့် ၏
၄ဝ ကျော် ကျွန်မ၏ အသည်းကွဲတမ်းချင်း ပို့စ်အပေါ် ဆရာ ဦးအောင်သင်း ၏ မှတ်ချက်…။


အသည်းကွဲတမ်းချင်းကိုဖတ်ပြီးနောက် စာဖတ်သူပါ အသည်းကွဲချင်သလိုလို ဖြစ်လာသည်။
ဈေးထဲမှာ တွေ့ရသော ငါးပိ၊ ငါးချဉ်၊ မျှစ်နီ၊ မျှစ်ဝါ ကိစ္စတွေကို ရေးသွားလိုက်သည်မှာ
တွေးလို့ မဆုံးနိုင်အောင် ဖြစ်လာသည်။
နောက်ဆုံးပိတ် မထင်မှတ်ပဲ ဘုန်းကြီးကျောင်းထဲက ကိုရင်ကလေးတွေ တီဗီ အာရုံပွားနေသည်ကို ပြောပြီး အဆုံးသတ်လိုက်တော့
ငါတို့လောကကြီး ဘာတွေ ဖြစ်နေကြပြီလည်း ဟူသော
မေးခွန်းက စာဖတ်သူရင်ထဲတွင် ရိုက်ခတ်လာသည်။
စာဖတ်သူအား မထင်မှတ်ပဲ မေးခွန်းထုတ်လိုက်သော ဝတ္ထုတိုကလေး ဖြစ်သည်ဟု ဆိုသင့်ပါသည်။

2012 August အကောင်းဆုံး ပို့စ် ပိုင်ရှင် အောင်မိုးသူ ၏
ပျံကျဈေးထဲက မုန့်ဟင်းခါးဆိုင် ပို့စ်အပေါ် ဆရာ ဦးအောင်သင်း ၏ မှတ်ချက်…။

ကျွန်တော်တို့လို စာဖတ်သူများ မတွေးမိ မမြင်မိသော အတွေးအမြင်များကို ရေးသွားသော ဝတ္ထုတိုကလေးဖြစ်သည်။
မထင်မှတ်သော အလှည့်အပြောင်းကလေးများ ပါနေသည်။
လူတို့၏ လောဘ၊ မောဟ ကိုလည်း ဖေါ်ပြနိုင်သည်။

2012 September အကောင်းဆုံး ပို့စ် ပိုင်ရှင် ကြီးမိုက် ၏
ထောင်ထွက်ကြီးမိုက် ပို့စ်အပေါ် ဆရာ ဦးအောင်သင်း ၏ မှတ်ချက်…။

အကြောင်းအရာအားဖြင့် ဘာမှမဟုတ်…ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘဲလျက် အသေးအဖွဲကလေးကို အခြေပြုလျက် အကြီးအကျယ်မှတ်ချက်တစ်ခုကို ပေးသွားနိုင်ပါပေသည်။ သို့သော် ဇာတ်လမ်းအကြောင်းအရာတွေကို ဆက်ကာဆက်ကာ ပြောပြသွားသည်မှာ သူ၏ ကလောင်စွမ်းရည်ဟု ဆိုသင့်ပါသည်။ အထူးသဖြင့် ငါးရှာနည်း၊ ငါးဖမ်းနည်း တွေကို
ကျွန်တော်တို့လို လူတွေက မပြောနိုင်ပါ။
သူမို့ ပြောနိုင်ခြင်း ဖြစ်ပါသည်။
ကလောင်စွမ်းရည်မြင့်သော သူဟု ဆိုနိုင်ပါသည်။

2012 October အကောင်းဆုံး ဆုရှင် မိုချို ၏
အစားမတော်တစ်လုတ် ပို့စ် အပေါ် ဆရာဦးအောင်သင်း ၏ မှတ်ချက်…။

မထင်မှတ်ပဲ ကောင်းလာသော ဝတ္ထုတိုကလေး ဖြစ်သည်။
အရိုးမြက်သော လည်ချောင်းကလေးကို အကြောင်းပြု၍
မိဘမေတ္တာအကြောင်းကို ဖွဲ့သွားသည်မှာ ချစ်စရာ လေးစားစရာကောင်းလှပါသည်။
စာဖတ်သူကို သဲထိတ်ရင်ဖို ဖြစ်အောင် ရေးသွားပြီးမှ
သဲအေးရင်အေး စိတ်ချမ်းသာ အောင် ရေးသွားနိုင်ပါပေသည်။

2012 November အကောင်းဆုံးဆုရှင် ဦးကျောက်ခဲ ၏
အာဝေနိက ချစ်ဒုက္ခ ပို့စ် အပေါ် ဆရာ ဦးအောင်သင်း ၏ မှတ်ချက်…။

ဟာသနှော၍ ရယ်ကာမောကာ ပြောသွားသော်လည်း ထိုပြောသံများ နောက်က ပါလာသော မေတ္တာတရား၏ အသံကို မကြားပဲ နေလို့မရ
ကြားမိအောင် ကြားနေရသည်။
ဖြစ်ပုံပျက်ပုံ အလုံးစုံကို စကားတင်းဆိုနေရင်း ၅၂၈ မေတ္တာကို
ပေါ်လွင်အောင် ရေးသွားသော ဝတ္ထုတိုကလေး ဖြစ်သည်။
အလွန်ကို အရေးရခက်သော ဝတ္ထုမျိုးဖြစ်သည်။
စာဖတ်သူအဖို့ စာရေးသူ ဦးကျောက်ခဲကို သနားမေတ္တာစိတ် ဝင်လာမိသည်ကို ဝန်ခံရပါလိမ့်မည်။

အောင်သင်း

31 comments

  • ခိုင်ဇာ

    January 10, 2013 at 11:28 am

    ကိုဘလက် ဒီစာမြင်မှ ဟိုဘက်မှာ ကွန်ဂရက်ကျူလေးရှင်းသွားမလုပ်ရသေးဘူး ဆိုတာ သတိရလာပြီ။
    ဆရာအောင်သင်းက ဖတ်ပြီး မှတ်ချက်အပေးခံရတဲ့ ပို့(စ) ပိုင်ရှင်တွေ ကိုယ်စား အရမ်းဝမ်းသာစရာပါပဲ။
    အင်မတန် လေးစားခဲ့ရတဲ့ ဆရာကြီးမို့ပါ။
    အဟော၊ အပြော၊ စကားလုံး အသုံးအနှုန်း တော်တော်ကောင်းတဲ့ ဆရာလည်းဖြစ်ပါ၏။
    :hee:

    Reply

  • ဦး ကျောက်ခဲ

    January 10, 2013 at 11:40 am

    ဆရာ ဦးအောင်သင်းပေးတဲ့ မှတ်ချက်များကို တကူးတက တင်ပေးတဲ့ ကိုဘလက်ကြီး….. ကျေးဇူးပါဗျာ..

    ခက်တယ်…ခက်တယ်….
    သူများတွေ သနားကြပေမယ့် တစ်ယောက်သောသူကလေးကဖြင့်
    သနားမေတ္တာစိတ်ကလေး “၁၅၀ဝပြည့်အောင်” မထားနိုင်သေးပါဘူး…..တဲ့
    :harr:
    ဟီဟိ…. သူကြီး ရွာသူရွာသားတွေ လူစင်စစ်ဖြစ်မှန်း သိသွားပြီ…

    Reply

  • Mon Kit

    January 10, 2013 at 11:42 am

    ဆရာအောင်သင်း မှတ်ချက်အားလုံး အရမ်းသဘောကျတယ်…
    ဆရာလို မှတ်ချက်ပြု နိုင်အောင် ကြိုးစားမယ်ကွာ…

    Reply

  • kai

    January 10, 2013 at 11:45 am

    အဲဒီ သချင်္ာအပေါင်းက.. ဒီရက်ပိုင်းလူမဟုတ်တဲ့သူတွေ.. ရွာထဲအဝင်များနေသလားရယ်လို့.. စစ်တာပါ..။
    တကယ်စစ်တာက..ရွာသူားအဖြစ်မှတ်ပုံတင်တဲ့နေရာမှာ..
    ဘယ်ကဘယ်လို..ကော်မန့်ထဲအထိခြေထောက်ပေါက်ရောက်လာသလဲမသိ..

    ဆိုတော့…
    စကာတင်ကျန်ဆုရတွေထဲကနေ.. တပုဒ်ကို.. သတင်းစာထဲပုံနှိပ်ဖေါ်ပြဖို့..ရှိပါတယ်..
    ရွာကွန်ဖရင့်န်အမှီ.. လေဒီခိုင်ရွေးမယ်ဖြစ်ပါကြောင်း.. :harr:

    Reply

  • မောင့်ကျက်သရေ ဂီ့

    January 10, 2013 at 11:45 am

    ဟာဂျာ …သဂျီးမင်း ဂဏန်းဟင်းချက်တာ … မဆလာနံ့လေး ကို သင်းနေတာပဲ..
    ဗိုက်ဆာလာဘီ …ဟီဟိ…

    :harr:

    Reply

  • surmi

    January 10, 2013 at 11:46 am

    ကိုဘလက်ရဲ ့ ကြိုးစားအားထုတ်မှုက တကယ် ့ကို လေးစားစရာပါ
    ရွာအပေါ်မှာ ဘယ်လောက် သံယောဇဉ်ရှိတယ်ဆိုတာ ပြလိုက်တာပါပဲ ။
    ဆရာကြီးဦးအောင်သင်းကိုလည်း မအားတဲ ့ကြားက ဖတ်ပေး
    မှတ်ချက်ပြုပေးတာဖြင် ့ အထူးကျေးဇူးတင်ပါကြောင်း အားလုံးကိုယ်စား
    အရင်ပြောလိုပါတယ် ။
    ကိုဘလက်လိုလူမျိုး ဖတ်ရွေးမှာ ဆက်ရှိနေပေးဖို ့လိုပါတယ် ။

    Reply

  • ဆရာအောင်သင်းရဲ့ မှတ်ချက်လေးတွေ ဖတ်အပြီး
    ရွာကြီးအတွက် ဂုဏ်ယူမိသဗျို့ …။
    ဒီလို မှတ်ချက်တွေကို ပြန်တင်ပေးတဲ့
    ဦးဘလက်ကြီးကိုလည်း ကျေးဇူးတင်သဗျို့ …..။
    (ဦးဘလက်ကြီး ကျုပ်အပေါ် ကျေးဇူးချိတွားဗီနော် .. :mrgreen: )

    Reply

  • kyeemite

    January 10, 2013 at 1:42 pm

    ကိုဘလက်ရေ…ဘယ်လိုစကားလုံးမျိုးနဲ့ ကျေးဇူးစကားဆိုရမယ်မသိတော့ပါ..
    ကိုဘလက်ရဲ့ အိုင်ဒီယာနဲ့ စွမ်းဆောင်ပေးမှု့လေးကို အားလုံးကိုယ်စားကျေးဇူးတင်ပါတယ်ဟူ၍သာ…
    ဆရာကြီးဦးအောင်သင်းရဲ့ မှတ်ချက်ကိုဒီအချိန်မှာတင်ပေးလာတော့….
    ကျနော်..ကျနော်..ကျနော်…မထိန်းနိုင်တော့ဘူးဗျာ…
    :byae: :byae: :byae:

    Reply

  • ကိုချောရေ
    ဆရာအောင်သင်းရဲ့မှတ်ချက်ယူပေးနိုင်တာ ကောင်းမှကောင်းပါဘဲ။

    Reply

  • Shwe Ei

    January 10, 2013 at 2:23 pm

    လေးဘလက်တယောက် ရွာအတွက် တမျိုးပြီးတမျိုး မရိုးရအောင်
    ကြိုးစားပေးတာကို လေးစားမိကြောင်းပါဗျာ။

    Reply

  • MaMa

    January 10, 2013 at 2:34 pm

    တံခါးမှုးကြီးကတော့ ဂဇက်ရွာကို အဆင့်မြှင့်တင်ပေးလိုက်ပြီ။
    စာဖတ်ပြီးမှတ်ချက်ရေးပေးတဲ့ ဆရာကြီးဦးအောင်သင်းကို ကျေးဇူးတင်ပါတယ်။
    ဆရာကြီးဆီက မှတ်ချက်ရယူပေးတဲ့ ကိုဘလက်ကြီးကို ကျေးဇူးတင်ပါတယ်။
    ဆုရပိုစ့်ပိုင်ရှင်များအတွက်လည်း ဝမ်းသာဂုဏ်ယူပါတယ်။

    တစ်ခါက (ကြာပြီ) ဂျာနယ်တစ်ခု (ဘယ်ဂျာနယ်မှန်း မမှတ်မိ) မှာ ဖတ်ဖူးတဲ့ ဆရာကြီးဦးအောင်သင်းရဲ့ သခင်စိတ်နဲ့ကျွန်စိတ် ဆိုတဲ့ ဆောင်းပါးမှာ သခင်အောင်သင်း ဆိုပြီး ရေးသွားတာ အလွန်သဘောကျလို့ အဲဒီကစပြီးဆရာကြီးကို လေးစားသွားတာ။ :hee:

    Reply

  • အရီးခင်လတ်

    January 10, 2013 at 3:23 pm

    အချိန်ပေးပြီး ကျွန်မတို့ ရွာအတွက် မှတ်ချက်တွေ ဝင်ချီးမြှင့် ပေးသွားလို့ အံ့ဩပြီး ဘယ်လိုပြောရမယ် မသိအောင် ဆရာကြီးဦးအောင်သင်း ကို ကျေးဇူးတင်ပါတယ်။

    ကိုဘချောရေ
    ဆရာကြီးကို ပါ ကျွန်မတို့နဲ့ ဝင်ဒုက္ခယူစေလို့ ကျေးဇူး အများကြီး တင်ပါတယ်။
    ဒါပေမဲ့ ကျွန်မ သိပါတယ်။
    အဲဒါဟာ ချိုမြိန်တဲ့ ဒုက္ခ လို့ ဆရာကြီး ထင်မှာပါ။
    ကျွန်မတို့လိုပေါ့။

    ရွာသူ/သား တွေရေ
    တောင့်ထားကြဟေ့နော်။
    မြန်မာပြည်ကြီး အမှန်လွတ်လပ်ချိန်မှာ မြန်မာပြည်က အမှန်လွတ်လပ်စွာ၊ စည်းကမ်းရှိစွာ၊ လူသားချင်းစာနာစွာ ရပ်တယ်ပေးမဲ့ အွန်လိုင်း ကွန်မြူနတီ အဖွဲ့ကြီး ဖြစ်အောင်လို့။
    ပါဝင်နေကြတဲ့ သဲတစ်ပွင့် ၊ နှမ်းတစ်စေ့ အားလုံး သူ့နေရာနဲ့သူ တန်ဖိုးရှိပါတယ်။
    ကြယ်ငါးလေးတွေ ကမ်းခြေမှာ မရှိတော့တဲ့အထိ စား (အဲ မှားလို့) ပိုအားထည့်ပြီး ဝိုင်းပစ်ပေးကြ စို့။
    ပင်လယ်ထဲကိုနော်။ ကမ်းဘက်ကိုမဟုတ်ဘူး။
    😆

    Reply

  • Foreign Resident

    January 10, 2013 at 3:33 pm

    ကိုဘလက် ရဲ့ စွမ်းဆောင်မှုအတွက် ၊
    ကျေးဇူးပါပဲဗျာ ။

    Reply

  • ဦးဦးပါလေရာ

    January 10, 2013 at 4:10 pm

    ဆရာကြီးဦးအောင်သင်း ဆိုတာ အသက် ၈ဝ ကျော်သွားပြီဖြစ်ပြီး (ထင်တာ) စာပေလောကရဲ့ ဦးစီးဦးဆောင် ဆရာကြီးတဆူပါ..။
    အချိန်အားအချိန်ပို မရှိသလောက်နီးပါး ပါ။
    ကျုပ်တို့ရွာရဲ့ ဆုရစာမူလေးတွေကို အချိန်ပေး အားစိုက်ပြီးဖတ်ပေးခဲ့တာကို ကျေးဇူးတင်လို့မဆုံးပါကြောင်း ….။

    ဆုရစာမူလေးတွေအတွက် ဆရာကြီးရဲ့မှတ်ချက်တွေ ရယူပေးခဲ့တဲ့ ကိုဘလက်ချောကိုလဲ ကျေးဇူးတင်လှပါတယ်…။
    သူ စ ပျိုးခဲ့တဲ့အပင်ကို ပွင့်အောင် ၊ သီးအောင်၊ ကြီးအောင်၊ မြင့်အောင် အခုထိ ရတတ်သရွေ့အားထုတ်နေဆဲပဲ ဆိုတာလေးကိုလဲ သက်သေပြလိုက်သလိုပါ။

    Reply

    • aanyar thar

      January 10, 2013 at 6:43 pm

      ဘဘဆရာကြီးဦးအောင်သင်း၏ သက်တော်မှာ…လာမည့် ၂၀၁၃.၄.၁ရ ရက်နေ့တွင်…၈၆ နှစ်တိ့တိ့ ပါ..အညာသား၏ အဖိုးထက် ၆ နှစ်တိ့တိ့်ကြီးပါကြောင်း…ဘဘဆရာကြီးအားလေးစားမှု့ဖြင့် မှတ်မိ့နေပါ၏…ဆရာကြီး၏စာအုပ်များ..ဖတ်ရှု့လိုသူများ..ကော်ပီဆွဲ ပို့ပေးခြင်းဖြင့် ကူညီလိုပါ၏..

      Reply

  • မိုချို

    January 10, 2013 at 5:51 pm

    ဦးဘလက် ရေ
    လုံး ဝ ထင်မှတ်မထားတဲ့ ချီးမြှင့် မှု လေး ပါလား။ လေးစား အားကျ ရင်းစွဲ ရှိပြီးသား ဆရာဦးအောင်သင်း လို ဝါရင့် ဆရာကြီး တစ်ယောက် ရဲ့ ရှားပါး တဲ့ အချိန်တွေ ထဲက နေ ဖဲ့ ပေးတဲ့ တန်ဖိုး ရှိတဲ့ မှတ်ချက် လေးတွေ ယူ ပေး နိုင်တာ ကို က ဦးဘလက် ရဲ့ အရှိန်အဝါ လည်း မသေးဘူး ပဲ။
    မိုချို ့ လို ပမွှား ဝါသနာရှင် လေး ရဲ့ စာမူအပါဝင် ဆုရ စာမူ တွေကို တကူးတက မှတ်ချက် ချ ပေးတဲ့ ဆရာကြီးဦးအောင်သင်း ကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ကျေးဇူးတင် သလို အဲဒီလို စိတ်ကူးကောင်းလေးကို အကောင်ထည်ဖေါ် ပေးနိုင်တဲ့ ရွာရဲ့ တံခါးစောင့် ကြီး ဦးဘလက် ကိုလည်း အထူးပဲကျေးဇူးတင်မိပါတယ်။
    စာရေး ပျင်းတဲ့ မိုချို့ အတွက်လည်းစာတွေ ဆက်ရေး ဖြစ်ဖို့ တွန်း အား တွေ ပါပဲ။အပြင် သွားနေရင်း ဖုန်းထဲက ဖတ်ရတာ အံ့ဩ ဝမ်းသာ လွန်းလို့ လမ်းလျှောက်တာတောင် မြေကြီးနဲ့ မထိသလို ခံစားရတယ်။ အိမ်ရောက်ရောက် ချင်း စက်ဖွင့် ပြီးရေးလိုက် ရတဲ့ ကွန်မန့် ပါ။

    Reply

  • ဦးဘလက်ရှင့် အခုလိုဆရာကြီးဦးအောင်သင်းရဲ့ မှတ်ချက်ကို ယူပေးနိုင်စွမ်းရှိတဲ့အတွက် အရမ်းကို လေးစားမိတယ်ရှင်။ဂလောက်အလုပ်များတဲ့ကြားက အခုလိုအချိန်ပေးဖတ်ပေးတဲ့ ဆရာကြီးရဲ့စိတ်ထားကလည်း အရမ်းလေးစားဆရာပါ။
    ကျွန်မတို့လည်း ဆရာကြီးတို့လို လူမျိုးရဲ့မှတ်ချက်တွေရရှိဖို့ ကြိုးစားသည်ထက်ကြိုးစားရေးးသွားပါဦးမယ်။
    မှတ်ချက်အပေးခံရတဲ့ဆုရတွေအစား ကျွန်မတော့ တော်တော်လေးအားကျမိတယ်ရှင် တကယ်ပါ။
    ကျွန်မလည်း ရချင်တယ်။အမှန်ပြောတာပါ. 528:

    Reply

  • အလင်းဆက်

    January 10, 2013 at 8:00 pm

    အိုး….
    ဆရာဦးအောင်သင်း ကိုယ်တိုင်..
    အသိအမှတ်ပြု.ခံရတဲ ့..ဂဇက် စာမူလေးတွေ..ဆိုတော့…
    ဝမ်းသာ စရာပါပဲဗျို ့

    လေးလေးဘလက်ရေ…
    ကျေးကျေး

    Reply

  • Mr. MarGa

    January 10, 2013 at 8:14 pm

    ရွာအဆင့်
    တစ်ခါမြင့်ပြန်ပေါ့
    ထပ်ခါလေ မြင့်နိုင်စေဖို့
    ရွာသူားတို့ရေ
    ကြိုးစားပါစို့

    Reply

  • padonmar

    January 10, 2013 at 9:32 pm

    အကြော်စုံပါ ကိုဘလက်
    ကဲကဲကျေနပ်ပြီ။
    Motivation လေးကျချင်နေတာ ပြန်တက်ပြီး အားရှိသွားပါတယ်။

    ဆရာကြီး ဦးအောင်သင်းကိုလည်း ကျမတို့ ရွေးထားတဲ့ လက်ရာမွန်လေးတွေကို အချိန်ပေးဖတ်ရှုပြီး ချီးကျူးအားပေးတဲ့အတွက်
    ကျေးဂျူးကမာ္ဘပါလို့ ပြောပေးပါနော်။

    Reply

  • pooch

    January 10, 2013 at 9:32 pm

    အော်.. ကိုဘလက်တို့များ လမ်းမပေါ်ရောက်နေတာတောင် ရပ်ရေးရွာရေးအတွက်ဆို အားသွန်ခွန်စိုက် ကြိုးစားပေးတယ်။
    ကျေးဇူးတင်ပါတယ်။ ရွာကို ဒီလိုမျိုး အဆင့်မြှင့်ပေးတဲ့ အတွက် တကယ်ပါ။ မှတ်ချက်ပေးတဲ့ ဆရာအောင်သင်းကိုလည်း အထူး ကျေးဇူးတင်ပါတယ်။

    Reply

  • uncle gyi

    January 10, 2013 at 10:06 pm

    ဆရာကြီးဦးအောင်သင်း
    ကိုယ်တိုင်ပေးမှတ်ချက်တွေနဲ့
    ရွာ့ကျက်သရေတိုးပါလို့
    ကျေးဇူးလည်းအထူးတင်ပါသနော်
    မှတ်ချက်ပေးသူဦးအောင်သင်း
    ရှာဖွေတင်ပေးသူကိုဘလက်
    သူကြီးသွေးနာထင်မရောက်နဲ့
    အဟုတ်ကိုဂုဏ်ယူစရာပါလို့

    Reply

  • ဦးကြောင်ကြီး

    January 11, 2013 at 10:05 am

    ဆရာအောင်သင်း
    လာမောင်ကင်း
    ရာထောင်ခွင်း
    အာပေါင်ဝင်း
    စာရောင်လင်း
    ညာကောင်ရှင်း
    မာပြောင်တင်း
    ဒါဘောင်ချင်း…။

    Reply

  • manawphyulay

    January 11, 2013 at 2:19 pm

    ဒီဆုပိုစ်တွေကို ပေါင်းစုပြီး စာအုပ်တစ်အုပ်ထုတ်မယ်ဆိုရင် တကယ့်အနှစ်တွေ ဖတ်ရပြီး မေးခွန်းပေါင်းများစွာ ပေးစွမ်းနိုင်သော ဇာတ်လမ်းကောင်းများဖြစ်ပါသည်။ ဆရာ ဦးအောင်သင်းရဲ့ မှတ်ချက်တွေကြောင့်လည်း အလွန်ဝမ်းသာမိပါတယ်ရှင်။

    Reply

  • Green Rose

    January 11, 2013 at 2:39 pm

    ဦး Blackchaw ရေ
    ဆရာဦးအောင်သင်းက ဆုရပို့စ်တွေကိုပဲ မှတ်ချက်ပေးသွားပေမယ့် Green Rose ကတော့ ဒီပို့စ်တွေဟာ မန္တလေးဂဇက် တစ်ခုလုံးကို ကိုယ်စားပြုနေတာမို့ Green Rose တို့ ရွာသူရွာသားအားလုံးအပေါ် မှတ်ချက်ပေးသွားတယ်လို့ ခံယူပါတယ်။
    ဆရာဦးအောင်သင်းပြောသွားသလိုပဲ မေတ္တာစိတ်၊ ကရုဏာစိတ်၊ မုဒိတာစိတ်တွေကို မရှိသေးရင်လည်း ရှိအောင်၊ ရှိပြီးသားကိုလည်း ပိုများလာအောင်၊ ကြိုးစားပါဦးမယ်။
    ဆရာဦးအောင်သင်းရဲ့ မှတ်ချက်တွေကို ရအောင်ကြိုးစားပေးခဲ့တဲ့ ဦး Blackchaw ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်…

    လေးစားလျှက်
    (Green Rose)

    Reply

  • Nyein Nyein

    January 12, 2013 at 3:31 pm

    လေးဘလက်ရေ………… အခုလို ဆရာကြီးဦးအောင်သင်းရဲ့ ဆုရပို့စ်တွေအပေါ် ဝေဖန်ချက်တွေကို ရအောင်ကြိုးစားပြီး ပို့စ်ပြန်တင်ပေးတဲ့အတွက် ကျေးဇူးပါ။ ဝေဖန်ပေးတဲ့ ဆရာကြီးကိုလည်း ကျေးဇူးပါ။ အခုလိုမျိုး ဆရာကြီး ဦးအောင်သင်းဆီက သင်ထောက်ကူတွေရသွားပြီဆိုတော့ နောက်ဆိုရင် ရွာထဲမှာ ဒီ့ထက်ကောင်းတဲ့ လက်ရာတွေကိုတွေ့ရတော့မှာပဲလို့ အားခဲပြီး မျှော်လင့်နေပါကြောင်း…………………….

    Reply

  • အဖျက်အမှောင့်တွေရှိခဲ့သော်ငြားလည်း
    ကျနော်တို့ အားလုံး တရွေ့ရွေ့နဲ့ ရှေ့ဆက်တိုးကြရအောင်ဗျိုး

    Reply

  • မောင်ထက်ကြီး(မုံရွာ)

    January 12, 2013 at 4:05 pm

    လေးဘလက်ရေ……ရွာအတွက်ဂုဏ်ယူပါတယ်ဗျာ…

    Reply

  • ရွှေ ကြည်

    January 12, 2013 at 8:12 pm

    တကယ်ကိုဝမ်းသာပီတိဖြစ်ရပါတယ် ဒီလိုစာရေးဆရာကြီးက ဒီရွာကစာရေးသူတွေကို ဒီလိုလေးတွေမှတ်ချက်ပေးတာတွေ့ရတော့ ရွာသူဖြစ်ရတာ ဂုဏ်ယူမိတယ်။

    Reply

  • ကိုရင်စည်သူ

    January 12, 2013 at 8:13 pm

    လေးဘလက်ရေ… ဒီလိုမျိုး လေးစားရတဲ့ ဆရာကြီးတစ်ဦးက
    ဆုရသူတွေကို မှတ်ချက်ပေးတာ သူရို့အစား ကိုရင် ဂုဏ်ယူ
    ဝမ်းသာမိပါတယ်ခင်ဗျာ…
    လေးဘလက်..က ဘယ်ရောက်ရောက်ဘာလုပ်လုပ် ရွာအကျိုးရှိမယ့်
    ကိစ္စတွေကို အမြဲ စဉ်းစား တွေးတောပေးနေသူပါဗျ….
    ရွာရဲ့ တွေ့ဆုံဆုပေးပွဲလည်း မအားတဲ့ကြားက လာစေချင်ရဲ့..
    ရွာတံခါးမှူးကြီး လေးဘလက်ရှိမှ ဒီပွဲဟာ ပိုပြီး စည်ကားသိုက်မြိုက်မယ်
    ယုံကြည်တယ်ဗျာ…
    ညနေပိုင်းပလန်တွေရှိရင်ဖြင့် အနော့်အတွက်ပါ ပိုသောက်ပေးခဲ့နော်.. ဟဲဟဲ.. :mrgreen:

    Reply

  • kyu

    January 13, 2013 at 11:20 am

    ဂုဏ်ယူ ဝမ်းမြောက်ရပါတယ်။

    Reply

Leave a Reply to MaMa Cancel Reply

Your email address will not be published.